Zawgyi

နာမည္ေက်ာ္အေမရိကန္ကုမၸဏီ Apple တစ္ဦးတည္းပုိင္ဆုိင္တဲ့ iOS ပလက္ေဖာင္းေပၚမွာ မုိဘုိင္း App ေတြ ထုတ္လုပ္အသက္ေမြးေနတဲ့ Developer အခ်ဳိ႕ဟာ ဒီမုိဘုိင္းပလက္ေဖာင္းေပၚမွာ App ေတြ ျဖန္႔ခ်ိမႈကို လက္ဝါးႀကီးအုပ္ေနတဲ့အတြက္ Apple အား တရားစြဲဆုိလုိက္ပါတယ္။

ကေလးေတြကို နာမည္ေပးတဲ့ App နဲ႔ ဘက္စကက္ေဘာေလ့က်င့္ခန္း App ေတြထုတ္လုပ္ထားတဲ့ Plaintiffs စတူဒီယုိမွ ကူပါတီႏုိအေျခစုိက္ ကုမၸဏီဟာ သူ႕ရဲ႕ App Store မွာ ဘာေတြတင္ရမယ္၊ ဘာေတြ ဆက္တင္လို႔မရဘူးဆုိတာကို တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ အတင္းသြတ္သြင္းထားသလို ႏွစ္စဥ္ေၾကး ၉၉ ေဒၚလာ ေကာက္ခံတဲ့အျပင္ App ေတြထဲက ေငြေပးေခ်မႈရဲ႕ ၃၀% ထိ ျဖတ္ယူတယ္လို႔ ဆုိပါတယ္။

ပိုႀကီးမားတဲ့ ျပႆနာက တကယ္လို႔သာ Apple က အက္ပလီေကးရွင္းတစ္ခုကို သူတုိ႔ရဲ႕ App Store ေပၚမွာ မတင္ဘူးလို႔ ဆုံးျဖတ္လိုက္ရင္ အဆုိပါ App ဟာ iOS ေပၚကို ဘယ္လိုမွေရာက္မလာႏုိင္ေတာ့တာပါပဲ။

သူတုိ႔ရဲ႕စြဲခ်က္အရ ဒီျပႆနာဟာ Apple က အျခားကုမၸဏီမ်ားအား iOS ေပၚမွာ သူတုိ႔ကိုယ္ပုိင္ App Store ေတြ တည္ေဆာက္ခြင့္ေပးလုိက္ျခင္းအားျဖင့္ ရွင္းလင္းေပးႏုိင္မွာျဖစ္ပါတယ္။ ဒါဟာ အျခား Developer ေတြရဲ႕ ေစ်းကြက္ကို အသက္ရႈေခ်ာင္သြားေစမွာျဖစ္ၿပီး Apple ကိုယ္တုိင္လည္း သူ႕ရဲ႕ App Store ကုိ သူမ်ားထက္ သာေနဖို႔ ပိုၾကိဳးစားခ်င္စိတ္ ရွိလာေစမွာပါ။

ဒီလိုသာ တင္းၾကပ္မထားရင္ iOS သုံးစြဲသူေတြကလည္း သူတုိ႔အုိင္ဖုန္းေတြအတြက္ ေရြးခ်ယ္စရာေတြ ပိုမ်ားလာမွာျဖစ္ၿပီး မုိဘုိင္း App ျဖန္႔ခ်ိမႈနဲ႔ အေရာင္းအား ပုိမုိတုိးတက္လာမွာျဖစ္တယ္လို႔ ဆုိပါတယ္။ အေမရိကန္ လႊတ္ေတာ္အမတ္တစ္ခ်ဳိ႕ဟာ အလားတူ နည္းပညာလက္ဝါးႀကီးအုပ္မႈ ျဖစ္ေပၚေနတဲ့ ကုမၸဏီေတြကို ေခၚယူၿပီး မားကက္တင္းနဲ႔ ျဖန္႔ခ်ိမႈမွာ လက္ဝါးၾကီးအုပ္ထားတာေတြကို ေျဖေလ်ာ့ဖို႔ စစ္ေဆးေမးျမန္းခဲ့ဖူးပါတယ္။

