Cryptocurrency ဝန်ဆောင်မှု Nomad ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က Hacker တွေလက်ချက်နဲ့ နာရီပိုင်းအတွင်းမှာပဲ ကုမ္ပဏီရဲ့ ဒေါ်လာ သန်း ၂၀၀ နီးပါး ဒစ်ဂျစ်တယ်ရန်ပုံငွေတွေကို ဆုံးရှုံးလိုက်ရပါတယ်။ ကုမ္ပဏီအနေနဲ့ မထင်မှတ်ထားတဲ့တိုက်ခိုက်မှုကိုခံလိုက်ရပေမဲ့ အင်္ဂါနေ့မှာတော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။

Nomad ဟာ တိုက်ခိုက်ခံလိုက်ရတဲ့အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် နာရီပေါင်းများစွာလုပ်ခဲ့ရပြီး တရားဥပဒေစိုးမိုးရေးကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ရည်မှန်းချက်ကတော့ သူ့ရဲ့ဝန်ဆောင်မှုက Cryptocurrencies တွေ ခိုးယူထားတဲ့အကောင့်တွေကို ဖော်ထုတ်ဖို့နဲ့ ငွေပြန်လည်ရယူဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

Nomad ဟာ တိုကင်တွေကို Blockchain တစ်ခုကနေ တခြားတစ်ခုဆီ ပြောင်းပေးနိုင်တဲ့ Blockchain Bridge ကို လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ နည်းပညာအရ ရှုပ်ထွေးတဲ့ ဝန်ဆောင်မှုတွေဟာ တိုက်ခိုက်မှုတွေ ကျရောက်တတ်ပြီး လုံခြုံရေးအားနည်းချက်တွေကို Hacker တွေက အသုံးချတာပါ။

Hacker တွေဟာ Nomad အယောင်ဆောင်ပြီး Funds တွေကို ရယူစုဆောင်းဖို့ လိပ်စာတွေပေးခဲ့တယ်လို့ Nomad က ဆိုပါတယ်။ ဇွန်လတုန်းက Blockchain Bridge Harmony Hacked ခံရပြီးတဲ့နောက် ဒေါ်လာ သန်း ၁၀၀ နီးပါး ဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ Bridge တွေဟာ အထူးသဖြင် အသစ်အဆန်းတွေနဲ့ မလွှဲမရှောင်နိုင်တဲ့ ချို့ယွင်းမှုတွေကြောင့် Hacker တွေက အားနည်းချက်အဖြစ်မြင်ကြပြီး ပစ်မှတ်ထားလေ့ရှိကြပါတယ်။

Ref: CBSNEWS