[Zawgyi]

ျမန္မာႏိုင္ငံအတြင္း Programmatic နည္းပညာဆိုင္ရာေၾကာ္ျငာမ်ားအား ျပည္တြင္း B2B စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္သည့္ DKMads မွ စတင္လုပ္ေဆာင္သြားမည္။ DKMads ကုမၺဏီမွ programmatic နည္းပညာ ဆိုင္ရာ ေၾကာ္ျငာမ်ားႏွင့္စပ္လ်ဥ္း၍ ဝန္ေဆာင္မႈမ်ား စတင္ရရွိေၾကာင္း မိတ္ဆက္ပြဲ အခမ္းအနားအား ဇူလိုင္လ ၁၈ ရက္ေန႔တြင္ Park Royal ဟိုတယ္၌ က်င္းပ ျပဳလုပ္ခဲ့သည္။

DKMads Programmatic ပလက္ေဖာင္းသည္ ေၾကာ္ျငာမ်ားအား မည္သည့္ေနရာ မည္သည့္ အခ်ိန္တြင္မဆို ၎တို႔ႏွင့္ ခ်ိတ္ဆက္ထားသည့္ ေၾကာ္ျငာ exchange မ်ားမွ တဆင့္ မိမိတို႔၏ ကုန္ပစၥည္းမ်ားကို အမွန္တကယ္ သုံးစြဲလာႏိုင္ေခ်ရွိေသာသူမ်ား အသုံးျပဳသည့္ အက္ပလီေကးရွင္းမ်ား၊ ဂိမ္းမ်ား၊ ဝက္ဆိုဒ္မ်ားအစရွိေသာ ေနရာမ်ားတြင္ ေၾကာ္ျငာမ်ားကို လိုက္လံကာ ျပသေပးျခင္းျဖစ္သည္။ အျခားေသာ Programmatic ပလက္ေဖာင္းမ်ားႏွင့္ မတူညီသည့္ DKMads ၏ အားသာခ်က္မွာ အရည္အေသြးနည္းပါးသည့္ traffic ႏွင့္ အရည္အေသြး ေကာင္းမြန္သည့္ traffic ဟူ၍ ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ Programmatic ပလက္ေဖာင္းသည္ သန္းေပါင္းမ်ားစြာေသာ ဝက္ဆိုဒ္မ်ား ၊ အက္ပလီေကးရွင္းမ်ား၊ မိုဘိုင္းဂိမ္းမ်ား ႏွင့္ ခ်ိတ္ဆက္ထားရွိေသာေၾကာင့္ ၎တို႔၏အရည္အေသြး အနိမ့္အျမင့္ သတ္မွတ္ျခင္းတို႔အား DKMads ဆာဗာအတြင္းရွိ ေဒတာ မ်ားထဲတြင္ မွတ္တမ္းမ်ားျဖင့္ သိမ္းဆည္းထားရွိသည္။

“တစ္ေန႔ထက္တစ္ေန႔ ဖြံ႕ၿဖိဳးတိုးတက္လာတာနဲ႔အမွ် အင္တာနက္သုံးတဲ့သူေတြက ပိုေခတ္မွီ လာတယ္။ အရင္တုန္းကဆိုရင္ ဆိုရွယ္မီဒီယာေတြကိုပဲ သုံးေနရာကေန အခုဆိုရင္ အက္ပလီေကးရွင္းေတြကိုလဲ တြင္က်ယ္စြာအသုံးျပဳလာၾကတဲ့အျပင္ ေဖ်ာ္ေျဖေရး Application ေတြျဖစ္တဲ့ YouTube, Tik Tok နဲ႔ Joox တို႔ ကေနၿပီးေတာ့ ဗီဒီယိုၾကည့္တာေတြ သီခ်င္း နားေထာင္တာေတြနဲ႔ ေန႔စဥ္ဘဝမွာ လိုအပ္တာေတြကိုလည္း ရွာေဖြေလ့လာ လာၾကပါတယ္။ ဒီလိုမ်ိဳးသုံးတဲ့သူေတြကိုလည္း ေၾကာ္ျငာရွင္ေတြရဲ႕ကုန္ပစၥည္းေတြကို ျပသဖို႔ လစ္ဟာ မသြားေစခ်င္ဘူး။ ဒါေတြအေကာင္းဆုံးေျဖရွင္းေပးႏိုင္ဖို႔နဲ႔ ေၾကာ္ျငာရွင္ေတြရဲ႕ကုန္ပစၥည္းေတြကို ထိထိေရာက္ေရာက္ ေၾကာ္ျငာျပသေပးႏိုင္ဖို႔လည္းရည္႐ြယ္ၿပီး DKMads ကိုစတင္တည္ေထာင္ခဲ့တာပါ။’’ ဟု DKMads ကုမၺဏီ၏ Founder ျဖစ္သူ ဦးေက်ာ္ရဲပိုင္မွ ရွင္းလင္းေျပာၾကားခဲ့သည္။

