လက္ရွိမွာ လူသုံးအမ်ားဆုံး မုိဘုိင္း OS ျဖစ္တဲ့ Android ဟာ ဆယ္ႏွစ္သက္တမ္းကို ျပည့္သြားခဲ့ပါျပီ။ ပထမဆုံး Android OS အသုံးျပဳ ဟန္းဆက္က ၂၀၀၈ ခုႏွစ္ ေအာက္တုိဘာမွာ ထြက္ခဲ့တဲ့ T-Mobile G1 စမတ္ဖုန္းျဖစ္ျပီး ၄င္းကို HTC မွ ထုတ္လုပ္ခဲ့ကာ Android v1.1 ကိုအသုံးျပဳခဲ့ပါတယ္။

ထြက္ခါစမွာေတာ့ ေစ်းကြက္ထဲမွာ ေနရာယူထားျပီးျဖစ္တဲ့ Apple ရဲ႕ iOS နဲ႔ ႏုိကီယာရဲ႕ Symbian OS ေတြရဲ႕ ေနာက္ကေန လိုက္ခဲ့ရေပမယ့္ ၂၀၁၀ ခုႏွစ္ေနာက္ပုိင္းမွာ Android ရဲ႕ေစ်းကြက္ေဝစုက ၾကီးသထက္ ပိုပိုၾကီးလာျပီး ပထမဆုံးအၾကိမ္ စမတ္ဖုန္းအေရအတြက္ အမ်ားဆုံးအသုံးျပဳေနတဲ့ OS ေနရာကို ရယူႏုိင္ခဲ့တယ္။

ယခု ၂၀၁၈ စက္တင္ဘာလကုန္မွာေတာ့ ေစ်းကြက္ထဲက စမတ္ဖုန္းအလုံးေရ စုစုေပါင္းရဲ႕ ၈၈ ရာခုိင္ႏႈန္း ဟာ Android OS အသုံးျပဳထားတာျဖစ္ျပီး ၁၁.၉ ရာခုိင္ႏႈန္းကေတာ့ iOS အသုံးျပဳ Apple ဟန္းဆက္ေတြ ျဖစ္ပါတယ္။ Android OS ကုိ လူၾကိဳက္မ်ားလာရတဲ့ အေၾကာင္းရင္းက လြတ္လပ္တဲ့ OS ရဲ႕ သေဘာသဘာဝနဲ႔ အနိမ့္ကေန အျမင့္စားဖုန္းေတြအထိ က်ယ္က်ယ္ျပန္႔ျပန္႔ ယူငင္သုံးစြဲႏုိင္ျခင္းပဲျဖစ္ျပီး သုံးစြဲသူေတြနဲ႔ စမတ္ဖုန္း ထုတ္လုပ္သူေတြကို လြယ္ကူသက္သာစြာ အသုံးျပဳႏုိင္ေစခဲ့ပါတယ္။

အခုဆုိရင္ ကမာၻအႏွံ႔မွာ Android OS အသုံးျပဳထားတဲ့ ဟန္းဆက္ေပါင္း ၂.၃ ဘီလီယံခန္႔ ရွိေနျပီ ျဖစ္ကာ အိႏၵိယနဲ႔ တရုတ္တုိ႔လို လူဦးေရမ်ားျပားတဲ့ ႏိုင္ငံၾကီးေတြက နည္းပညာထြန္းကားမႈေတြမွာ အားျဖည့္ပါဝင္ေနပါျပီ။ ဆယ္စုႏွစ္တစ္ခုျပည့္သြားျပီျဖစ္ေပမယ့္ ေနာက္ထပ္ ဆယ္စုႏွစ္ထဲ ဝင္လာတဲ့ Android ဟာ တုိးတက္မႈ ေလ်ာ့က်သြားမယ့္ အရိပ္အေယာင္မျမင္ရေသးသလို အဓိကယွဥ္ျပိဳင္လာမယ့္ ျပိဳင္ဘက္အသစ္ကိုလည္း မေတြ႕ရေသးဘဲ ဆက္လက္ခ်ီတက္ေနဆဲပါ။

