[Zawgyi]

Shanghai ရဲ႕ “5G is now” Summit မွာ ဟြာေ၀းရဲ႕ မန္းေနးဂ်င္း ဒါရိုက္တာက ကုမၸဏီရဲ႕ 5G စီးပြားေရးမွာ ေအာင္ျမင္ေနတဲ့ အေၾကာင္း ေျပာသြားပါတယ္။ သူက ဆက္သြယ္ေရး ကိရိယာမ်ား ထုတ္လုပ္တဲ့ ဟြာေ၀းဟာ ကမာၻအ၀န္းမွာ 5G အလုပ္အတြက္ စာခ်ဳပ္ေပါင္း ၅၀ ခ်ဳပ္ဆိုထားႏုိင္ၿပီျဖစ္ၿပီး ကမာၻမွာ အႀကီးမားဆံုး 5G ကိရိယာ ထုတ္လုပ္သူ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဟြာေ၀းဟာ 5G ကိရိယာမ်ား ေရာင္းခ်ထားမႈမွာ ကမာၻမွာ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။ 5G ကိရိယာ Sets ေပါင္း ၁၅၀ ၀၀၀ ေက်ာ္ ေရာင္းခ်ထားႏုိင္ၿပီး စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ႏိုင္ငံမ်ားထဲမွာ South Korea, Finland, Switzerland နဲ႔ UK ႏိုင္ငံမ်ား ပါ၀င္ပါတယ္။ ယခုႏွစ္ မတ္လကုန္အထိ စာရင္းအရ Nokia နဲ႔ Ericsson တို႔က ဒုတိယနဲ႔ တတိယ ေနရာမွာ ရပ္တည္ေနၿပီး စာခ်ဳပ္ေပါင္း ၃၀ နဲ႔ ၁၈ ခု အသီးသီး ရရွိထားပါတယ္။

ZTE ရဲ႕ သိပၸံပညာရပ္ဆိုင္ရာ ဘေလာ့ဂါ ျဖစ္သူ ZYJ Zhao Yajun က မၾကာခင္ကပဲ 5G SEP Patent List ကို ေဖာ္ျပခဲ့ပါတယ္။ ဟြာေ၀းက 2160 5G SEP Patents မ်ားေၾကာင့္ 5G ေစ်းကြက္ကို ဦးေဆာင္ေနၿပီး ႏိုကီယာက 1516 ကို ပိုင္ဆိုင္ထားပါတယ္။ စစ္တမ္းမ်ားအရ 5G ကိရိယာမ်ားရဲ႕ ၃၄ ရာခုိင္ႏႈန္းဟာ တရုတ္ကေန ထုတ္လုပ္တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားက 5G ကိရိယာေစ်းကြက္ရဲ႕   ၂၅ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားပါတယ္။ အေမရိကန္နဲ႔ ဖင္လန္က ၁၄ ရာခုိင္ႏႈန္းစီနဲ႔ ဆြီဒင္က ၈ ရာခုိင္ႏႈန္း ရရွိထားပါတယ္။

အေမရိကန္က ဟြာေ၀းရဲ႕ 5G ကိရိယာမ်ားကို ပိတ္ပင္ထားေပမယ့္ ဟြာေ၀းဟာ ကမာၻ႕ ထိပ္ဆံုးေနရာကို ထိန္းသိမ္းထားႏိုင္တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္  ကုမၸဏီအခ်ိဳ႕က ဟြာေ၀းဟာ 5G နယ္ပယ္မွာ သရဖူေဆာင္းထားတယ္ဆိုတာကို သေဘာမတူပါဘူး။ Samsung Electronics ရဲ႕ အထူး စီးပြားေရး ဌာနမွ Cui Yuanjun က Samsung ဟာ 5G နယ္ပယ္မွာ ေနာက္က် မက်န္ခဲ့ဘဲ Huawei , Ericsson တို႔နဲ႔ နည္းပညာ အပိုင္းမွာ အဆင့္တူတယ္လို႔ ေျပာပါတယ္။

