[Zawgyi]

AirDrop ဟာ ဓါတ္ပုံေတြ၊ ဗီဒီယိုေတြနဲ႔ ဖိုင္ေတြကို အနားမွာရွိတဲ့ Apple device ေတြဆီ အင္တာနက္ခ်ိတ္ဆက္မႈမလိုဘဲ မွ်ေဝႏိုင္တဲ့ လုပ္ေဆာင္ခ်က္ တစ္ခုျဖစ္တယ္ဆိုတာ iPhone အသုံးျပဳသူေတြ ေကာင္းေကာင္း သိၾကပါလိမ့္မယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ Bluetooth နဲ႔ Wi-Fi ခ်ိတ္ဆက္မႈကို ေပါင္းစပ္ၿပီး လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္။

အခုေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ စမတ္ဖုန္းကုမၸဏီသုံးခုကလည္း အတူတစ္ကြပူးေပါင္းၿပီး အမွတ္တံဆိပ္မခြဲျခားဘဲ အေျခခံစနစ္တူတဲ့ ဟန္းဆက္အခ်င္းခ်င္း ဓါတ္ပုံေတြ၊ ဗီဒီယိုေတြ၊ ဖိုင္ေတြ မွ်ေဝႏိုင္ေအာင္ ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ နည္းပညာပိုင္းကေတာ့ ဘယ္လိုရွိမလဲ ေသခ်ာမသိရေသးေပမယ့္ AirDrop နဲ႔ခပ္ဆင္ဆင္တူမယ္လို႔ ယူဆရပါတယ္။

Xiaomi ဟာ MIUI ျဖစ္ၿပီး OPPO ကေတာ့ ColorOS ျဖစ္ပါတယ္။ Vivo ကေတာ့ FuntouchOS အသုံးျပဳတယ္ဆိုေပမယ့္ အားလုံးဟာ Android ေပၚမွာပဲ အေျခခံထားၾကတာပါ။ ဒါေၾကာင့္ တန္းတူခ်င္း (Peer-to-peer) ေပါင္းစည္းႏိုင္တဲ့စနစ္ကို ဖန္တီးလိုက္တယ္လို႔ ဆိုရမွာပါ။ ဒီလို ေပါင္းစည္းမႈအေၾကာင္းကို Xiaomi ရဲ႕ WeChat တရားဝင္ MIUI အေကာင့္မွာ လႊင့္တင္ခဲ့တာလည္း ျဖစ္ပါတယ္။

လုပ္ထုံးလုပ္နည္းအားျဖင့္ Device ႏွစ္ခုကို Bluetooth ကတစ္ဆင့္ တြဲဖက္ၿပီး 20MB/s ျမန္ႏႈန္းနဲ႔ ဖိုင္ေတြကို လႊဲေျပာင္းႏိုင္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Wi-Fi ကိုလည္း အသုံးျပဳမယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါ့အျပင္ အျခား စမတ္ဖုန္းထုတ္လုပ္မႈ လုပ္ငန္းေတြအေနနဲ႔ လက္ရွိေပါင္းစည္းထားတဲ့ အမွတ္တံဆိပ္သုံးခုနဲ႔ လာေရာက္ပူးေပါင္းႏိုင္ေၾကာင္းလည္း Xiaomi က ဖိတ္ေခၚထားပါေသးတယ္။

Ref: Phone Arena

[Unicode]

Xiaomi, OPPO နဲ့ Vivo စမတ်ဖုန်းအချင်းချင်း အပြန်အလှန် File Sharing လုပ်နိုင်တော့မယ်လို့ ကြေညာ

AirDrop ဟာ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဖိုင်တွေကို အနားမှာရှိတဲ့ Apple device တွေဆီ အင်တာနက်ချိတ်ဆက်မှုမလိုဘဲ မျှဝေနိုင်တဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်ဆိုတာ iPhone အသုံးပြုသူတွေ ကောင်းကောင်း သိကြပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်ဟာ Bluetooth နဲ့ Wi-Fi ချိတ်ဆက်မှုကို ပေါင်းစပ်ပြီး လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

အခုတော့ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းကုမ္ပဏီသုံးခုကလည်း အတူတစ်ကွပူးပေါင်းပြီး အမှတ်တံဆိပ်မခွဲခြားဘဲ အခြေခံစနစ်တူတဲ့ ဟန်းဆက်အချင်းချင်း ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဖိုင်တွေ မျှဝေနိုင်အောင် ပြုလုပ်နေပြီလို့ သိရပါတယ်။ နည်းပညာပိုင်းကတော့ ဘယ်လိုရှိမလဲ သေချာမသိရသေးပေမယ့် AirDrop နဲ့ခပ်ဆင်ဆင်တူမယ်လို့ ယူဆရပါတယ်။

Xiaomi ဟာ MIUI ဖြစ်ပြီး OPPO ကတော့ ColorOS ဖြစ်ပါတယ်။ Vivo ကတော့ FuntouchOS အသုံးပြုတယ်ဆိုပေမယ့် အားလုံးဟာ Android ပေါ်မှာပဲ အခြေခံထားကြတာပါ။ ဒါကြောင့် တန်းတူချင်း (Peer-to-peer) ပေါင်းစည်းနိုင်တဲ့စနစ်ကို ဖန်တီးလိုက်တယ်လို့ ဆိုရမှာပါ။ ဒီလို ပေါင်းစည်းမှုအကြောင်းကို Xiaomi ရဲ့ WeChat တရားဝင် MIUI အကောင့်မှာ လွှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းအားဖြင့် Device နှစ်ခုကို Bluetooth ကတစ်ဆင့် တွဲဖက်ပြီး 20MB/s မြန်နှုန်းနဲ့ ဖိုင်တွေကို လွှဲပြောင်းနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Wi-Fi ကိုလည်း အသုံးပြုမယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် အခြား စမတ်ဖုန်းထုတ်လုပ်မှု လုပ်ငန်းတွေအနေနဲ့ လက်ရှိပေါင်းစည်းထားတဲ့ အမှတ်တံဆိပ်သုံးခုနဲ့ လာရောက်ပူးပေါင်းနိုင်ကြောင်းလည်း Xiaomi က ဖိတ်ခေါ်ထားပါသေးတယ်။

Ref: Phone Arena