[Zawgyi]
Ref: GSMarena
[Unicode]
Samsung Galaxy S10 နဲ့ Foldable Galaxy F တို့အကြောင်းကို လာမယ့်လအနည်းငယ်အကြာမှာ တရားဝင် ထုတ်ပြန်ကြေညာတော့မှာဖြစ်ပေမယ့် ကောလာဟလတွေကတော့ မိုးလုံးပြည့် ပျံသန်းနေဆဲ ဖြစ်ပါတယ်။ အခုလည်း Galaxy S10 ရဲ့ အရောင်တွေ၊ Fingerprint Reader အကြောင်းတွေနဲ့ Galaxy F တို့ရဲ့ အကြောင်းတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်ကနေ ပေါက်ကြားလာတယ်လို့ ဆိုပါတယ်။
သတင်းအရတော့ Galaxy S10 အမျိုးအစား သုံးမျိုးလာမယ်လို့ ဆိုပါတယ်။ တစ်မျိုးကတော့ Budget ဖြစ်ပြီး နောက်နှစ်မျိုးကတော့ Premium တွေ ဖြစ်ပါလိမ့်မယ်။ ဒါကလည်း အတော်လေးကို လူပြောများနေတာမို့ ကောလာဟလဆိုတာထက် တရားဝင်သတင်းလိုတောင် ဖြစ်နေတာပါ။ အရောင်တွေနဲ့ ပတ်သက်တဲ့ သတင်းကတော့ အခုမှ လာမှာပါ။
သတင်းရင်းမြစ်ရဲ့ အပြောအရတော့ Galaxy S10 ဟာ Black, White, Yellow နဲ့ Green Flavors ဆိုပြီး အရောင် ၄ မျိုးဖြစ်မယ်လို့ သိရပါတယ်။ ဒီထဲက အချို့အရောင်တွေကတော့ Gradient အရောင်တွေ ဖြစ်ဖို့များတယ်လို့လည်း သိရပါတယ်။ ဒါဖြင့်ရင် Fingerprint ကရော ဘယ်လိုမျိုးလဲ။ Premium တွေမှာတော့ In-Display Fingerprint Reader ဖြစ်မယ်လို့ သိရပါတယ်။ ဒါကြောင့် Budget အမျိုးအစားမှာတော့ သတင်းဟောင်းထဲကအတိုင်း Side-mounted Scanner နဲ့ပဲ လာတော့မှာ ဖြစ်ပါတယ်။
Premium အမျိုးအစားထဲမှာတော့ 5.8-inch မျက်နှာပြင်အရွယ်အစားနဲ့ 6.44-inch မျက်နှာပြင်အရွယ်အစား ဆိုပြီး နှစ်မျိုးလာမယ်လို့ သိရပါတယ်။ ဈေးသက်သာတဲ့ S10 ကလည်း 5.8-inch မျက်နှာပြင်အရွယ်အစားနဲ့ဖြစ်ပေမယ့် သာမန် Flat မျက်နှာပြင်သာဖြစ်ပြီး Curved အမျိုးအစား မဟုတ်ဘူးလို့ သိရပါတယ်။ Galaxy F အတွက်သတင်းကတော့ 512GB internal Storage နဲ့ဖြစ်ပြီး Silver နဲ့ Black နှစ်ရောင်ရွေးချယ်လို့ ရမယ်လို့ သိရပါတယ်။
(ရုပ်ပုံများသည် နမူနာများသာဖြစ်၍ အစစ်အမှန်များ မဟုတ်ပါ)
Ref: GSMarena