[Zawgyi]

HTC ကုမၸဏီရဲ႕ ပထမဆုံး Cryptocurrency သုံးစြဲမႈအသားေပး စမတ္ဖုန္းဟာ အခုခ်ိန္ကစျပီး မွာၾကားဝယ္ယူလို႔ ရပါျပီ။ ဒါေပမယ့္ ရုိးရုိးေငြေၾကးစနစ္နဲ႔ ဝယ္ယူႏုိင္မွာ မဟုတ္ဘဲ Litecoin, Bitcoin သို႔မဟုတ္ Ethereum အစရွိတဲ့ Blockchain ေငြေၾကးစနစ္ တစ္ခုခုနဲ႔သာ ေပးေခ်ႏုိင္မွာပါ။ တခ်ိန္တည္းမွာပဲ Litecoin ရဲ႕ တည္ေထာင္သူ Charlie Lee ဟာ Exodus ထုတ္လုပ္ေရးအဖြဲ႕ရဲ႕ အၾကံေပးအျဖစ္ ပါဝင္လာခဲ့ပါတယ္။

Exodus 1 ကိုမသိေသးတဲ့ သူေတြအတြက္ မိတ္ဆက္ေပးရရင္ ဒီဖုန္းကို Cryptocurrency သမားေတြ အတြက္ ရည္ရြယ္ျပီး ၂၀၁၈ ေအာက္တုိဘာမွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ 6” လက္မအရြယ္ Display ပါဝင္ျပီး 19.5:9 ျမင္ကြင္းအခ်ဳိးနဲ႔ Screen ဟာ 1440 x 3120p Resolution ေတာင္ရွိပါတယ္။

Android 8.1 Oreo ကိုအသုံးျပဳထားေပမယ့္ Cryptocurrency သမားေတြအတြက္ Android စနစ္ကေန ခြဲထြက္ျပီး သက္သက္ပါဝင္တဲ့ Hardware Security စနစ္တစ္ခု ပါဝင္တယ္။ Zion Crypto Wallet ဟာ ဒီဖုန္းနဲ႔ အတူ ပြဲထြက္လာခဲ့ျပီး ေကာင္းမြန္တဲ့ Social Key Recovery စနစ္လည္း ပါဝင္လာပါတယ္။

ကင္မရာကေတာ့ ေက်ာဘက္မွာ 12MP + 16MP ကင္မရာႏွစ္လုံးနဲ႔ အေရွ႕မွာ 8MP ဆယ္လ္ဖီကင္မရာ ႏွစ္လုံးတုိ႔ ပါဝင္တယ္။ Qualcomm Snapdragon 845 Chipset အသုုံးျပဳထားျပီး မန္မုိရီက 6GB RAM / 128GB Storage တုိ႔ျဖစ္ပါတယ္။ ဘကၳရီကေတာ့ 3500 mAh ပါ။ လက္ရွိ Bitcoin ေပါက္ေစ်းနဲ႔ ဆုိရင္ ဒီဖုန္းဟာ 0.15 BTC သို႔မဟုတ္ Ethereum 4.78 ေလာက္က်သင့္တာေၾကာင့္ ေဒၚလာငါးရာဝန္းက်င္လို႔ သတ္မွတ္ရမွာပါ။

Ref – GSM Arena

[Unicode]

HTC ကုမ္ပဏီရဲ့ ပထမဆုံး Cryptocurrency သုံးစွဲမှုအသားပေး စမတ်ဖုန်းဟာ အခုချိန်ကစပြီး မှာကြားဝယ်ယူလို့ ရပါပြီ။ ဒါပေမယ့် ရိုးရိုးငွေကြေးစနစ်နဲ့ ဝယ်ယူနိုင်မှာ မဟုတ်ဘဲ Litecoin, Bitcoin သို့မဟုတ် Ethereum အစရှိတဲ့ Blockchain ငွေကြေးစနစ် တစ်ခုခုနဲ့သာ ပေးချေနိုင်မှာပါ။ တချိန်တည်းမှာပဲ Litecoin ရဲ့ တည်ထောင်သူ Charlie Lee ဟာ Exodus ထုတ်လုပ်ရေးအဖွဲ့ရဲ့ အကြံပေးအဖြစ် ပါဝင်လာခဲ့ပါတယ်။

Exodus 1 ကိုမသိသေးတဲ့ သူတွေအတွက် မိတ်ဆက်ပေးရရင် ဒီဖုန်းကို Cryptocurrency သမားတွေ အတွက် ရည်ရွယ်ပြီး ၂၀၁၈ အောက်တိုဘာမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ 6” လက်မအရွယ် Display ပါဝင်ပြီး 19.5:9 မြင်ကွင်းအချိုးနဲ့ Screen ဟာ 1440 x 3120p Resolution တောင်ရှိပါတယ်။

Android 8.1 Oreo ကိုအသုံးပြုထားပေမယ့် Cryptocurrency သမားတွေအတွက် Android စနစ်ကနေ ခွဲထွက်ပြီး သက်သက်ပါဝင်တဲ့ Hardware Security စနစ်တစ်ခု ပါဝင်တယ်။ Zion Crypto Wallet ဟာ ဒီဖုန်းနဲ့ အတူ ပွဲထွက်လာခဲ့ပြီး ကောင်းမွန်တဲ့ Social Key Recovery စနစ်လည်း ပါဝင်လာပါတယ်။

ကင်မရာကတော့ ကျောဘက်မှာ 12MP + 16MP ကင်မရာနှစ်လုံးနဲ့ အရှေ့မှာ 8MP ဆယ်လ်ဖီကင်မရာ နှစ်လုံးတို့ ပါဝင်တယ်။ Qualcomm Snapdragon 845 Chipset အသုံးပြုထားပြီး မန်မိုရီက 6GB RAM / 128GB Storage တို့ဖြစ်ပါတယ်။ ဘက္ထရီကတော့ 3500 mAh ပါ။ လက်ရှိ Bitcoin ပေါက်ဈေးနဲ့ ဆိုရင် ဒီဖုန်းဟာ 0.15 BTC သို့မဟုတ် Ethereum 4.78 လောက်ကျသင့်တာကြောင့် ဒေါ်လာငါးရာဝန်းကျင်လို့ သတ်မှတ်ရမှာပါ။

Ref – GSM Arena