Brand Safety ႏွင့္ Viewability ဟူေသာ အခ်က္ႏွစ္ခ်က္ကို DKMads Programmatic မွ အဓိကထား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ကာ ထုတ္ကုန္ပစၥည္းမ်ားအား လုံၿခဳံစိတ္ခ်စြာ ေၾကာ္ျငာ ျပသႏိုင္ေရးအတြက္ ၎ထုတ္ကုန္ပစၥည္းႏွင့္ ဆီေလ်ာ္ကိုက္ညီမႈမရွိသည့္ မသင့္ေလ်ာ္ေသာ ဝက္ဆိုဒ္ေနရာမ်ားတြင္ ေပၚေပါက္ျခင္းမ်ားကို ဂ႐ုျပဳေဆာင္႐ြက္ ေပးသြားမည္ျဖစ္သည့္အေလ်ာက္ viewability အားလည္း ပိုမိုဦးစားေပးေဆာင္႐ြက္သြားႏိုင္ရန္ ရည္မွန္းထားရွိသည္။ Programmatic display ads, Rich media, Video ads, Search ads, Native ads ႏွင့္ Rewarded ads အစရွိသည္တို႔ကို DKMads မွဝန္ေဆာင္ေပးလ်က္ရွိသည့္အျပင္ အျခားေသာ ေၾကာ္ျငာအမ်ိဳးအစားေပါင္းမ်ားစြာကိုလည္း အနာဂတ္တြင္ ေပးေဆာင္သြားႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။ ေၾကာ္ျငာမ်ားတြင္ ၾကည့္ရႈမႈႏႈန္းႏွင့္ က်သင့္ေငြ အစရွိသည့္ ေဒတာ အခ်က္အလက္မ်ားအား ေၾကာ္ျငာရွင္မ်ားထံသို႔ Real time report ျဖင့္ ျပသေပးသြားမည္ျဖစ္ကာ ရလဒ္ေပၚမူတည္၍ ေၾကာ္ျငာရွင္မ်ားမွ မိမိတို႔၏ထုတ္ကုန္ပစၥည္းအား ေၾကာ္ျငာျပသျခင္း နည္းဗ်ဳဟာမ်ားကိုလည္း ပိုမို ထိေရာက္ေသာနည္းလမ္းမ်ားျဖင့္ ျပဳျပင္ေျပာင္းလဲႏိုင္မည္ျဖစ္သည္။

“ ေၾကာ္ျငာေတြကို ဆိုရွယ္မီဒီယာတစ္ခုထဲကိုပဲဦးစားေပး အသုံးျပဳတာထက္ အျခား လူသုံးမ်ားတဲ့ ပလက္ေဖာင္း ေတြကေနလည္း ထိထိေရာက္ေရာက္ ေၾကာ္ျငာေပးသြားႏိုင္ဖို႔လုပ္ေဆာင္ ေပးသြားမွာပါ။ သမာ႐ိုးက်နည္းလမ္း ေတြကေနခြဲထြက္ၿပီးေတာ့ ေၾကာ္ျငာရွင္ေတြရဲ႕ကုန္ပစၥည္းေတြကို အျခားပလက္ေဖာင္းေတြကေနတဆင့္ ေၾကာ္ျငာလိုက္မယ္ဆိုရင္ သုံးစြဲသူေတြရဲ႕ ယုံၾကည္မႈကို ပိုၿပီးရလာမယ္။ ေနရာတစ္ခုတည္းကမဟုတ္ပဲ အျခားေနရာ ေတြကေနလည္း ျမင္ေနၾက ထုတ္ကုန္ပစၥည္းျဖစ္တာေၾကာင့္ ယုံၾကည္မႈပိုၿပီးရမယ္။ ဒါေၾကာင့္ ဆိုရွယ္မီဒီယာအျပင္ DKMads ကေနၿပီးေတာ့ အျခား သန္းေပါင္းမ်ားစြာရွိတဲ့ ဒီဂ်စ္တယ္ placement ေတြျဖစ္တဲ့ (application, games, youtube, search engine) ေတြ စတဲ့ execution ေတြမွာပါ ကိုယ္လိုခ်င္တဲ့ audience ေတြကို စိတ္ႀကိဳက္ ေ႐ြးခ်ယ္ၿပီး ေၾကာ္ျငာလုပ္ေပးႏိုင္တဲ့ ပလက္ေဖာင္းတစ္ခုကို ေဆာင္႐ြက္ ရျခင္းျဖစ္ပါတယ္။ ” ဟု ဦးေက်ာ္ရဲပိုင္မွဆက္လက္ေျပာၾကားခဲ့သည္။

လာမည့္ႏွစ္မ်ားတြင္ ျပည္တြင္းသတင္း မီဒီယာမ်ားႏွင့္ခ်ိတ္ဆက္ကာ ၎တို႔၏ ဝက္ဆိုဒ္ အသီးသီး၌ DKMads ရဲ႕ SSP (Supply Size Platform) ကို အသုံးျပဳ၍ ေၾကာ္ျငာမ်ား ပါဝင္ထည့္သြင္းႏိုင္ေရး အတြက္လုပ္ေဆာင္ ေပးသြားႏိုင္ရန္ ေမွ်ာ္မွန္းထားရွိသည္။ လတ္တေလာတြင္ DMP (Data Management Platform) ဆာဗာအား စတင္ျပဳလုပ္လ်က္ရွိၿပီး သုံးစြဲသူတို႔၏ ေဒတာအခ်က္အလက္မ်ား စုံလင္လာပါက အေရွ႕ေတာင္အာရွအတြင္း ေျခဆန႔္ကာ လုပ္ငန္းခ်ဲ႕ထြင္သြားႏိုင္ရန္ ရည္႐ြယ္ထားရွိသည္။ အနာဂတ္တြင္လည္း ဒစ္ဂ်စ္တယ္နည္းပညာႏွင့္ စပ္လ်ဥ္း၍ ေၾကာ္ျငာရွင္မ်ား၏ ထုတ္ကုန္ပစၥည္းမ်ားအတြက္ လိုအပ္ေသာအႀကံဉာဏ္မ်ား ေပးအပ္ သြားမည္ျဖစ္သည္။

DKMads ကုမၺဏီႏွင့္၎၏ ဝန္ေဆာင္မႈမ်ားအေၾကာင္း ပိုမိုသိရွိလိုပါက ကုမၸဏီ၏ တရားဝင္ ဝက္ဘ္ဆိုဒ္ျဖစ္ေသာ https://dkmads.com/ သို႔မဟုတ္ Facebook account ျဖစ္သည့္ https://www.facebook.com/dkmadsprogrammatic တြင္ဝင္ေရာက္ ၾကည့္ရႈႏိုင္ၿပီး ဖုန္းနံပါတ္ ဝ၉ -၂၆၁ဝဝ၂၅၅၉ ၊ ဝ၉ – ၄၂၅၆၃၉ ၂၈၂ သို႔ ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

[Unicode]

Programmatic ကြော်ငြာများကိုဝန်ဆောင်မှုပေးနိုင်မည့် ပထမဦးဆုံး ပြည်တွင်း DKMads လုပ်ငန်းအား စတင်မိတ်ဆက်

မြန်မာနိုင်ငံအတွင်း Programmatic နည်းပညာဆိုင်ရာကြော်ငြာများအား ပြည်တွင်း B2B စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် DKMads မှ စတင်လုပ်ဆောင်သွားမည်။ DKMads ကုမ္ဗဏီမှ programmatic နည်းပညာ ဆိုင်ရာ ကြော်ငြာများနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုများ စတင်ရရှိကြောင်း မိတ်ဆက်ပွဲ အခမ်းအနားအား ဇူလိုင်လ ၁၈ ရက်နေ့တွင် Park Royal ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

