[Zawgyi]

တရုတ္ႏုိင္ငံဟာအင္တာနက္သုံးစြဲသူဦးေရသန္းရာေပါင္းမ်ားစြာရွိၿပီးအြန္လိုင္းဂိမ္းေတြရဲ႕အႀကီးဆုံးပစ္မွတ္တစ္ခုလည္းျဖစ္ပါတယ္။၂၀၁၈ခုႏွစ္အေစာပိုင္းမွာပြထလာတဲ့အြန္လိုင္းဂိမ္းေတြကိုစစ္ေဆးဖို႔တရုတ္အစုိးရကစတင္ၾကံေဆာင္ခဲ့ၿပီးဂိမ္းအသစ္ေတြကိုထင္သလိုထုတ္ေဝေနတာေခတၱရပ္တန္႔ပစ္လုိက္တယ္။အခုလအေစာပိုင္းမွာလည္းအြန္လုိင္းဂိမ္းေတြကိုစစ္ေဆးဖို႔သီးသန္႔အဖြဲ႕အေနနဲ႔အြန္လိုင္းယဥ္ေက်းမႈေစာင့္ၾကည့္ထိန္းသိမ္းေရးေကာ္မတီကိုဖြဲ႕စည္းခဲ့ၿပီးနာမည္ေက်ာ္ဂိမ္းအမ်ဳိးအစား၂၀ကုိပထမအသုတ္အေနနဲ႔စစ္ေဆးခဲ့ပါတယ္။

အဲဒီစာရင္းထဲမွာတရုတ္ျပည္တြင္းကနာမည္ႀကီးကုမၸဏီျဖစ္တဲ့Tencent ပုိင္တဲ့ဂိမ္းေတြလည္းပါဝင္ခဲ့ၿပီးဂိမ္း၂၀အနက္၁၁ခုကိုပါဝင္အေၾကာင္းအရာမ်ားအားျပဳျပင္ဖို႔ဆုံးျဖတ္ခဲ့ကာ၉ခုကိုေတာ့စစ္ေဆးမႈမွာမေအာင္ျမင္ဘဲပိတ္ပင္ဖို႔ဆုံးျဖတ္ခဲ့ေၾကာင္းသတင္းစထြက္လာခဲ့ပါတယ္။

ဒီသတင္းကေတာ့Reddit ေပၚကThread တစ္ခုမွာေပၚထြက္လာခဲ့ၿပီးတရုတ္ဂိမ္းဖိုရမ္ျဖစ္တဲ့NGA ကိုျပန္လည္ညႊန္းဆုိထားတယ္။အဆုိပါစာရင္းထဲမွာႏုိင္ငံတကာမွာေခတ္စားေနတဲ့League of Legends, Overwatch, Fortnite တုိ႔လိုနာမည္ႀကီးဂိမ္းေတြပါဝင္ပါတယ္။LOL, Overwatch, Diabloနဲ႔World of Warcraft ဂိမ္းေတြဟာအျခားႏုိင္ငံေတြမွာဘာျပႆနာမွမရွိဘဲလက္ခံေဆာ့ကစားေနတဲ့ဂိမ္းစီးရီးႀကီးေတြျဖစ္ေသာ္လည္းေကာ္မတီအသစ္ကေတာ့ျပင္ဆင္ဖို႔လိုအပ္ေၾကာင္းမွတ္ခ်က္ခ်ခဲ့တယ္လို႔ဆုိတယ္။

ေနာက္ထပ္Battle Royales ဂိမ္းအမ်ားစုျဖစ္တဲ့PUBG, Fortnite, H1Z1 တုိ႔ဟာTencent ထုတ္Ring of Elysium နဲ႔အတူပိတ္ပင္ခံရမယ့္စာရင္းထဲပါဝင္ေနတယ္လို႔သိရပါတယ္။ဒီဂိမ္းေတြကိုဘန္းရတဲ့အေၾကာင္းျပခ်က္ကို“ေသြးထြက္သံယိုမႈ” အႀကီးစားေတြပါဝင္ေနေၾကာင္းေပးထားတာေၾကာင့္H1Z1 တုိ႔လိုဂိမ္းေတြမွာနားလည္ေပးလို႔ရေပမယ့္Fortnite ဟာေသြးထြက္သံယုိEffect ေတြကိုလုံးဝေရွာင္ၾကဥ္ရာမွာနာမည္ႀကီးတဲ့ဂိမ္းျဖစ္တာေၾကာင့္စဥ္းစားစရာပါပဲ။

