Disney+ ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက စတင်မိတ်ဆက်တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတွေအကုန်လုံးမှာ အသုံးမပြုနိုင်သေးပေမယ့် ၅ လတာအချိန်အတွင်းမှာ သုံးစွဲသူ သန်း ၅၀ အထိရှိသွားပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အခုလိုမျိုး သုံးစွဲသူသန်း ၅၀ ကျော်ရရှိသွားတဲ့အဓိကအချက်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းဝန်းကျင်တုန်းက India နိုင်ငံမှာ ရရှိအောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် India တစ်နိုင်ငံထဲကတင် သုံးစွဲသူ ၈ သန်းဝန်းကျင်လောက်ရရှိခဲ့တယ်လို့ သိရပါတယ်။

Display+ Streaming Service ဟာ အဓိကအနေနဲ့ US နဲ့ Europe နိုင်ငံတွေမှာပဲ ရရှိနေသေးတာဖြစ်ပါတယ်။ စစခြင်းအနေနဲ့ ပြသခဲ့တဲ့ The Mandalorian လိုမျိုး Series တွေကလည်း လူကြိုက်များခဲ့သလို နောက်ပိုင်းမှာ Marvel Series တွေအများအပြားလည်း ပြသသွားဖို့ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာလည်း Disney+ မှာ Disney ၊ Pixar ၊ Marvel ၊ Star Wars နဲ့ Nat Geo လိုမျိုး ရုပ်ရှင်မျိုးစုံရှိနေပါတယ်။ Disney ရဲ့ Direct-to-Consumer & Internation Business Chairman ဖြစ်တဲ့ Keving Mayar ကတော့ လာမယ့် ၂၀၂၀ အတွင်းမှာ Disney+ ကို အနောက်နိုင်ငံတွေနဲ့ Japan ၊ Latin America နိုင်ငံတွေမှာပါ အသုံးပြုနိုင်အောင် ဖြန့်ကျက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – GSM Arena