Samsung ရဲ့ နောက်ဆုံးထွက် Smartphone တစ်လုံးဖြစ်တဲ့ Galaxy Note 9 ဟာ ပြည်တွင်းမှာ လူပြောအများဆုံး လူစိတ်ဝင်စားမှုအခံရဆုံး Smartphone တစ်လုံးဖြစ်နေပါတယ်။ Note 9 နဲ့ ပက်သက်ပြီးတော့ လူအပေါင်းစိတ်ဝင်စားနေကြတဲ့ Feature အလန်းစားတစ်ခုက S-Pen ဖြစ်ပါတယ်။ ဒါပေမယ့်လည်း S-Pen အပြင် Smartphone တစ်လုံးမှာ အရမ်းအရေးကြီးတဲ့ အဓိက အပိုင်းဖြစ်တဲ့ Performance ပိုင်းကိုလည်းချန်လှပ်ထားလို့ရမပါဘူး။ အဲ့ဒီ အတွက် Galaxy Note 9 ရဲ့ Performance ပိုင်းကို ကျွန်တော်တို့စမ်းသပ်ခဲ့ကြတယ်။ Performance ပိုင်းစမ်းတဲ့နေရာမှာ High Quality Game တွေကို စမ်းသပ် ဆော့ကြည့်ခြင်းအားဖြင့် Flagship တစ်လုံးဖြစ်လောက်အောင် Performance ကောင်းမွန်ခြင်းရှိလား မရှိဘူးလားဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိရပါတယ်။ High Graphic Game တွေဟာ CPU ရော GPU ပါ နှစ်ခုလုံးတွဲပြီး အသုံးပြုတာကြောင့် ဖုန်းရဲ့ Performance ကောင်းမကောင်းကို လက်တွေ့ကျကျအကဲခတ်နိုင်တယ်။ Galaxy Note 9 CPU အမျိုးအစားအရနှစ်မျိုးခွဲထားပါတယ်။ Exynos 9810 နဲ့ Snapdragon 845 ဆိုပြီး နှစ်မျိုးထုတ်ထားပြီး အမေရိကား၊ တရုတ်ပြည်တွင်း နဲ့ တစ်​ချို့နေရာတွေမှာ Snapdragon 845 Version ကိုဖြန့်​ချီထားပြီ အာရှနိုင်ငံ တော်တော်များများမှာတော့ Exynos 9810 Octa နဲ့ထုတ်ထားပါတယ်။ ပြည်တွင်းအတွက်လည်း Exynos Version ပဲဝင်ပြီး လေ့လာစမ်းစစ်ချက်တွေအရ Performance ပိုင်းမှာ Snapdragon Version နဲ့ အရမ်းကြီး ကွာခြားတာမျိုးမတွေ့ရပါဘူး။ 6GB RAM နဲ့ 8GB RAM ဆိုပြီး Model နှစ်မျိုးခွဲထားပါသေးတယ်။ Game တွေစမ်းသပ်ဆော့ကြည့်တဲ့နေရာမှာတော့ RAM 6GB အလုံးနဲ့ပဲ စမ်းသပ်ခဲ့ကြပါတယ်။

Fortnite

နာမည်ကြီး Online Game တစ်ခုဖြစ်တဲ့ Fortnite ဟာဆိုရင် Xbox, PC, PS4 အစရှိတဲ့ Gaming Platform တွေမှာစထွက်လာကတည်း လူကြိုက်များနေကြတာပါ။ Android အတွက် Beta Version ကို စထုတ်ပေးခဲ့ပြီး Galaxy Note 9 စထွက်ခဲ့တဲ့အချိန်မှာ Fortnite Game နဲ့ တွဲပြီးကြော်ညာပေးခဲ့တယ်။ Fortnite Game ရဲ့ Graphic ဟာအရမ်းမြင့်လို့ System လိုအပ်ချက်အရမ်းများခဲ့ပြီး အဆင်မြင့်တဲ့ SoC တွေလိုမယ်ဆိုတာ အသေအချာပါပဲ။ လက်ချိုးရေလို့ရတဲ့ Fornite ကစားနိုင်တဲ့ Android Phone တွေထဲမှာ Galaxy Note 9 ကထိပ်ဆုံးကပါပဲ။ Fortnite ကို လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲ ရုပ်ထွက်တွေက တော်တော်ကိုကောင်းနေတာတွေ့ရတယ်။ Frame Rate အရမ်းမြင့်တဲ့အတွက် Performance ပိုင်းအရမ်းကောင်းတယ်။

