ပြီးခဲ့တဲ့ နှစ် ပထမ ကွာတားဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်း ဥရောပမှာ ရောင်းချခဲ့တဲ့ စွမ်းရည်သင့် ဖုန်းတွေမှာ 5G မပါကြပါဘူး။ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာတော့ ၂၀ ရာခိုင်နှုန်းမှာ 5G ပါလာကြပါတယ်။ ဒီနှစ် ပထမ ကွာတားမှာ စွမ်းရည်သင့် 5G ဖုန်းတွေ ပေါများလာပြီး ဥရောပမှာ ဒေါ်လာ ၂၅၀ နဲ့ ၅၀၀ အတွင်း ရောင်းချတဲ့ စွမ်းရည်သင့် ဖုန်း ထက်ဝက်မှာ 5G ပါလာကြတယ်လို့ Counterpoint Research က ပြောပါတယ်။

Counterpoint: half of mid-rangers sold in Europe support 5G, but Huawei's departure increased prices

ဥရောပမှာ အဲဒီ စွမ်းရည်သင့် ဖုန်းတွေအပြင် ဒေါ်လာ ၅၀၀ နဲ့ ၇၀၀ အတွင်း ရောင်းချတဲ့ ဈေးသင့် စွမ်းရည်မြင့် ဖုန်းတွေကြောင့်လည်း စမတ်ဖုန်း ရောင်းအား ပြီးခဲ့တဲ့ နှစ်က တိုးတက်ခဲ့တာပါ။ Counterpoint Research ရဲ့ လေ့လာဆန်းစစ်သူတွေက ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းနေချိန်မှာ ဒေါ်လာ ၂၅၀ နဲ့ ၅၀၀ အကြား၊ ဒေါ်လာ ၅၀၀ နဲ့ ၇၀၀ အကြား စမတ်ဖုန်းတွေဟာ ရောင်းအားကောင်းနေဆဲလို့ ပြောပါတယ်။ အခုဆိုရင် ဒေါ်လာ ၂၅၀ အောက် ဖုန်းတွေ ပစ္စည်းပြတ်နေတယ်လို့သိရပါတယ်။

Qualcomm Snapdragon 778G for mid-range 5G Android phones launched -  VNExplorer

Xiaomi , OPPO နဲ့ OnePlus တို့ဟာ အရင်နှစ် ကွာတား ၁ ထက် ဒီနှစ် ကွာတား ၁ မှာ ရောင်းအား ၄ ပုံပုံ ၁ ပုံ တိုးတက်လာခဲ့ပါတယ်။ စွမ်းရည်သင့်နဲ့ ဈေးသင့် စွမ်းရည်မြင့် ဖုန်းတွေရဲ့ ၃ ပုံပုံ ၁ ပုံဟာ အဲဒီ ကုမ္ပဏီ ၃ ခုကနေ ရောင်းချထားတာပါ။

ဒါဟာ Apple နဲ့ Samsung အတွက် စွမ်းရည်သင့်နဲ့ ဈေးသင့် စွမ်းရည်မြင့် ဖုန်းဈေးကွက်မှာ ဖိအားတွေ ပိုများလာစေတာပါ။ ဒါပေမယ့် Counterpoint Research က စွမ်းရည်မြင့် ဖုန်း ဈေးကွက်မှာလည်း Xiaomi , OPPO , OnePlus , realme နဲ့ Vivo တို့ကို လူကြိုက်များလာတဲ့အတွက် Apple နဲ့ Samsung တို့အတွက် မျက်ခုံးလှုပ်စရာလို့ သုံးသပ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ Apple နဲ့ Samsung ကို ယှဉ်ပြိုင်ဖို့အတွက် စွမ်းရည်မြင့် Foldable ဖုန်းတွေကို ဖန်တီးနေကြပါတယ်။

Ref : gsmarena