Ref – GSM Arena

Unicode

နာမည်ကျော်အမေရိကန်ကုမ္ပဏီ Apple တစ်ဦးတည်းပိုင်ဆိုင်တဲ့ iOS ပလက်ဖောင်းပေါ်မှာ မိုဘိုင်း App တွေ ထုတ်လုပ်အသက်မွေးနေတဲ့ Developer အချို့ဟာ ဒီမိုဘိုင်းပလက်ဖောင်းပေါ်မှာ App တွေ ဖြန့်ချိမှုကို လက်ဝါးကြီးအုပ်နေတဲ့အတွက် Apple အား တရားစွဲဆိုလိုက်ပါတယ်။

ကလေးတွေကို နာမည်ပေးတဲ့ App နဲ့ ဘက်စကက်ဘောလေ့ကျင့်ခန်း App တွေထုတ်လုပ်ထားတဲ့ Plaintiffs စတူဒီယိုမှ ကူပါတီနိုအခြေစိုက် ကုမ္ပဏီဟာ သူ့ရဲ့ App Store မှာ ဘာတွေတင်ရမယ်၊ ဘာတွေ ဆက်တင်လို့မရဘူးဆိုတာကို တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ အတင်းသွတ်သွင်းထားသလို နှစ်စဉ်ကြေး ၉၉ ဒေါ်လာ ကောက်ခံတဲ့အပြင် App တွေထဲက ငွေပေးချေမှုရဲ့ ၃၀% ထိ ဖြတ်ယူတယ်လို့ ဆိုပါတယ်။

ပိုကြီးမားတဲ့ ပြဿနာက တကယ်လို့သာ Apple က အက်ပလီကေးရှင်းတစ်ခုကို သူတို့ရဲ့ App Store ပေါ်မှာ မတင်ဘူးလို့ ဆုံးဖြတ်လိုက်ရင် အဆိုပါ App ဟာ iOS ပေါ်ကို ဘယ်လိုမှရောက်မလာနိုင်တော့တာပါပဲ။

သူတို့ရဲ့စွဲချက်အရ ဒီပြဿနာဟာ Apple က အခြားကုမ္ပဏီများအား iOS ပေါ်မှာ သူတို့ကိုယ်ပိုင် App Store တွေ တည်ဆောက်ခွင့်ပေးလိုက်ခြင်းအားဖြင့် ရှင်းလင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ အခြား Developer တွေရဲ့ ဈေးကွက်ကို အသက်ရှုချောင်သွားစေမှာဖြစ်ပြီး Apple ကိုယ်တိုင်လည်း သူ့ရဲ့ App Store ကို သူများထက် သာနေဖို့ ပိုကြိုးစားချင်စိတ် ရှိလာစေမှာပါ။

ဒီလိုသာ တင်းကြပ်မထားရင် iOS သုံးစွဲသူတွေကလည်း သူတို့အိုင်ဖုန်းတွေအတွက် ရွေးချယ်စရာတွေ ပိုများလာမှာဖြစ်ပြီး မိုဘိုင်း App ဖြန့်ချိမှုနဲ့ အရောင်းအား ပိုမိုတိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် လွှတ်တော်အမတ်တစ်ချို့ဟာ အလားတူ နည်းပညာလက်ဝါးကြီးအုပ်မှု ဖြစ်ပေါ်နေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူပြီး မားကက်တင်းနဲ့ ဖြန့်ချိမှုမှာ လက်ဝါးကြီးအုပ်ထားတာတွေကို ဖြေလျော့ဖို့ စစ်ဆေးမေးမြန်းခဲ့ဖူးပါတယ်။

Ref – GSM Arena