Cryptocurreny အရောင်းအဝယ်ပြုလုပ်တဲ့ Crypto.com CEO ဖြစ်သူ Kris Marszalek က Hacker တွေဟာ အကောင့်ရာနဲ့ချီပြီး Hack သွားတဲ့အတွက် ငွေကြေးဆုံးရှုံးမှုတွေရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။ သူက Hack သွားတဲ့ နည်းလမ်း အသေးစိတ်ကို မပြောသေးပါဘူး။ Marszalek က Bloomberg နဲ့ အွန်လိုင်း အင်တာဗျူး ၁ ခုမှာ အကောင့် ၄၀၀ လောက် Hack ခံရတယ်လို့ ပြောသွားတာပါ။

Crypto-assets – New technologies can help combat AML/CFT - InCyber

Crypto.com ဟာ Cryptocurrency ကမ္ဘာမှာ နာမည်အကြီးဆုံး Brand တွေထဲက ၁ ခု ဖြစ်ပြီး အားကစား အသင်းများစွာနဲ့ ပူးပေါင်းထားပါတယ်။ Los Angeles Lakers’ Stadium ကို Crypto.com Arena လို့ အမည်ပြောင်းလဲလိုက်တဲ့ ဒေါ်လာ သန်း ၇၀၀ တန် သဘောတူညီမှုက အထင်ရှားဆုံး ဖြစ်ပါတယ်။

Bitcoin Price Drop: Why did bitcoin and crypto price drop? | Marca

Crypto.com ဟာ UFC Fight League , Philadelphia 76ers NBA Team နဲ့ NHL’s Montreal Canadiens တို့နဲ့လည်း သဘောတူညီမှုတွေရယူထားပြီး မကြာခင်ကပဲ Australian Football League နဲ့ ဒေါ်လာ ၁.၅ ဘီလီယမ်တန် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

Cryptocurrency ကို သုံးစွဲသူ များပြားလာတဲ့အတွက် အရောင်းအဝယ်ပြုလုပ်တဲ့ လုပ်ငန်းတွေဟာ Hacker တွေရဲ့ အဓိက ပစ်မှတ် ဖြစ်လာပါတယ်။ NBC News ရဲ့ သတင်းအရ ၂၀၂၁ ခုနှစ်အတွင်းမှာ Hack ခံရမှု ၂၀ ကျော်ရှိခဲ့ပြီး Hacker တွေဟာ ဒေါ်လာ ၁၀ သန်းကျော်လောက် ခိုးယူသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref : theverge