Ref – https://www.gsmarena.com/android_just_turned_10_years_and_runs_on_88_of_the_smartphones_today-news-33416.php

Unicode

လက်ရှိမှာ လူသုံးအများဆုံး မိုဘိုင်း OS ဖြစ်တဲ့ Android ဟာ ဆယ်နှစ်သက်တမ်းကို ပြည့်သွားခဲ့ပါပြီ။ ပထမဆုံး Android OS အသုံးပြု ဟန်းဆက်က ၂၀၀၈ ခုနှစ် အောက်တိုဘာမှာ ထွက်ခဲ့တဲ့ T-Mobile G1 စမတ်ဖုန်းဖြစ်ပြီး ၎င်းကို HTC မှ ထုတ်လုပ်ခဲ့ကာ Android v1.1 ကိုအသုံးပြုခဲ့ပါတယ်။

ထွက်ခါစမှာတော့ ဈေးကွက်ထဲမှာ နေရာယူထားပြီးဖြစ်တဲ့ Apple ရဲ့ iOS နဲ့ နိုကီယာရဲ့ Symbian OS တွေရဲ့ နောက်ကနေ လိုက်ခဲ့ရပေမယ့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ Android ရဲ့ဈေးကွက်ဝေစုက ကြီးသထက် ပိုပိုကြီးလာပြီး ပထမဆုံးအကြိမ် စမတ်ဖုန်းအရေအတွက် အများဆုံးအသုံးပြုနေတဲ့ OS နေရာကို ရယူနိုင်ခဲ့တယ်။

ယခု ၂၀၁၈ စက်တင်ဘာလကုန်မှာတော့ ဈေးကွက်ထဲက စမတ်ဖုန်းအလုံးရေ စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်း ဟာ Android OS အသုံးပြုထားတာဖြစ်ပြီး ၁၁.၉ ရာခိုင်နှုန်းကတော့ iOS အသုံးပြု Apple ဟန်းဆက်တွေ ဖြစ်ပါတယ်။ Android OS ကို လူကြိုက်များလာရတဲ့ အကြောင်းရင်းက လွတ်လပ်တဲ့ OS ရဲ့ သဘောသဘာဝနဲ့ အနိမ့်ကနေ အမြင့်စားဖုန်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ယူငင်သုံးစွဲနိုင်ခြင်းပဲဖြစ်ပြီး သုံးစွဲသူတွေနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေကို လွယ်ကူသက်သာစွာ အသုံးပြုနိုင်စေခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘာအနှံ့မှာ Android OS အသုံးပြုထားတဲ့ ဟန်းဆက်ပေါင်း ၂.၃ ဘီလီယံခန့် ရှိနေပြီ ဖြစ်ကာ အိန္ဒိယနဲ့ တရုတ်တို့လို လူဦးရေများပြားတဲ့ နိုင်ငံကြီးတွေက နည်းပညာထွန်းကားမှုတွေမှာ အားဖြည့်ပါဝင်နေပါပြီ။ ဆယ်စုနှစ်တစ်ခုပြည့်သွားပြီဖြစ်ပေမယ့် နောက်ထပ် ဆယ်စုနှစ်ထဲ ဝင်လာတဲ့ Android ဟာ တိုးတက်မှု လျော့ကျသွားမယ့် အရိပ်အယောင်မမြင်ရသေးသလို အဓိကယှဉ်ပြိုင်လာမယ့် ပြိုင်ဘက်အသစ်ကိုလည်း မတွေ့ရသေးဘဲ ဆက်လက်ချီတက်နေဆဲပါ။

Ref – https://www.gsmarena.com/android_just_turned_10_years_and_runs_on_88_of_the_smartphones_today-news-33416.php