ပစ်ရခတ်ရတာတွေ လှုပ်ရှားရတာတွေအရမ်းကောင်းလို့ တစ်ခြား Player တွေကြားထဲမှာအသာစီးရနေပါတယ်။ Graphic Quality ပိုင်းမှာလဲ အမြင့်ဆုံး Quality ထားထားနိုင်လို့ ရုပ်ထွက် အရမ်းတိကျပြီး Texture လို့ခေါ်တဲ့ Game ထဲက Object တွေရဲ့ အသေးစိတ်ဖွဲ့စည်းထားပုံတွေကို ရှင်းရှင်းလင်းလင်းကိုမြင်ရပါတယ်။ ဆော့တာ အချိန်နည်းနည်းကြာလာတဲ့အခါ ဖုန်းက အနည်းငယ်နွေးလာပါတယ်။ ဒါပေမယ့် ပူတဲ့အဆင့်ထိ ရောက်မလာပဲ Samsung ရဲ့ Liquid Cooling System အလုပ်စလုပ်နေပြီဆိုတာ သိလိုက်ရပါတယ်။ တစ်ခြား Android တွေမှာ ဆော့လို့မရသေးတဲ့ Fornite ကိုသာသာယာယာဆော့နိုင်နေပြီဆိုတော့ Note 9 ကိုင်ထားတဲ့သူက တစ်ခြား Mobile Gamer တွေကြားထဲမှာတော့ ဆရာကြီးပါပဲ။ Rank တွေလည်းကြိုတင်ထားနိုင်ပြီး တစ်ခြားသူတွေစဆော့တဲ့အချိန်မှာ ကိုယ်က ခရီးတော်တော်ရောက်နေမှာပါ။

PUBG Mobile

PUBG Mobile ကတော့ အခုနောက်ပိုင်းမှာ ဖုန်းတော်တော်များများမှာဆော့ နိုင်နေကြပါပြီ။ ကျွန်တော်တို့ Tech Guy တွေလည်း အသေအလဲဆော့နေကြတဲ့ Game တစ်ခုပါ။ Fortnite လိုပဲ Multiplayer Online Battle Game တစ်ခုဖြစ်ပြီး Fortnite လောက် အရမ်းကြီး Funny မဖြစ်ပါဘူး။ သူကနည်းနည်း Reality ပိုဆန်တယ်လို့ပြောလို့ရပါတယ်။ စစ်တိုက်တဲ့နေရာတွေမှာပို ပြီး Serious ဖြစ်ပါတယ်။ PUBG Mobile ကို Note 9 နဲ့ဆော့ကြည့်တဲ့အခါမှာတော့ High Quality Graphic နဲ့ တန်းဆော့နိုင်ပြီး လုံးဝကို ကွဲပြားခြားနားတဲ့ Feeling မျိုးကို ခံစားရပါတယ်။ ဥပမာပေးရရင် Bus ကားစီးပြီး အိမ်ပြန်နေကျ လမ်းကို Luxury ကားစီးပြီးပြန်ရတာမျိုးနဲ့ တူပါတယ်။ Game ကတော့ ဒီ Game ပါပဲ။ ဒါပေမယ့် ဆော့ရတဲ့ Feeling ကအရမ်းကွာပါတယ်။ Gyroscope Sensor အရမ်းကောင်းတဲ့အတွက် Scope နဲ့ အဝေးက ရန်သူတွေကို ချိန်ပစ်တဲ့နေရာမှာ အရမ်းကိုတိကျတယ်။ Frame Rate အမြင့်ဆုံးထားထားနိုင်လို့ ဆော့ရတာ အရမ်း Smooth ဖြစ်တဲ့ အရမ်း Complex ဖြစ်တဲ့ Frame တွေမျိုး (ဥပမာ- ကားနှစ်စီးလောက်ပြိုင်ပြီးပေါက်သွားတဲ့ အခိုက်အတန့်မျိုး) မှာ Frame Rate တွေကျသွားခြင်းမရှိပါဘူး။ Note 9 နဲ့ဆိုရင်တော့ Chicken Dinner က ပွဲတိုင်းလိုလိုရနိုင်ပါတယ်။