Hi-Rez စတူဒီယုိရဲ႕Paladins ကိုလည္း“အေဖာ္အခၽြတ္မ်ားတဲ့မိန္းကေလးဇာတ္ေကာင္ေတြ၊ေသြးထြက္သံယုိမႈမ်ားနဲ႔မသင့္ေတာ္တဲ့အရာေတြ” ပါဝင္ေနတယ္ဆုိၿပီးဘန္းခဲ့ပါတယ္။Fortnite လိုပဲဒီဂိမ္းမွာလဲေသြးထြက္သံယိုEffect ေတြမသုံးထားတာေၾကာင့္Overwatch ကိုသတိေပးရုံပဲေပးၿပီးဒီဂိမ္းေတြကိုဘန္းတာဟာစဥ္းစားစရာျဖစ္တယ္လို႔PCGamesN ဝက္ဆုိက္ကေဖာ္ျပထားပါတယ္။

ဒီအေရးယူမႈမွာအထိနာဆုံးကေတာ့Blizzard နဲ႔တရုတ္ကုမၸဏီTencent တုိ႔ပဲျဖစ္ၿပီးPUBG, LoL, Paladinsဂိမ္းေတြမွာလည္းရွယ္ယာရာခုိင္ႏႈန္းႀကီးႀကီးမားမားပါဝင္ေနတဲ့Tencent ဟာအဲဒီဂိမ္းေတြကိုပါထည့္တြက္ရင္ဂိမ္း၂၀စာရင္းထဲမွာ၆ေနရာထိပါဝင္ခဲ့တာပါ။Blizzard နဲ႔NetEase တုိ႔ကေတာ့သုံးေလးႀကိမ္စီပါဝင္ခဲ့ပါတယ္။

တရုတ္အစုိးရဟာကေလးငယ္ေတြကိုေသြးထြက္သံယုိေတြ၊အေဖာ္အခၽြတ္ေတြနဲ႔စာရိတၱလြဲမွားေစတဲ့ဂိမ္းContent ေတြမွကာကြယ္ေပးလိုၿပီးမၾကာေသးခင္ကလည္းအသက္မျပည့္ေသးတဲ့သူေတြရဲ႕ဗီဒီယုိဂိမ္းကစားခ်ိန္ကုိေလွ်ာ့ခ်ဖို႔ႀကိဳးစားခဲ့ပါေသးတယ္။လက္ရွိမွာအဘန္းခံရတဲ့ဂိမ္းေတြကိုတရုတ္ဂိမ္မာေတြအေနနဲ႔ဆက္ေဆာ့ေနလို႔ရေနတုန္းပဲလို႔ဆုိၿပီးBlizzard ကုမၸဏီကလည္းသူတုိ႔သတိေပးခံခဲ့ရတယ္ဆုိတာကိုတရားဝင္Weibo အေကာင့္မွာျငင္းဆုိခဲ့ေပမယ့္အဆုိပါပုိ႔စ္ကိုျပန္ဖ်က္သြားခဲ့တယ္လို႔သိရပါတယ္။

Ref – PCGamesN

[Unicode]

တရုတ်နိုင်ငံဟာအင်တာနက်သုံးစွဲသူဦးရေသန်းရာပေါင်းများစွာရှိပြီးအွန်လိုင်းဂိမ်းတွေရဲ့အကြီးဆုံးပစ်မှတ်တစ်ခုလည်းဖြစ်ပါတယ်။၂၀၁၈ခုနှစ်အစောပိုင်းမှာပွထလာတဲ့အွန်လိုင်းဂိမ်းတွေကိုစစ်ဆေးဖို့တရုတ်အစိုးရကစတင်ကြံဆောင်ခဲ့ပြီးဂိမ်းအသစ်တွေကိုထင်သလိုထုတ်ဝေနေတာခေတ္တရပ်တန့်ပစ်လိုက်တယ်။အခုလအစောပိုင်းမှာလည်းအွန်လိုင်းဂိမ်းတွေကိုစစ်ဆေးဖို့သီးသန့်အဖွဲ့အနေနဲ့အွန်လိုင်းယဉ်ကျေးမှုစောင့်ကြည့်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီးနာမည်ကျော်ဂိမ်းအမျိုးအစား၂၀ကိုပထမအသုတ်အနေနဲ့စစ်ဆေးခဲ့ပါတယ်။

အဲဒီစာရင်းထဲမှာတရုတ်ပြည်တွင်းကနာမည်ကြီးကုမ္ပဏီဖြစ်တဲ့Tencent ပိုင်တဲ့ဂိမ်းတွေလည်းပါဝင်ခဲ့ပြီးဂိမ်း၂၀အနက်၁၁ခုကိုပါဝင်အကြောင်းအရာများအားပြုပြင်ဖို့ဆုံးဖြတ်ခဲ့ကာ၉ခုကိုတော့စစ်ဆေးမှုမှာမအောင်မြင်ဘဲပိတ်ပင်ဖို့ဆုံးဖြတ်ခဲ့ကြောင်းသတင်းစထွက်လာခဲ့ပါတယ်။

