အခုလက်ရှိအချိန်မှာ Flagship စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေမှာပါ 5G Network ကို Support ပေးနေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံတွင်းမှာ 5G စမတ်ဖုန်းတွေအနေနဲ့ ပြိုင်ဆိုင်မှုကအလွန်ပြင်းထန်နေတယ်လို့တောင် ပြောနိုင်မှာပါ။

အခုအချိန်မှာလည်း Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ DigiTimes ကနေ ယခု ၂၀၂၀ ခုနှစ်အတွက် 5G စမတ်ဖုန်းတွေရောင်းချရမှုဟာ အလုံးရေ သန်း ၂၅၀ အထိရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ခန့်မှန်းမှုဟာ များပြားတယ်ဆိုပေမယ့် ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ အလုံးရေ သန်း ၁၇၀ လောက်ဟာ တရုတ်နိုင်ငံတွင်းမှာရောင်းချရမယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်စမတ်ဖုန်းစမတ်ဖုန်းကုမ္ပဏီတွေဟာ Flagship ဖုန်းတွေမှာ 5G Network ကို မပါမဖြစ်ထည့်သွင်းနေကြပြီဖြစ်သလို Xiaomi ၊ Huawei နဲ့ realme တို့ကလည်း စျေးအသက်သာဆုံး 5G ဖုန်းကို အပြင်အဆိုင်ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်ကုန်ပိုင်းမှာ Entry Level စမတ်ဖုန်းတွေမှာပါ 5G ကို Support ပေးလာဖွယ်ရှိနေပါတယ်။

ယခုနှစ် အစောပိုင်း ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ 5G စမတ်ဖုန်းတွေအနေနဲ့ စုစုပေါင်း အလုံးရေ ၂၄ သန်းခန့် တင်ပို့ရောင်းချထားရတယ်လို့ သိရပြီးတော့ ဧပြီလကနေ နှစ်ကုန်ပိုင်းအထိကို ကျန်ရှိတဲ့အလုံး ၂၂၅ သန်းကျော် ရောင်းချရဖို့က ဖြစ်နိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ COVID-19 ဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းရောင်းချမှုတွေထိခိုက်မှုတွေက ပြန်ပြီးသက်သာလာတဲ့အတွက် 5G စမတ်ဖုန်းရောင်းအားတွေပိုကောင်းလာမှာကတော့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China