Covid 19 ကာလအတွင်း တီဗီကြည့်ရှုမှုနှုန်း များပြားလာပြီး လွန်ခဲ့သည့်လများအတွင်း ဝယ်လိုအားများကာ တီဗီ ရောင်းချရမှုနှုန်းတိုးလာ

တကမ္ဘာလုံးအတိုင်းအတာဖြင့် Covid 19 pandemic ကာလအတွင်း အိမ်မှ အလုပ်လုပ်ကိုင်သူများ၊ အိမ်တွင်းကိစ္စများတွင် တခြားမှ အကူအညီရယူနိုင်မှုလျော့နည်း လာခြင်းတို့ကြောင့် Consumer Electronic လုပ်ငန်းများ ရောင်းအား နှစ်ဆတိုးလာရန် အလားအလာများရှိနေသည်။ ထိုနည်းတူ Samsung သည်လည်း new-age premium ထုတ်ကုန်များ ဖြစ်သည့် lockdown ကာလအတွင်း ဝယ်ယူသူများ၏ စိတ်အပန်းဖြေမှုကို သိသိသာသာ ပံ့ပိုးပေးလျက်ရှိကာ large screen တီဗီ များအတွက် ဝယ်ယူသူများထံမှ ယခင်ကထက် ဝယ်လိုအားများစွာ တိုးတက်ရရှိနိုင်ရန်အလားအလာ ကောင်းများ စွာရှိသည်။ Work-from-home နှင့် stay-at-home အစီအစဉ်များကြောင့် ယခင်နှစ်ထက် ရုပ်သံ ကြည့်ရှုမှုနှုန်း 20 % တိုးလာစေခဲ့သည်။

Pandemic ကာလအတွင်း လူအများသည် အိမ်အတွင်းနေထိုင်စဉ် သက်သောင့် သက်သာ ဖြစ်စေသည့်အပြင်အသုံးတည့်ပြီး နေ့စဉ်အသုံးပြုနေရသော အိမ်တွင်း ပစ္စည်းများ၏ တန်ဖိုးကို ပိုမိုနားလည်လာကြပြီး stay-at-home နေထိုင်မှုဘဝတွင် အကျွမ်းတဝင် ဖြစ်ရန်ကြိုးစား နေထိုင်လျက်ရှိကြသည်။ ထိုသို့နေထိုင်ခြင်းကြောင့် တီဗီ ကိုအသုံးပြုကာ game ကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ social media နှင့်အစဉ်အမြဲ connect ဖြစ်ခြင်း အစရှိသောစိတ်ဖျော်ဖြေမှုများကို ခံစားမှု ပိုများလာကြသည်။ တီဗီ သည် အချိန်ကာလ ကွာဟမှုကို ဖြည့်ဆည်းခြင်း နှင့်ဖျော်ဖြေရေး လိုအပ်ချက်များကို ဖြည့်ဆည်းရုံသာမက အိမ်ထောင်စုများ အားလက်ရှိ ဖြစ်ပေါ်လျက် ရှိသော သတင်းများ၊ issue များနှင့် pandemic နှင့်ပတ်သက်၍ သတင်းရ ယူနိုင်ခြင်း ကဲ့သို့သော အရေးကြီး ကဏ္ဍများလည်း ပြုလုပ်နိုင်သည်။

Samsung ကုမ္ပဏီ ဦးဆောင်သောကမ္ဘာ့ QLED တီဗီ ဈေးကွက်သည် ၂.၄၄ သန်း အထိ တိုးတက်ခဲ့ပြီး ယခင်နှစ်ထက် ၈၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ Samsung ၏ တီဗီ စီးပွားရေးလုပ်ငန်းသည် ယခု social distancing နှင့် working- from- home ကာလများအတွင်း အလွန်တိုးတက် အောင်မြင်လျက်ရှိသည်။ ယခုနှစ်အစောပိုင်းအတွင်း ကုမ္ပဏီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်၏ ထိပ်ဆုံးနေရာတွင်ရပ်တည်နေပြီး အမေရိကန်ဈေးကွက်တွင်လည်း Samsung ၏ အနေအထားသည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။ Pulse ဈေးကွက်သုတေသန report ကို ကိုးကားမှုအရ Samsung သည်ယူအက်စ်ရှိ smart တီဗီဈေးကွက်တွင် အဓိက maket share ကိုရယူနိုင်ခဲ့ ပြီးလွန်ခဲ့သော ၁၂ လအတွင်း ၎င်း၏အနီးကပ်ဆုံး ပြိုင်ဘက်များထက်လည်း များစွာရှေ့ပြေးနေသည်။ မြန်မာနိုင်ငံရှိ Samsung QLED တီဗီများ ၀ယ်လိုအားသည် ယခုနှစ်ပြီးခဲ့သည့် လေးလပတ်တစ်လျှောက် ပုံမှန် တိုးတက်မှုနှုန်းဖြစ်ပေါ်နေပြီး Q1 တွင် သိသိသာသာ ရောင်းအားတိုးတက်မှုကို ၁၁၀၅%၊ Q2 ကို ၁၇၂% နှင့် Q3 ကို ၃၉၅% အသီးသီး တိုးတက်မှုရှိခဲ့သည်။ လက်ရှိ ရောင်းအား တိုးတက်မှုနှင့်အတူ Samsung သည်ယခုနှစ်ပြည်တွင်းရောင်းအား ၃၉၉ ရာခိုင်နှုန်းမြင့်တက်လာမည်ဟုခန့်မှန်းထားသည်။

