Laptop ကို အသုံးပြုပြီး အလုပ်လုပ်နေတဲ့သူတိုင်းဟာ အလုပ်ခွင်မှာ Software ပြဿနာတွေ မကြုံရဘဲ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အခုလိုမျိုး Laptop နဲ့ အလုပ်လုပ်နေပြီဆိုတာနဲ့ အလုပ်ခွင်မှာ အသုံးပြုရတဲ့ Software တွေထဲမှာ Microsoft Office ကလည်း မပါမဖြစ်လို့တောင် ပြောနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အလုပ်အတွက်သုံးနေရတဲ့ Laptop တစ်လုံးမှာ Microsoft Office ကို ထည့်သွင်းထားဖို့က လိုအပ်ပါတယ်။
Microsoft Office Software လိုမျိုး လုပ်ငန်းခွင်အတွက် လုံးဝအခြေခံကျတဲ့ Software တစ်ခုအကြောင်းပြောတဲ့အချိန်မှာ သင့်အနေနဲ့ ဘယ်လိုမျိုး Microsoft Office ကိုပဲဖြစ်ဖြစ် သုံးစွဲလိုက်ရင် အဆင်ပြေမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ Official ဝယ်ယူသုံးစွဲတာပဲဖြစ်ဖြစ်၊ Pirate သို့မဟုတ် Crack ပြုလုပ်ထားတဲ့ Software တွေကိုပဲဖြစ်ဖြစ် ဆိုင်တွေကနေတစ်ဆင့် ထည့်သွင်းလိုက်ရုံနဲ့ အဆင်ပြေပြီလို့ ယူဆမိတတ်ပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်းမှာ သင့်အနေနဲ့ အရေးကြီးတဲ့ Document တွေ၊ Presentation File တွေ ဒါမှမဟုတ် ငွေစာရင်း Excel Sheet တွေနဲ့ အလုပ်လုပ်နေရတဲ့အချိန်မှာ တရားဝင်အသုံးပြုတာမဟုတ်တဲ့ Pirate နဲ့ Crack Software တွေက Error တွေ တက်နိုင်ပြီးတော့ File တွေကို ပျက်စေတာမျိုး၊ အဆိုးဆုံးအခြေအနေအနေနဲ့ သင့်အတွက် အရေးကြီးတဲ့ File တွေကိုပါ ပျက်သွားစေတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။

ဒီလိုအဖြစ်ဆိုးတွေကို ရှောင်လွဲနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ တရားဝင် Microsoft Office Software တွေကို ဝယ်ယူအသုံးပြုတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်ပိုင် Laptop တစ်လုံးအတွက်ပဲဆိုရင်တော့ လွယ်ကူပြီး စျေးသက်သာတဲ့နည်းလမ်းလို့ ထင်နိုင်ပေမယ့် တကယ်လို့ သင့်အနေနဲ့ တစ်ရုံးလုံးမှာအသုံးပြုနေတဲ့ Laptop တွေအတွက် ဝယ်ယူချင်တယ်ဆိုရင်၊ ဒါမှမဟုတ် Laptop ကို စျေးကြီးပေးဝယ်ထားပြီးမှ နောက်ထပ် ပိုက်ဆံမသုံးချင်တာမျိုးဆိုရင် အခုလိုမျိုး တရားဝင် License Software တွေ ဝယ်ယူအသုံးပြုဖို့က ဝန်ထုတ်ဝန်ပိုးဖြစ်နေတတ်ပါတယ်။

ဒီနေရာမှာ OPI Laptop တစ်လုံးရှိထားမယ်ဆိုရင် အခုပြဿနာတွေအကုန်လုံးကို ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိနေပါပြီ။ OPI ဆိုတာကတော့ Office Pre-installed ကို အတိုကောက်ခေါ်ဆိုတာဖြစ်ပြီး နာမည်အတိုင်းပဲ တရားဝင် Microsoft Office Software တွေပါဝင်ပြီးသားဖြစ်တဲ့ Laptop တွေကို ဆိုလိုတာဖြစ်ပါတယ်။

