[Unicode]

စမတ်ဖုန်း နယ်ပယ်ဟာ 5G ကြောင့် တော်တော် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတော့မှာပါ။ ၂၀၂၀ မှာ 5G စမတ်ဖုန်းတွေ အုပ်စိုးတော့မှာ ဖြစ်ပြီး ကုမ္ပဏီတွေက အနည်းဆုံး 5G ဖုန်း ၁ လုံး ထုတ်လုပ်ကြဖို့ အလားအလာရှိနေပါတယ်။ အခုတော့ Counterpoint Research က ကုမ္ပဏီတွေရဲ့ လာမယ့်နှစ် 5G ဖုန်း ရောင်းအားကို ခန့်မှန်းတွက်ချက်ထားတဲ့ စစ်တမ်းကို ပြသလိုက်ပါတယ်။

စစ်တမ်းအရ Huawei နဲ့ Honor Brand ၂ ခု ပေါင်းရောင်းအားဟာ အများဆုံး ဖြစ်နေပါတယ်။ အဲဒီအတွက် လာမယ့်နှစ် 5G ဖုန်း ဈေးကွက်ကို Huawei က ဦးဆောင်နိုင်ပါတယ်။ လာမယ့်နှစ်မှာ ပထမဆုံး 5G ဖုန်းတွေ ထုတ်မယ့် Apple က နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပါတယ်။ Samsung က နံပါတ် ၃ နေရာမှာ ရှိနေပြီး လာမယ့်နှစ်မှာ 5G ဖုန်းများစွာ ချပြမယ်လို့ ထင်ပါတယ်။ ကုမ္ပဏီက စွမ်းရည်မြင့် အပြင် စွမ်းရည်သင့် 5G ဖုန်းတွေကိုပါ ထုတ်လုပ်ရောင်းချမှာပါ။

BBK ရဲ့ ကုမ္ပဏီခွဲတွေ ဖြစ်တဲ့ OPPO နဲ့ Vivo တို့က နံပါတ် ၄ နဲ့ ၅ နေရာကို ရယူထားပြီး Xiaomi က နံပါတ် ၆ နေရာမှာ ရှိနေပါတယ်။ LG , OnePlus , Google နဲ့ Motorola တို့က 5G ဖုန်း ရောင်းအား အကောင်းဆုံး ထိပ်ဆုံး ကုမ္ပဏီ ၁၀ ခုစာရင်းမှာ ပါနေပါတယ်။

Counterpoint Research က ၂၀၂၀ မှာ 5G စမတ်ဖုန်း ရောင်းအားဟာ တစ်ကမ္ဘာလုံးမှာ အလုံးရေ သန်း ၂၇၀ ကျော်မယ်လို့ တွက်ချက်ထားပါတယ်။ အဲဒီ သုတေသနအဖွဲ့အစည်းက 5G စမတ်ဖုန်းတွေ ထိုးဖောက်မှုဟာ ၂၀၁၉ မှာ ၁ ရာခိုင်နှုန်းပဲရှိပေမယ့် ၂၀၂၀ မှာ ၁၅ ရာခိုင်နှုန်း ရှိလာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Ref : gizmochina

[Zawgyi]

၂၀၂၀ မွာ 5G ဖုန္း ေစ်းကြက္ကို ဦးေဆာင္ႏုိင္တဲ့ Huawei

စမတ္ဖုန္း နယ္ပယ္ဟာ 5G ေၾကာင့္ ေတာ္ေတာ္ လႈပ္လႈပ္ခတ္ခတ္ ျဖစ္လာေတာ့မွာပါ။ ၂၀၂၀ မွာ 5G စမတ္ဖုန္းေတြ အုပ္စိုးေတာ့မွာ ျဖစ္ၿပီး ကုမၸဏီေတြက အနည္းဆံုး 5G ဖုန္း ၁ လံုး ထုတ္လုပ္ၾကဖို႔ အလားအလာရွိေနပါတယ္။ အခုေတာ့ Counterpoint Research က ကုမၸဏီေတြရဲ႕ လာမယ့္ႏွစ္ 5G ဖုန္း ေရာင္းအားကို ခန္႔မွန္းတြက္ခ်က္ထားတဲ့ စစ္တမ္းကို ျပသလိုက္ပါတယ္။

စစ္တမ္းအရ Huawei နဲ႔ Honor Brand ၂ ခု ေပါင္းေရာင္းအားဟာ အမ်ားဆံုး ျဖစ္ေနပါတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္ 5G ဖုန္း ေစ်းကြက္ကို Huawei က ဦးေဆာင္ႏိုင္ပါတယ္။ လာမယ့္ႏွစ္မွာ ပထမဆံုး 5G ဖုန္းေတြ ထုတ္မယ့္ Apple က နံပါတ္ ၂ ေနရာကို သိမ္းပိုက္ထားပါတယ္။ Samsung က နံပါတ္ ၃ ေနရာမွာ ရွိေနၿပီး လာမယ့္ႏွစ္မွာ 5G ဖုန္းမ်ားစြာ ခ်ျပမယ္လို႔ ထင္ပါတယ္။ ကုမၸဏီက စြမ္းရည္ျမင့္ အျပင္ စြမ္းရည္သင့္ 5G ဖုန္းေတြကိုပါ ထုတ္လုပ္ေရာင္းခ်မွာပါ။

BBK ရဲ႕ ကုမၸဏီခြဲေတြ ျဖစ္တဲ့ OPPO နဲ႔ Vivo တို႔က နံပါတ္ ၄ နဲ႔ ၅ ေနရာကို ရယူထားၿပီး Xiaomi က နံပါတ္ ၆ ေနရာမွာ ရွိေနပါတယ္။ LG , OnePlus , Google နဲ႔ Motorola တို႔က 5G ဖုန္း ေရာင္းအား အေကာင္းဆံုး ထိပ္ဆံုး ကုမၸဏီ ၁၀ ခုစာရင္းမွာ ပါေနပါတယ္။

Counterpoint Research က ၂၀၂၀ မွာ 5G စမတ္ဖုန္း ေရာင္းအားဟာ တစ္ကမာၻလံုးမွာ အလံုးေရ သန္း ၂၇၀ ေက်ာ္မယ္လို႔ တြက္ခ်က္ထားပါတယ္။ အဲဒီ သုေတသနအဖြဲ႕အစည္းက 5G စမတ္ဖုန္းေတြ ထိုးေဖာက္မႈဟာ ၂၀၁၉ မွာ ၁ ရာခုိင္ႏႈန္းပဲရွိေပမယ့္ ၂၀၂၀ မွာ ၁၅ ရာခုိင္ႏႈန္း ရွိလာမယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။

Ref : gizmochina