FTX ဟာ Crypto အရောင်းအဝယ်ပြုလုပ်တာ အပြင် သမားရိုးကျ စတော့ အရောင်းအဝယ်ပြုလုပ်တဲ့ ဝန်ဆောင်မှုကို မကြာခင် မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ဝန်ဆောင်မှုကို အမေရိကန်က တချို့ သုံးစွဲသူတွေမှာ လက်ရှိ ရရှိနေပြီ ဖြစ်ပြီး လာမယ့် လအနည်းငယ်အတွင်း တခြား သုံးစွဲသူတွေအတွက် တိုးချဲ့ ဖြန့်ချိသွားဖို့ ရည်ရွယ်ထားပါတယ်။

Cryptocurrency Exchange FTX ventures into Stock Trading - Coinfea

FTX က ကော်မရှင် မယူဘဲ အခမဲ့ အရောင်းအဝယ်ပြုလုပ်ခွင့်ပေးမယ်လို့ ပြောပြီး သုံးစွဲသူတွေဟာ သူတို့ အကောင့်ထဲကို Credit Card Deposit , ACH Transfers နဲ့ Wire Transfers တွေကနေ ငွေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ FTX က သုံးစွဲသူတွေဟာ USDC လို Stablecoin တွေနဲ့ သူတို့ အကောင့်ထဲ ငွေ ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးတဲ့ ပထမဆုံး ကုမ္ပဏီလို့ ပြောပါတယ်။

Crypto exchange FTX expands into US stock trading - Crypto Coinz

FTX ရဲ့ အမေရိကန်က ဥက္ကဌ Brett Harrison က “ FTX Stocks ကို မိတ်ဆက်ခြင်းဖြင့် ရင်းနှီးမြှပ်နှံသူတွေဟာ ပွင့်လင်းမြင်သာပြီး ရိုးရှင်းတဲ့ User Interface ကနေ Crypto , NFT နဲ့ သမားရိုးကျ စတော့တွေကို အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။ “ လို့ ပြောပါတယ်။

Robinhood , Block ပိုင်တဲ့ Cash App နဲ့ Public.com တို့ဟာလည်း သုံးစွဲသူတွေ စတော့နဲ့ Crypto တို့ကို အရောင်းအဝယ်ပြုလုပ်ခွင့်ပေးထားပြီး အခုတော့ FTX ကပါ အဲဒီ နယ်ပယ်ထဲ ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာတော့မှာ ဖြစ်ပါတယ်။

Ref : theverge