Asphalt 9

Asphalt 9 ဟာ Mobile Game တွေထုတ်တဲ့နေရာမှာ ဆရာကြီးဖြစ်တဲ့ Gameloft ကအသစ်ထုတ်လိုက်တဲ့ Racing Game ပါ။ အရင်ထွက်ခဲ့တဲ့ Asphalt 8 ဟာဆိုရင် နှစ်ပေါင်းများစွာ Smartphone Manufacturer ရဲ့ Performance ပိုင်းကြော်ညာတဲ့နေရာမှာ မင်းသားတစ်ပါးပါပဲ။ Smartphone Reviewer တွေရဲ့ Smartphone Performance စမ်းသပ်တဲ့နေရာမှာ အဓိက Game တစ်ခုဖြစ်ခဲ့ပြီး Asphalt 9 ဟာလည်း နာမည်​ကြီးနေပါပြီ။

Note 9 မှာ Asphalt 9 ကိုစမ်းသပ်ကစားကြည့်တဲ့အခါမှာလည်း အပေါ်က Game နှစ်ခုလိုပဲ High Quality Graphic ရရှိပါတယ်။ ဖုန်း ရဲ့Sensor ပိုင်းအရမ်းကောင်းပြီး တိကျတာကိုတွေ့ရတယ်။ အသံထွက်အပိုင်းမှာလဲ Dolby Atmos Surround System ထည့်ပေးထားလို့ Game ထဲက Beats တွေနဲ့အတူ Sound Effect တွေက အရမ်းကိုအသက်ဝင်နေတယ်။ တစ်ခါတစ်လေ အပြင်မှာ တစ်ကယ်မောင်းနေရသလို စိတ်ကြီးဝင်သွားတယ်။ အပြင်လောကကိုတောင် မေ့သွားလောက်အောင် ဂိမ်းဆော့ရတာ အရမ်း Feel လာပါတယ်။

Conclusion

နိဂုံးချုပ်ပြောရရင် Note ရဲ့ Gaming Performance ဟာအရမ်းစိတ်ကျေနပ်ဖို့ကောင်းပါတယ်။ ဖုန်း Heat တက်တာမျိုးလည်း မရှိတော့လို့ စိတ်အေးအေးထားပြီး ဆော့နိုင်တယ်။ Game မဟုတ်တဲ့ တစ်ခြား App တွေအတွက်ကတော့ စကားထဲထည့်ပြောစရာတောင်မလိုတော့ပါဘူး။ Multitasking အပိုင်းမှလည်း ဆရာတစ်ဆူဖြစ်ပြီး Facebook, Messenger, Chrome အစရှိတဲ့ App လေးတွေကို အသုံးပြုတဲ့နေရာမှာလည်း အသာအယာပါပဲ။ AnTuTu Score 241,993 ရရှိထားပြီး Geekbench 4 ရဲ့ Single-core နဲ့ Multi-core Test တွေမှာလည်း 3,756 နဲ့ 8,997 မှတ် အသီးသီးရရှိထားပါတယ်။ PCMark ရဲ့ Work 2.0 Test မှာလည်း 5,213 မှတ်ရရှိထားတာတွေ့ရတယ်။ Graphic Score တွေလည်းအရမ်းကောင်းပြီး GFXBench မှာ 60FPS ထိရထားတာတွေ့ရတယ်။ Tech Spec တွေနားလည်တဲ့သူတွေဆိုရင်တော့ အဆိုပါ ရမှတ်တွေက အရမ်းကို ထူးကဲသာလွန်နေတယ်ဆိုတာ နားလည်မှာပါ။