ရဲလက်ထဲမှာ George Floyd သေဆုံးပြီးနောက် အမေရိကန် တလွှားမှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး မသမာသူတွေက စတိုးတွေကနေ ပစ္စည်းတွေ ခိုးယူနေကြပါတယ်။ မကြာခင်ကပဲ Apple စတိုး ဖောက်ထွင်းခံရပြီး iPhone တွေ ခိုးယူခံခဲ့ရပါတယ်။

နယူးယောက်ရှိ မန်ဟတ်တန်က DJI စတိုးဟာလည်း ပြီးခဲ့တဲ့ ၁ ပတ်က ဖောက်ထွင်းခံခဲ့ရပြီး ဒေါ်လာ ၁၆,၀၀၀ တန်ဖိုးရှိ DJI Drone ၆ စီး ခိုးယူခံခဲ့ရပါတယ်။ Apple က iPhone တည်နေရာ ခြေရာခံ စနစ်ကနေ အခိုးခံရတဲ့ဖုန်းတွေကို ရှာဖွေမှာ ဖြစ်ပြီး DJI Drone တွေကို ရှာဖွေလို့ မရသေးပါဘူး။

ဗီဒီယို ၁ ခုမှာ ဆန္ဒပြသူ တချို့ဟာ မန်ဟတ်တန်ရှိ ဘရော့ဝေးက DJI စတိုးကနေ ခိုးယူနေတာကို ပြသထားပါတယ်။ စတိုးဆိုင်ဖောက်ထွင်းမှုဟာ ည ၁၁ နာရီ ၂၅ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုမှာ လူ ၅ ယောက်ဟာ DJI စတိုး အရှေ့က မှန်တွေကို ခွဲပြီး ဝင်ရောက်လာကြပြီးနောက် Drone တွေကို ခိုးယူနေကြတာကို မြင်ရပါတယ်။

ဗီဒီယို အရ Inspire 1, Inspire 2 နဲ့ Phantom 4 Drone တွေ ပါသွားခဲ့သလို DJI Racing Edition FPV Goggles နဲ့ Ronin-S, Ronin-SC Camera Gimbal တွေပါ ခိုးယူခံရတယ်လို့ ထင်ရပါတယ်။

Ref : gizmochina