[Zawgyi]

Google ဟာ Gmail, Play Store စတာေတြအပါအဝင္ သူ႔ရဲ႕ Apps ေတြအေတာ္မ်ားမ်ားအတြက္ Dark Mode ေတြ ထုတ္ေပးခဲ့ၿပီး ျဖစ္ပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ ဗီဒီယိုေခၚဆိုမႈ App ျဖစ္တဲ့ Duo ကိုလည္း Android မွာ Dark Mode ထုတ္ေပးေတာ့မွာ ျဖစ္ပါတယ္။

Dark Mode ဖြင့္ထားမယ္ဆိုရင္ Duo ရဲ႕ UI ဟာ မီးခိုးေရာင္ရင့္ရင့္အျဖစ္ ေျပာင္းလဲသြားမွာျဖစ္ၿပီး စာသားေတြကေတာ့ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့၊ ဒါမွမဟုတ္ အျဖဴေရာင္အျဖစ္ ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္။ ဒီလို အေရာင္ေျပာင္းလဲသြားျခင္းက အလင္းေရာင္အားနည္းေနတဲ့အခ်ိန္ App ကို အသုံးျပဳတဲ့အခါ မ်က္စိေညာင္းညာျခင္းကို သက္သာေစပါလိမ့္မယ္။

Duo မွာရွိတဲ့ Dark Mode ဟာ Android 10 နဲ႔ System-wide dark mode ကို ဖြင့္ထားမယ္ဆိုရင္ အလိုအေလ်ာက္ ေျပာင္းလဲသြားမွာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အလိုအေလ်ာက္မဟုတ္ဘဲ ကိုယ္လိုအပ္တဲ့အခ်ိန္မွာ ေျပာင္းလဲႏိုင္ေအာင္လည္း ျပဳလုပ္လို႔ရပါတယ္။ Android ဗားရွင္းေဟာင္းေတြမွာေတာ့ Manual သာသုံးႏိုင္မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ Android အတြက္ Duo ရဲ႕ Dark Mode ဟာ Server-side ဘက္ကပဲ ေျပာင္းလဲေပးေသးတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ေနာက္ဆုံးဗားရွင္းကို သုံးထားတိုင္းလည္း Dark Mode ကို ခ်က္ခ်င္းေတြ႕ျမင္ရဖို႔ အာမခံခ်က္မရွိေသးပါဘူး။

Ref: Android Police

[Unicode]

Android မှာ Duo အတွက်လည်း Dark Mode ထုတ်ပေးတော့မယ့် Google

Google ဟာ Gmail, Play Store စတာတွေအပါအဝင် သူ့ရဲ့ Apps တွေအတော်များများအတွက် Dark Mode တွေ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ ဗီဒီယိုခေါ်ဆိုမှု App ဖြစ်တဲ့ Duo ကိုလည်း Android မှာ Dark Mode ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

Dark Mode ဖွင့်ထားမယ်ဆိုရင် Duo ရဲ့ UI ဟာ မီးခိုးရောင်ရင့်ရင့်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး စာသားတွေကတော့ မီးခိုးရောင်ဖျော့ဖျော့၊ ဒါမှမဟုတ် အဖြူရောင်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီလို အရောင်ပြောင်းလဲသွားခြင်းက အလင်းရောင်အားနည်းနေတဲ့အချိန် App ကို အသုံးပြုတဲ့အခါ မျက်စိညောင်းညာခြင်းကို သက်သာစေပါလိမ့်မယ်။

Duo မှာရှိတဲ့ Dark Mode ဟာ Android 10 နဲ့ System-wide dark mode ကို ဖွင့်ထားမယ်ဆိုရင် အလိုအလျောက် ပြောင်းလဲသွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အလိုအလျောက်မဟုတ်ဘဲ ကိုယ်လိုအပ်တဲ့အချိန်မှာ ပြောင်းလဲနိုင်အောင်လည်း ပြုလုပ်လို့ရပါတယ်။ Android ဗားရှင်းဟောင်းတွေမှာတော့ Manual သာသုံးနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ Android အတွက် Duo ရဲ့ Dark Mode ဟာ Server-side ဘက်ကပဲ ပြောင်းလဲပေးသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ဆုံးဗားရှင်းကို သုံးထားတိုင်းလည်း Dark Mode ကို ချက်ချင်းတွေ့မြင်ရဖို့ အာမခံချက်မရှိသေးပါဘူး။

Ref: Android Police