Ref : gsmarena, news.mydrivers

[Unicode]

ပြဿနာများ ရှိနေပေမယ့် Huawei က 5G ဈေးကွက်ကို ဦးဆောင်နေ

Shanghai ရဲ့ “5G is now” Summit မှာ ဟွာဝေးရဲ့ မန်းနေးဂျင်း ဒါရိုက်တာက ကုမ္ပဏီရဲ့ 5G စီးပွားရေးမှာ အောင်မြင်နေတဲ့ အကြောင်း ပြောသွားပါတယ်။ သူက ဆက်သွယ်ရေး ကိရိယာများ ထုတ်လုပ်တဲ့ ဟွာဝေးဟာ ကမ္ဘာအဝန်းမှာ 5G အလုပ်အတွက် စာချုပ်ပေါင်း ၅၀ ချုပ်ဆိုထားနိုင်ပြီဖြစ်ပြီး ကမ္ဘာမှာ အကြီးမားဆုံး 5G ကိရိယာ ထုတ်လုပ်သူ ဖြစ်တယ်လို့ ပြောပါတယ်။

ဟွာဝေးဟာ 5G ကိရိယာများ ရောင်းချထားမှုမှာ ကမ္ဘာမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ 5G ကိရိယာ Sets ပေါင်း ၁၅၀ ၀၀၀ ကျော် ရောင်းချထားနိုင်ပြီး စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံများထဲမှာ South Korea, Finland, Switzerland နဲ့ UK နိုင်ငံများ ပါဝင်ပါတယ်။ ယခုနှစ် မတ်လကုန်အထိ စာရင်းအရ Nokia နဲ့ Ericsson တို့က ဒုတိယနဲ့ တတိယ နေရာမှာ ရပ်တည်နေပြီး စာချုပ်ပေါင်း ၃၀ နဲ့ ၁၈ ခု အသီးသီး ရရှိထားပါတယ်။

ZTE ရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ဘလော့ဂါ ဖြစ်သူ ZYJ Zhao Yajun က မကြာခင်ကပဲ 5G SEP Patent List ကို ဖော်ပြခဲ့ပါတယ်။ ဟွာဝေးက 2160 5G SEP Patents များကြောင့် 5G ဈေးကွက်ကို ဦးဆောင်နေပြီး နိုကီယာက 1516 ကို ပိုင်ဆိုင်ထားပါတယ်။ စစ်တမ်းများအရ 5G ကိရိယာများရဲ့ ၃၄ ရာခိုင်နှုန်းဟာ တရုတ်ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားက 5G ကိရိယာဈေးကွက်ရဲ့ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ အမေရိကန်နဲ့ ဖင်လန်က ၁၄ ရာခိုင်နှုန်းစီနဲ့ ဆွီဒင်က ၈ ရာခိုင်နှုန်း ရရှိထားပါတယ်။

အမေရိကန်က ဟွာဝေးရဲ့ 5G ကိရိယာများကို ပိတ်ပင်ထားပေမယ့် ဟွာဝေးဟာ ကမ္ဘာ့ ထိပ်ဆုံးနေရာကို ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီအချို့က ဟွာဝေးဟာ 5G နယ်ပယ်မှာ သရဖူဆောင်းထားတယ်ဆိုတာကို သဘောမတူပါဘူး။ Samsung Electronics ရဲ့ အထူး စီးပွားရေး ဌာနမှ Cui Yuanjun က Samsung ဟာ 5G နယ်ပယ်မှာ နောက်ကျ မကျန်ခဲ့ဘဲ Huawei , Ericsson တို့နဲ့ နည်းပညာ အပိုင်းမှာ အဆင့်တူတယ်လို့ ပြောပါတယ်။

Ref : gsmarena, news.mydrivers