ဒီသတင်းကတော့Reddit ပေါ်ကThread တစ်ခုမှာပေါ်ထွက်လာခဲ့ပြီးတရုတ်ဂိမ်းဖိုရမ်ဖြစ်တဲ့NGA ကိုပြန်လည်ညွှန်းဆိုထားတယ်။အဆိုပါစာရင်းထဲမှာနိုင်ငံတကာမှာခေတ်စားနေတဲ့League of Legends, Overwatch, Fortnite တို့လိုနာမည်ကြီးဂိမ်းတွေပါဝင်ပါတယ်။LOL, Overwatch, Diablo နဲ့World of Warcraft ဂိမ်းတွေဟာအခြားနိုင်ငံတွေမှာဘာပြဿနာမှ မရှိဘဲလက်ခံဆော့ကစားနေတဲ့ဂိမ်းစီးရီးကြီးတွေဖြစ်သော်လည်းကော်မတီအသစ်ကတော့ပြင်ဆင်ဖို့လိုအပ်ကြောင်းမှတ်ချက်ချခဲ့တယ်လို့ဆိုတယ်။

နောက်ထပ်Battle Royales ဂိမ်းအများစုဖြစ်တဲ့PUBG, Fortnite, H1Z1 တို့ဟာTencent ထုတ်Ring of Elysium နဲ့အတူပိတ်ပင်ခံရမယ့်စာရင်းထဲပါဝင်နေတယ်လို့သိရပါတယ်။ဒီဂိမ်းတွေကိုဘန်းရတဲ့အကြောင်းပြချက်ကို“သွေးထွက်သံယိုမှု” အကြီးစားတွေပါဝင်နေကြောင်းပေးထားတာကြောင့်H1Z1 တို့လိုဂိမ်းတွေမှာနားလည်ပေးလို့ရပေမယ့်Fortnite ဟာသွေးထွက်သံယိုEffect တွေကိုလုံးဝရှောင်ကြဉ်ရာမှာနာမည်ကြီးတဲ့ဂိမ်းဖြစ်တာကြောင့်စဉ်းစားစရာပါပဲ။

Hi-Rez စတူဒီယိုရဲ့Paladins ကိုလည်း“အဖော်အချွတ်များတဲ့မိန်းကလေးဇာတ်ကောင်တွေ၊သွေးထွက်သံယိုမှုများနဲ့မသင့်တော်တဲ့အရာတွေ” ပါဝင်နေတယ်ဆိုပြီးဘန်းခဲ့ပါတယ်။Fortnite လိုပဲဒီဂိမ်းမှာလဲသွေးထွက်သံယိုEffect တွေမသုံးထားတာကြောင့်Overwatch ကိုသတိပေးရုံပဲပေးပြီးဒီဂိမ်းတွေကိုဘန်းတာဟာစဉ်းစားစရာဖြစ်တယ်လို့PCGamesN ဝက်ဆိုက်ကဖော်ပြထားပါတယ်။

ဒီအရေးယူမှုမှာအထိနာဆုံးကတော့Blizzard နဲ့တရုတ်ကုမ္ပဏီTencent တို့ပဲဖြစ်ပြီးPUBG, LoL, Paladinsဂိမ်းတွေမှာလည်းရှယ်ယာရာခိုင်နှုန်းကြီးကြီးမားမားပါဝင်နေတဲ့Tencent ဟာအဲဒီဂိမ်းတွေကိုပါထည့်တွက်ရင်ဂိမ်း၂၀စာရင်းထဲမှာ၆နေရာထိပါဝင်ခဲ့တာပါ။Blizzard နဲ့NetEase တို့ကတော့သုံးလေးကြိမ်စီပါဝင်ခဲ့ပါတယ်။

တရုတ်အစိုးရဟာကလေးငယ်တွေကိုသွေးထွက်သံယိုတွေ၊အဖော်အချွတ်တွေနဲ့စာရိတ္တလွဲမှားစေတဲ့ဂိမ်းContent တွေမှ ကာကွယ်ပေးလိုပြီးမကြာသေးခင်ကလည်းအသက်မပြည့်သေးတဲ့သူတွေရဲ့ဗီဒီယိုဂိမ်းကစားချိန်ကိုလျှော့ချဖို့ကြိုးစားခဲ့ပါသေးတယ်။လက်ရှိမှာအဘန်းခံရတဲ့ဂိမ်းတွေကိုတရုတ်ဂိမ်မာတွေအနေနဲ့ဆက်ဆော့နေလို့ရနေတုန်းပဲလို့ဆိုပြီးBlizzard ကုမ္ပဏီကလည်းသူတို့သတိပေးခံခဲ့ရတယ်ဆိုတာကိုတရားဝင်Weibo အကောင့်မှာငြင်းဆိုခဲ့ပေမယ့်အဆိုပါပို့စ်ကိုပြန်ဖျက်သွားခဲ့တယ်လို့သိရပါတယ်။

Ref – PCGamesN