Zawgyi

႐ုပ္ရွင္ Streaming Service ေတြထဲမွာ Netflix က ေလာေလာဆယ္ ေအာင္ျမင္မႈအရဆုံး Service တစ္ခုလို႔ ေျပာႏိုင္ေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၂ ရက္ေန႔တုန္းကမွ မိတ္ဆက္ထားခဲ့တဲ့ Disney ရဲ႕ Streaming Service အသစ္ Disney+ က လက္ဝါးႀကီးအုပ္ေတာ့မယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Disney+ ကို မိတ္ဆက္ၿပီး ၂၄ နာရီအတြင္းမွာတင္ Subscriber ေပါင္း ၁၀ သန္းေက်ာ္ရရွိၿပီးၿပီလို႔ ကုမၸဏီကေန တရားဝင္ထုတ္ေဖာ္ေျပာၾကားလိုက္တာေၾကာင့္ျဖစ္ပါတယ္။ ဒါတင္မဟုတ္ဘဲ Apptopia ရဲ႕ ေျပာၾကားခ်က္အရ Disney+ App ကို Download ျပဳလုပ္သူအေရအတြက္ကလည္း ၃.၂ သန္းေက်ာ္ရွိခဲ့တယ္လို႔ သိရပါတယ္။ Apple App Store မွာလည္း Disney+ က တစ္ရက္ထဲနဲ႔ ထိပ္ဆုံး App ေနရာကို ရယူႏိုင္ခဲ့တာပါ။

Disney+ ဟာ လက္ရွိ Pixer ၊ Disney ၊ Marvel နဲ႔ Star Wars အပါအဝင္ တျခားေသာ ထြက္ရွိၿပီး နာမည္ႀကီး ႐ုပ္ရွင္ေတြအမ်ားအျပားပါဝင္ထားၿပီးျဖစ္တဲ့အတြက္ လူအမ်ားစိတ္ဝင္စားမႈကို ခံေနရတာျဖစ္ပါတယ္။ အခုမွ အသစ္ျပသေနတဲ့ Live-action Star Wars Show ျဖစ္တဲ့ The Mandalorian ကလည္း ပထမဆုံးေန႔မွာတင္ Streaming ၾကည့္ရႈသူ ၂ သန္းေက်ာ္ရွိခဲ့တဲ့အတြက္ ေအာင္ျမင္ေနတယ္လို႔ ေျပာလို႔ရပါတယ္။

Disney+ ရဲ႕ အခုလိုေအာင္ျမင္မႈဟာ လစဥ္ေၾကးအေနနဲ႔ Netflix ထက္ ပိုသက္သာတဲ့ $6.99 ကေန စတင္တာျဖစ္တဲ့အျပင္ ESPN+ နဲ႔ Hulu ေတြ ပါဝင္တဲ့ Bundle Subscription ကိုပါ ဝယ္ယူႏိုင္တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အေစာပိုင္းတုန္းက သုံးသပ္သူေတြက Disney+ ကို စစျခင္း ၁ ႏွစ္အတြင္းမွာ Subscriber ၁၀ သန္းကေန ၁၈ သန္းဝန္းက်င္ပဲရွိႏိုင္မယ္လို႔ သုံးသပ္ခဲ့ၾကေပမယ့္ အခုကေတာ့ Subscriber ၁၀ သန္းေက်ာ္ကို ၂၄ နာရီအတြင္းမွာတင္ ရယူသြားခဲ့တာကေတာ့ တကယ္မထင္မွတ္စရာပါ။

ဒါေပမယ့္လည္း ေလာေလာဆယ္မွာ Disney+ က Streaming အတြက္ Support ျပဳလုပ္တဲ့ႏိုင္ငံအေရအတြက္အရ နည္းပါးေနေသးသလို Free Trial ၇ ရက္ေပးထားတဲ့အတြက္ ဒီ Subscriber ပမာဏကို အတည္ယူလို႔ မရေသးဘဲ လာမယ့္ ၂၀၂၀ ႏွစ္အေစာပိုင္းေလာက္မွ အေသအခ်ာခန္႔မွန္းႏိုင္မွာပါ။ ဘာပဲျဖစ္ျဖစ္ စစျခင္းမွာတင္ ဒီလိုေၾကာက္ခမန္းလိလိရလဒ္တစ္ခုကို ရရွိတာကေတာ့ Netflix အတြက္ စိုးရိမ္စရာျဖစ္လာပါၿပီ။

