DJI Mavic 3 ရဲ့ ဓါတ်ပုံ တချို့ထွက်ပေါ်လာပြီး ဒီဇိုင်းကို လေ့လာလို့ရလာသလို အဓိက Specs နဲ့ လုပ်ဆောင်ချက် တချို့ကိုလည်း သိလာရပါတယ်။ ဘရာဇီးကနေ အဲဒီ ဓါတ်ပုံတွေ ထွက်လာတာဖြစ်ပြီး နောက်မျိုးဆက် DJI Mavic 3 Drone မှာ Collision Avoidance System အသစ် ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် ထိန်းချုပ်မောင်းနှင်ရတာ တော်တော်ကောင်းလာမှာပါ။

DJI Mavic 3

အရင်မျိုးဆက်ထက် ပိုကောင်းတဲ့ စွမ်းရည်မြင့် ကင်မရာနဲ့ Zoom System ပါလာမှာ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက် Sensor တွေကို နေရာပြောင်းထားမှာ ဖြစ်ပြီး ဘေးဘက် Sensor တွေကို လုံးဝ ဖယ်ရှားထားပါတယ်။ 1TB Memory ပါလာပြီး တစ်ခါအားအပြည့်သွင်းထားရင် မိနစ် ၄၀ အထိ မောင်းနှင်နိုင်တဲ့ 6,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

DJI Mavic 3

Drone ကို ကောင်းမွန်စွာ ထိန်းချုပ်ဖို့အတွက် Smart Controller အသစ် ၁ ခု ပါလာမှာ ဖြစ်ပြီး Drone ကို ပိတ်လိုက်ရင် Automatic Locking ပြုလုပ်ပေးတဲ့ လုပ်ဆောင်ချက် အသစ် ၁ ခု Gimbal မှာ ထည့်သွင်းထားနိုင်ပါတယ်။ လက်ရှိ ရောင်းချထားတဲ့ DJI Drone တွေမှာ Manual Adjustment ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။

DJI Mavic 3

၂၀၁၈ ခုနှစ်ထုတ် အရင်မျိုးဆက် DJI Mavic 2 ထက် Mavic 3 ဟာ ဒီဇိုင်း အပိုင်းမှာ အများကြီး တိုးတက်လာတာတွေ့ရပါတယ်။ အနည်းဆုံး မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားနိုင်ပြီး DJI Mavic 3 နဲ့ ပိုစွမ်းရည်မြင့်တဲ့ Mavic 3 Pro တို့ ဖြစ်နိုင်ပါတယ်။

DJI Mavic 3

DJI ကတော့ Mavic 3 နဲ့ ပတ်သက်ပြီး ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဘရာဇီးက Tipster က အောက်တိုဘာလမှာ DJI Mavic 3 Series ကို ရောင်းချမယ်လို့ သတင်းပေးထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina