ကမ္ဘာ့အကြီးဆုံး Drone ထုတ်လုပ်သူ DJI က မော်ဒယ်အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ DJI Mini SE လို့ နာမည်ပေးထားပြီး အရွယ်သေး Drone ဖြစ်ပါတယ်။ မလေးရှားမှာ အဲဒီ Drone ကို ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး မကြာခင် ဘရာဇီးမှာ ရောင်းချပေးတော့မှာပါ။

DJI Mini SE

DJI Mini SE ဟာ တန်ဖိုးနည်း Drone ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အခြေခံ Drone လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး DJI Mini 2 ကို ဆန်းသစ်ထားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် DJI Mini SE က ဈေးနှုန်း ပိုချိုသာပါတယ်။ Mini SE မှာ Mavic Mini ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကို သုံးထားပြီး ကိုယ်ထည်ကို Mini 2 ကနေ ရယူထားပါတယ်။ အဲဒီအတွက် အကြမ်းခံတယ်လို့ ဆိုရမှာပါ။

DJI Mini SE

DJI Mini SE ဟာ Mavic Mini ထက် စွမ်းဆောင်ရည် ပိုမြင့်မားပြီး 2.7K Video Recording ၊ မိနစ် ၂၀ ကြာ ပျံသန်းနိုင်ခြင်း၊ ၂.၅ မိုင် Wireless Range ၊ 12MP Photos စွမ်းရည်နဲ့ 3-axis Gimbal Setup အပါအဝင် Mavic Mini ရဲ့ အဓိက လုပ်ဆောင်ချက်တွေ ပါပါတယ်။ အလေးချိန်က ၂၅၀ ဂရမ်လောက် ရှိပါတယ်။

DJI Mini SE ကို မလေးရှားမှာ ၁,၃၄၉ ရင်းဂစ်နဲ့ ရောင်းချပေးထားပြီး မြန်မာငွေ ၅ သိန်း ၃ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ရုရှားမှာလည်း ရောင်းချပေးမယ်လို့ ပြောပါတယ်။

Ref : gizmochina