Ref – The Verge

Unicode

ရုပ်ရှင် Streaming Service တွေထဲမှာ Netflix က လောလောဆယ် အောင်မြင်မှုအရဆုံး Service တစ်ခုလို့ ပြောနိုင်ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့တုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ Disney ရဲ့ Streaming Service အသစ် Disney+ က လက်ဝါးကြီးအုပ်တော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Disney+ ကို မိတ်ဆက်ပြီး ၂၄ နာရီအတွင်းမှာတင် Subscriber ပေါင်း ၁၀ သန်းကျော်ရရှိပြီးပြီလို့ ကုမ္ပဏီကနေ တရားဝင်ထုတ်ဖော်ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Apptopia ရဲ့ ပြောကြားချက်အရ Disney+ App ကို Download ပြုလုပ်သူအရေအတွက်ကလည်း ၃.၂ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ Apple App Store မှာလည်း Disney+ က တစ်ရက်ထဲနဲ့ ထိပ်ဆုံး App နေရာကို ရယူနိုင်ခဲ့တာပါ။

Disney+ ဟာ လက်ရှိ Pixer ၊ Disney ၊ Marvel နဲ့ Star Wars အပါအဝင် တခြားသော ထွက်ရှိပြီး နာမည်ကြီး ရုပ်ရှင်တွေအများအပြားပါဝင်ထားပြီးဖြစ်တဲ့အတွက် လူအများစိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ အခုမှ အသစ်ပြသနေတဲ့ Live-action Star Wars Show ဖြစ်တဲ့ The Mandalorian ကလည်း ပထမဆုံးနေ့မှာတင် Streaming ကြည့်ရှုသူ ၂ သန်းကျော်ရှိခဲ့တဲ့အတွက် အောင်မြင်နေတယ်လို့ ပြောလို့ရပါတယ်။

Disney+ ရဲ့ အခုလိုအောင်မြင်မှုဟာ လစဥ်ကြေးအနေနဲ့ Netflix ထက် ပိုသက်သာတဲ့ $6.99 ကနေ စတင်တာဖြစ်တဲ့အပြင် ESPN+ နဲ့ Hulu တွေ ပါဝင်တဲ့ Bundle Subscription ကိုပါ ဝယ်ယူနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ အစောပိုင်းတုန်းက သုံးသပ်သူတွေက Disney+ ကို စစခြင်း ၁ နှစ်အတွင်းမှာ Subscriber ၁၀ သန်းကနေ ၁၈ သန်းဝန်းကျင်ပဲရှိနိုင်မယ်လို့ သုံးသပ်ခဲ့ကြပေမယ့် အခုကတော့ Subscriber ၁၀ သန်းကျော်ကို ၂၄ နာရီအတွင်းမှာတင် ရယူသွားခဲ့တာကတော့ တကယ်မထင်မှတ်စရာပါ။

ဒါပေမယ့်လည်း လောလောဆယ်မှာ Disney+ က Streaming အတွက် Support ပြုလုပ်တဲ့နိုင်ငံအရေအတွက်အရ နည်းပါးနေသေးသလို Free Trial ၇ ရက်ပေးထားတဲ့အတွက် ဒီ Subscriber ပမာဏကို အတည်ယူလို့ မရသေးဘဲ လာမယ့် ၂၀၂၀ နှစ်အစောပိုင်းလောက်မှ အသေအချာခန့်မှန်းနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် စစခြင်းမှာတင် ဒီလိုကြောက်ခမန်းလိလိရလဒ်တစ်ခုကို ရရှိတာကတော့ Netflix အတွက် စိုးရိမ်စရာဖြစ်လာပါပြီ။

Ref – The Verge