DKMads Programmatic ပလက်ဖောင်းသည် ကြော်ငြာများအား မည်သည့်နေရာ မည်သည့် အချိန်တွင်မဆို ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ကြော်ငြာ exchange များမှ တဆင့် မိမိတို့၏ ကုန်ပစ္စည်းများကို အမှန်တကယ် သုံးစွဲလာနိုင်ချေရှိသောသူများ အသုံးပြုသည့် အက်ပလီကေးရှင်းများ၊ ဂိမ်းများ၊ ဝက်ဆိုဒ်များအစရှိသော နေရာများတွင် ကြော်ငြာများကို လိုက်လံကာ ပြသပေးခြင်းဖြစ်သည်။ အခြားသော Programmatic ပလက်ဖောင်းများနှင့် မတူညီသည့် DKMads ၏ အားသာချက်မှာ အရည်အသွေးနည်းပါးသည့် traffic နှင့် အရည်အသွေး ကောင်းမွန်သည့် traffic ဟူ၍ နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်သည်။ Programmatic ပလက်ဖောင်းသည် သန်းပေါင်းများစွာသော ဝက်ဆိုဒ်များ ၊ အက်ပလီကေးရှင်းများ၊ မိုဘိုင်းဂိမ်းများ နှင့် ချိတ်ဆက်ထားရှိသောကြောင့် ၎င်းတို့၏အရည်အသွေး အနိမ့်အမြင့် သတ်မှတ်ခြင်းတို့အား DKMads ဆာဗာအတွင်းရှိ ဒေတာ များထဲတွင် မှတ်တမ်းများဖြင့် သိမ်းဆည်းထားရှိသည်။

“တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်သုံးတဲ့သူတွေက ပိုခေတ်မှီ လာတယ်။ အရင်တုန်းကဆိုရင် ဆိုရှယ်မီဒီယာတွေကိုပဲ သုံးနေရာကနေ အခုဆိုရင် အက်ပလီကေးရှင်းတွေကိုလဲ တွင်ကျယ်စွာအသုံးပြုလာကြတဲ့အပြင် ဖျော်ဖြေရေး Application တွေဖြစ်တဲ့ YouTube, Tik Tok နဲ့ Joox တို့ ကနေပြီးတော့ ဗီဒီယိုကြည့်တာတွေ သီချင်း နားထောင်တာတွေနဲ့ နေ့စဉ်ဘဝမှာ လိုအပ်တာတွေကိုလည်း ရှာဖွေလေ့လာ လာကြပါတယ်။ ဒီလိုမျိုးသုံးတဲ့သူတွေကိုလည်း ကြော်ငြာရှင်တွေရဲ့ကုန်ပစ္စည်းတွေကို ပြသဖို့ လစ်ဟာ မသွားစေချင်ဘူး။ ဒါတွေအကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့နဲ့ ကြော်ငြာရှင်တွေရဲ့ကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် ကြော်ငြာပြသပေးနိုင်ဖို့လည်းရည်ရွယ်ပြီး DKMads ကိုစတင်တည်ထောင်ခဲ့တာပါ။’’ ဟု DKMads ကုမ္ဗဏီ၏ Founder ဖြစ်သူ ဦးကျော်ရဲပိုင်မှ ရှင်းလင်းပြောကြားခဲ့သည်။

Brand Safety နှင့် Viewability ဟူသော အချက်နှစ်ချက်ကို DKMads Programmatic မှ အဓိကထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ထုတ်ကုန်ပစ္စည်းများအား လုံခြုံစိတ်ချစွာ ကြော်ငြာ ပြသနိုင်ရေးအတွက် ၎င်းထုတ်ကုန်ပစ္စည်းနှင့် ဆီလျော်ကိုက်ညီမှုမရှိသည့် မသင့်လျော်သော ဝက်ဆိုဒ်နေရာများတွင် ပေါ်ပေါက်ခြင်းများကို ဂရုပြုဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အလျောက် viewability အားလည်း ပိုမိုဦးစားပေးဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားရှိသည်။ Programmatic display ads, Rich media, Video ads, Search ads, Native ads နှင့် Rewarded ads အစရှိသည်တို့ကို DKMads မှဝန်ဆောင်ပေးလျက်ရှိသည့်အပြင် အခြားသော ကြော်ငြာအမျိုးအစားပေါင်းများစွာကိုလည်း အနာဂတ်တွင် ပေးဆောင်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ကြော်ငြာများတွင် ကြည့်ရှုမှုနှုန်းနှင့် ကျသင့်ငွေ အစရှိသည့် ဒေတာ အချက်အလက်များအား ကြော်ငြာရှင်များထံသို့ Real time report ဖြင့် ပြသပေးသွားမည်ဖြစ်ကာ ရလဒ်ပေါ်မူတည်၍ ကြော်ငြာရှင်များမှ မိမိတို့၏ထုတ်ကုန်ပစ္စည်းအား ကြော်ငြာပြသခြင်း နည်းဗျုဟာများကိုလည်း ပိုမို ထိရောက်သောနည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်သည်။