“အခုဆိုရင် ကျွန်​တော်တို့အားလုံးဟာ အိမ်မှာပဲ​နေပြီး အလုပ်လုပ်​နေကြရတာများပါတယ်။ ​နောက်ပြီး ကိုယ့် သားသမီးတွေကို အွန်လိုင်းအတန်းတွေ တက်ရောက်သင်ကြားစေပြီး ပညာရေးအတွက် ပံ့ပိုးပေးတဲ့အတွက်ကြောင့်မို့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ မိသားစုတွေရဲ့ နေအိမ်တွေမှာ ပိုမို သက်သောင့်သက်သာဖြစ်စေဖို့ ပြီးတော့ အဆင်ပြေ လွယ်ကူစေဖို့ ပိုပြီး အရေးလာတာ အ​သေအချာပါပဲ။ အခုလို အားလုံးအိမ်မှာ ပိုပြီး​နေ​နေကြတဲ့အချိန်မှာကြည့်ရှုမှု အတွေ့အကြုံတွေကို ပိုမိုကောင်းမွန်စေပြီး ဆွဲဆောင်မှုရှိစေမယ့် ​နောက်ပြီး စိတ်လှုပ်ရှားစရာတီဗီနည်းပညာ​တွေ တီထွင်ဖန်တီးမှုအသစ်​တွေကို ကျွန်​တော်တို့ရဲ့ သုံးစွဲသူ​တွေဆီ ယူ​ဆောင်လာ​​ပေးဖို့ ကျွန်​တာ်တို့ Samsung က အမြဲရည်မှန်းလုပ်​ဆောင်​နေပါတယ်” ဟု Samsung Myanmar ၏ Head Of Business Group ကိုဇာနည်ဝင်းထက် က ပြောကြားသည်။

Samsung Electronics သည် ၁၄ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ် တစ် တီဗီထုတ်လုပ်မှု လုပ်ငန်းဖြစ်ခဲ့သည်။ Samsung သည် တီဗီများ၏ ဒီဇိုင်း၊ အရောင်တိကျမှု၊ပုံရိပ်အရည်အသွေးနှင့် သုံးစွဲသူများကို ပိုမိုကြည်လင် ပြတ်သားစွာ ကြည့်ရှုနိုင်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်ပြီး အရည်အသွေးကို မြှင့်တင်နိုင်ရန်စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိသည်။ အနုပညာအစိတ်အပိုင်း တစ်ခုနှင့်တူသော တီဗီတစ်လုံးအတွက် Samsung သည် အကောင်းဆုံး တီဗီဒီဇိုင်းများကို ဈေးကွက်ထဲတွင် ပိုင်ဆိုင်ထားသည်။ဒီဇိုင်းပိုင်းတွင် ဆွဲဆောင်မှုရှိရုံသာမက အရည်အသွေး မြင့်မားသော ပုံရိပ်များကို ပါထုတ်လုပ် ပေးနိုင်သည်။Samsung Smart တီဗီ ၏ Smart Hub သည် ကြည့်ရှုသူများ အတွက်လူကြိုက်များသော app များဝင်ရန်လွယ်ကူသည့် access ပေးထားခြင်းကြောင့် ၎င်းတို့ကြည့်ရှုလိုသည့် ဆန္ဒအလျောက်များစွာသော ရွေးချယ်မှု များကိုပြုလုပ်နိုင်သည်။

Samsung သည်မကြာသေးမီကမြန်မာနိုင်ငံတွင် Smart TV များ၊ Crystal 4K UHD တီဗီများမှ တစ်ဆင့် QLED 4K နှင့် 8K တီဗီများ အထိကျယ်ပြန့်သော TV Line Up တီဗီများကိုမိတ်ဆက်ခဲ့သည်။ ဤထုတ်လုပ်မှုသည် မိမိတို့၏ လူနေမှုဘဝကို အဆင့်မြင့်နည်းပညာဖြင့် ကျောထောက် နောက်ခံရယူထားပြီး စွမ်းအင်ချွေတာသော တီဗီများနှင့် သက်သောင့်သက်သာ ဘဝကိုရရှိလိုသော ဝယ်ယူသူများအတွက် အထူးရည်ရွယ်ပါသည်။ Samsung တီဗီများသည် ကန့်သတ်ချက်မရှိဘဲ အကောင်းဆုံး သောလူမှုဘဝနေထိုင်မှု အတွေ့အကြုံကိုပေးစွမ်းနိုင်သည်။

Source – Samsung