အခုလိုမျိုး OPI Laptop တွေလို့ ဆိုလိုက်တာနဲ့ လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ရရှိနိုင်တဲ့ Dell Laptop တွေအကုန်လုံးဟာ OPI Laptop တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်အသုံးပြုဖို့ Laptop တစ်လုံးရှာနေတာပဲဖြစ်ဖြစ်၊ ကုမ္ပဏီအတွက် Laptop တွေအများအပြားဝယ်ယူဖို့ပဲဖြစ်ဖြစ် စဥ်းစားနေတယ်ဆိုရင် Dell Laptop တွေကို ဝယ်ယူတာက သင့်ကို မလိုအပ်ဘဲ ငွေကြေးပိုမိုကုန်ကျတာတွေကို ကာကွယ်နိုင်သလို တစ်ဖက်ကလည်း တရားဝင် Microsoft Office Software တွေကို အသုံးပြုတာကနေ ရရှိနိုင်မယ့် ပိုကောင်းတဲ့ Security နဲ့ Feature တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Dell ရဲ့ လူကြိုက်များတဲ့ Model တွေဖြစ်တဲ့ Inspiron 3515 (11th Gen i3, i5, i7 နဲ့ AMD Processor) Laptop တွေဟာလည်း OPI Laptop တွေဖြစ်ပါတယ်။ အဆိုပါ Laptop တွေဟာ ပုံမှန် လုပ်ငန်းခွင်မှာအသုံးပြုဖို့အတွက် အထူးသင့်တော်အောင် ပြုလုပ်ပေးထားသလို စွမ်းဆောင်ရည်ပိုင်းမှာလည်း နေ့စဥ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းမွန်စွာစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကိုမှ Microsoft Office Software တွေဖြစ်တဲ့ Word ၊ Excel နဲ့ PowerPoint တွေကို အခမဲ့အနေနဲ့ တရားဝင်အသုံးပြုနိုင်တာကတော့ အားရဖို့ အကောင်းဆုံးအချက်လို့တောင် ပြောနိုင်ပါတယ်။

အဲ့ဒါကြောင့် သင့်အနေနဲ့ Laptop အသစ်တစ်လုံးကို ဝယ်ယူဖို့ရှာဖွေနေတယ်၊ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းနဲ့ တခြားသော အသုံးပြုမှုတွေအတွက် Microsoft Office Software တွေကို အသုံးပြုဖို့ လိုအပ်တယ်ဆိုရင် Dell Laptop တွေဟာ သင့်အတွက် ထိပ်ဆုံးကနေ ရွေးချယ်သင့်တဲ့ Laptop တွေလို့ ပြောနိုင်ပါတယ်။ စဥ်းစားကြည့်လိုက်ပါ – သင့်အနေနဲ့ အရေးကြီးတဲ့ Excel Sheet တွေကို Deadline မတိုင်ခင် အမြန်ပြီးအောင် အလုပ်လုပ်ဖို့ လိုအပ်တဲ့အချိန်မှာ Crack သို့မဟုတ် Pirate Software တွေ သုံးထားမိလို့ အင်တာနက်ချိတ်လိုက်တာနဲ့ Error တက်မှာကို စိုးရိမ်နေရမယ့်အစား Microsoft Office Software တွေကို တရားဝင်အနေနဲ့ အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါက သင့်အတွက် အရေးကြီးတဲ့ File တွေပျက်သွားမှာကို စိုးရိမ်စရာမလိုအပ်သလို မမျှော်လင့်တဲ့အချိန်မှာ Error တက်မှာကိုလည်း လုံးဝ စိတ်ပူဖို့ မလိုအပ်တော့ပါဘူး။

အခုလိုမျိုး Dell OPI Laptop နဲ့ Desktop တွေကို ဝယ်ယူတဲ့နေရာမှာ သတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ ဒါကတော့ စစ်မှန်တဲ့ Geniue Dell Laptop တွေကိုဝယ်ယူနိုင်ဖို့အတွက် Dell Authorized Reseller ဆိုင်ကြီးတွေမှာပဲ ဝယ်ယူဖို့ဖြစ်ပါတယ်။ ဝယ်ယူတဲ့အချိန်မှာလည်း စစ်မှန်တဲ့အာမခံနဲ့ တခြားသော အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့အတွက် Dell Hologram Sticker ပါဝင်မှုရှိမရှိကိုလည်း ကျိန်းသေစစ်ဆေးဖို့ လိုအပ်ပါတယ်။