“ ကြော်ငြာတွေကို ဆိုရှယ်မီဒီယာတစ်ခုထဲကိုပဲဦးစားပေး အသုံးပြုတာထက် အခြား လူသုံးများတဲ့ ပလက်ဖောင်း တွေကနေလည်း ထိထိရောက်ရောက် ကြော်ငြာပေးသွားနိုင်ဖို့လုပ်ဆောင် ပေးသွားမှာပါ။ သမာရိုးကျနည်းလမ်း တွေကနေခွဲထွက်ပြီးတော့ ကြော်ငြာရှင်တွေရဲ့ကုန်ပစ္စည်းတွေကို အခြားပလက်ဖောင်းတွေကနေတဆင့် ကြော်ငြာလိုက်မယ်ဆိုရင် သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ပိုပြီးရလာမယ်။ နေရာတစ်ခုတည်းကမဟုတ်ပဲ အခြားနေရာ တွေကနေလည်း မြင်နေကြ ထုတ်ကုန်ပစ္စည်းဖြစ်တာကြောင့် ယုံကြည်မှုပိုပြီးရမယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာအပြင် DKMads ကနေပြီးတော့ အခြား သန်းပေါင်းများစွာရှိတဲ့ ဒီဂျစ်တယ် placement တွေဖြစ်တဲ့ (application, games, youtube, search engine) တွေ စတဲ့ execution တွေမှာပါ ကိုယ်လိုချင်တဲ့ audience တွေကို စိတ်ကြိုက် ရွေးချယ်ပြီး ကြော်ငြာလုပ်ပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုကို ဆောင်ရွက် ရခြင်းဖြစ်ပါတယ်။ ” ဟု ဦးကျော်ရဲပိုင်မှဆက်လက်ပြောကြားခဲ့သည်။

လာမည့်နှစ်များတွင် ပြည်တွင်းသတင်း မီဒီယာများနှင့်ချိတ်ဆက်ကာ ၎င်းတို့၏ ဝက်ဆိုဒ် အသီးသီး၌ DKMads ရဲ့ SSP (Supply Size Platform) ကို အသုံးပြု၍ ကြော်ငြာများ ပါဝင်ထည့်သွင်းနိုင်ရေး အတွက်လုပ်ဆောင် ပေးသွားနိုင်ရန် မျှော်မှန်းထားရှိသည်။ လတ်တလောတွင် DMP (Data Management Platform) ဆာဗာအား စတင်ပြုလုပ်လျက်ရှိပြီး သုံးစွဲသူတို့၏ ဒေတာအချက်အလက်များ စုံလင်လာပါက အရှေ့တောင်အာရှအတွင်း ခြေဆန့်ကာ လုပ်ငန်းချဲ့ထွင်သွားနိုင်ရန် ရည်ရွယ်ထားရှိသည်။ အနာဂတ်တွင်လည်း ဒစ်ဂျစ်တယ်နည်းပညာနှင့် စပ်လျဉ်း၍ ကြော်ငြာရှင်များ၏ ထုတ်ကုန်ပစ္စည်းများအတွက် လိုအပ်သောအကြံဉာဏ်များ ပေးအပ် သွားမည်ဖြစ်သည်။

DKMads ကုမ္ဗဏီနှင့်၎င်း၏ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုဒ်ဖြစ်သော https://dkmads.com/ သို့မဟုတ် Facebook account ဖြစ်သည့် https://www.facebook.com/dkmadsprogrammatic တွင်ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် ဝ၉ -၂၆၁ဝဝ၂၅၅၉ ၊ ဝ၉ – ၄၂၅၆၃၉ ၂၈၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။