Disney ဟာ Streaming Video Channel ဖြစ်တဲ့ Disney+ ကို အရောင်းမြှင့်တင်တဲ့အနေနဲ့ ဇာတ်ကောင်တွေကို Non-fungible Tokens(NFTs) အဖြစ် ရောင်းချမယ်လို့ Veve က ကြေညာလိုက်ပါတယ်။ NFTs အဖြစ် ရောင်းချမယ့်အထဲမှာ Disney ဇာတ်ကောင်တွေသာမကဘဲ Marvel (SpiderMan), Pixar (Toy Story, Cars, Nemo, The Incredibles), Star Wars နဲ့ တခြား အရာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဘယ်ဇာတ်ကောင်တွေကို NFTs အဖြစ် ရောင်းချမလဲ ဆိုတာ မသိရသေးပါဘူး။

The Ultimate List of Disney Characters

အဲဒီ NFTs တွေကို “Golden Moments” အဖြစ် ရောင်းချမှာ ဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ ရွှေ ရုပ်တုတွေ ပါဝင်မှာပါ။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် Disney+ Day ကို ဂုဏ်ပြုတဲ့အနေနဲ့ Veve App ကနေ မကြာခင် ရောင်းချမှာပါ။ အရောင်းမြှင့်တင်ရေးရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ NFTs ဝယ်ယူသူ  တချို့အတွက် Disney+ Subscription ကို လက်ဆောင်ပေးမှာပါ။

215+ Female Disney Character Names Inspired By The Magic Of Disney

Veve ဟာ Marvel အတွက် ဒစ်ဂျစ်တယ် ကာတွန်းတွေကို ရောင်းချပေးထားသလို Superman လို DC ကာတွန်းတွေအတွက် NFTs တွေကို ရောင်းချပေးနေပါတယ်။ လိုင်စင်ရထားတဲ့ တခြား အရာတွေထဲမှာ James Bond , Star Trek, Back to the Future နဲ့ Cartoon Network တို့ ပါဝင်ပါတယ်။

Veve ဟာ လက်ရှိအချိန်အထိ NFTs ၁.၉ သန်း ရောင်းချထားနိုင်ပြီး Active User ပေါင်း ၅၀၀,၀၀၀ ကျော် ရှိပါတယ်။ NFTs တွေဟာ Blockchain နည်းပညာကို အသုံးပြုပြီး ဒစ်ဂျစ်တယ် ပစ္စည်းတွေရဲ့ ပိုင်ရှင်ကို သက်သေခံပေးတာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်းလို့ ဆိုရာမှာ ကာတွန်းပုံ၊ သီချင်း၊ ပန်းချီ၊ ဗီဒီယိုတွေလို အရာတွေ ပါဝင်ပါတယ်။ NFTs တွေဟာ ဒီနှစ် အပိုင်းအတွင်းမှာ အရမ်းကို ရေပန်းစားလာပြီး Celebrity တွေ၊ ဖျော်ဖြေရေး ကုမ္ပဏီတွေဟာ NFTs ဈေးကွက်ကို ဝင်ရောက်လာကြပါတယ်။

Ref : ledgerinsights