Zawgyi

Huawei ဟာ ျပီးခဲ့တဲ့ေမလတုန္းက အေမရိကန္သမၼတ Donald Trump ေၾကာင့္ Google ၊ ARM နဲ႔ တျခားေသာ အေမရိကန္ကုမၸဏီေတြကေန ဆက္တုိက္ကို Ban တာခံခဲ့ရတာျဖစ္ပါတယ္။ အခုျဖစ္ရပ္ဟာ Huawei ကုိ အၾကီးအက်ယ္ထိခုိက္သြားေစခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Huawei အတြက္ အသက္ရႈေခ်ာင္သြားပါျပီ။

ဘာေၾကာင့္လဲဆုိရင္ အခုအခ်ိန္မွာ အေမရိကန္သမၸတ Donald Trump ကိုယ္တုိင္ကေန Huawei ကို US Company ေတြဆီကေန ျပန္ျပီး ကုန္သြယ္ေရာင္းဝယ္ခြင့္ျပဳလုိက္ျပီလုိ႔ ေၾကညာလုိက္တာေၾကာင့္ပဲျဖစ္ပါတယ္။ ဒါကလည္း ယခု စေနေန႔မွာ Donald Trump တစ္ေယာက္ တရုတ္ႏုိင္ငံသမၸတ Xi Jinping နဲ႔ စကားေျပာျပီးေနာက္ပိုင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။

ဒီသတင္းကို Trump က လက္ရွိ Osaka ၊ Japan မွာ ျပဳလုပ္ေနတဲ့ Group of 20 Summit က သတင္းစာရွင္းလင္းပြဲမွာ အတိအက်ေျပာၾကားခဲ့တာျဖစ္ျပီးေတာ့ “U.S. companies can sell their equipment to Huawei” ဆုိျပီး ခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ဒါကလည္း ႏုိင္ငံလံုျခံဳေရးကို မထိခုိက္ေစတဲ့ Equipment ေတြအကုန္လံုး ပါဝင္တယ္လုိ႔လည္း သိရပါတယ္။

Trump ရဲ႕ ေျပာစကားအရေတာ့ US Company ေတြက ျပဳလုပ္ထားတဲ့ ကုန္ပစၥည္းေတြက ေကာင္းမြန္သလုိ ျပဳလုပ္ရတာလည္း အလြန္ရႈပ္ေထြးတဲ့အတြက္ ဒီလုိမ်ိဳး Huawei ကို ဆက္လက္ေရာင္းခ်ခြင့္ေပးလုိက္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာပါ။ အဲ့ဒါေၾကာင့္ ယခင္တုန္းက Huawei အေပၚမွာ ႏုိင္ငံလံုျခံဳေရးပတ္သတ္ျပီး အႏၱရာယ္တစ္ခုလုိ ျမင္ေနတဲ့ Trump တစ္ေယာက္ စစ္ေဆးမႈေတြအျပီးမွာ Huawei ဘက္က မဟုတ္မမွန္တာမလုပ္ထားတဲ့အတြက္ ေန႔ခ်င္းညခ်င္း စိတ္ကူးေျပာင္းသြားပံုပါပဲ။

အေစာပိုင္းတုန္းက US ကေန Huawei ကို 5G Communication Network ကေန Ban ဖုိ႔ အထိေတာင္ စီစဥ္ေနတာျဖစ္ျပီးေတာ့ အခု Trump ရဲ႕ ေျပာၾကားခ်က္ေၾကာင့္ လံုးဝေျပာင္းျပန္ေျပာင္းလဲသြားျပီလုိ႔ ေျပာရမွာပါ။

အခုသတင္းအေပၚကိုေတာ့ လက္ရွိ Huawei ကို Ban ထားတဲ့ Google နဲ႔ Android ၊ ARM နဲ႔ တျခားေသာ ကုမၸဏီေတြကေတာ့ ျပန္လည္သတင္းထုတ္ျပန္ခ်င္းမရွိေသးပါဘူး။ ျပီးခဲ့တဲ့ရက္ပိုင္းတုန္းကေတာ့ Intel နဲ႔ Microsoft တုိ႔က Huawei ကို ဆက္လက္ Support ေပးသြားမယ္လုိ႔ ေျပာၾကားခဲ့တဲ့အတြက္ Huawei အေနနဲ႔ Android OS က အစအကုန္လံုးျပန္ျပီး အဆင္ေျပသြားေတာ့မွာပါ။

Ref – Bloomberg

Unicode

Huawei ဟာ ပြီးခဲ့တဲ့မေလတုန်းက အမေရိကန်သမ္ပတဖြစ်တဲ့ Donald Trump ကြောင့် Google ၊ ARM နဲ့ တခြားသော အမေရိကန်ကုမ္ပဏီတွေကနေ ဆက်တိုက်ကို Ban တာခံခဲ့ရတာဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ Huawei ကို အကြီးအကျယ်ထိခိုက်သွားစေခဲ့တာဖစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Huawei အတွက် အသက်ရှုချောင်သွားပါပြီ။

ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ အမေရိကန်သမ္ပတ Donald Trump ကိုယ်တိုင်ကနေ Huawei ကို US Company တွေဆီကနေ ပြန်ပြီး ကုန်သွယ်ရောင်းဝယ်ခွင့်ပြုလိုက်ပြီလို့ ကြေညာလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကလည်း ယခု စနေနေ့မှာ Donald Trump တစ်ယောက် တရုတ်နိုင်ငံသမ္ပတ Xi Jinping နဲ့ စကားပြောပြီးနောက်ပိုင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဒီသတင်းကို Trump က လက်ရှိ Osaka ၊ Japan မှာ ပြုလုပ်နေတဲ့ Group of 20 Summit က သတင်းစာရှင်းလင်းပွဲမှာ အတိအကျပြောကြားခဲ့တာဖြစ်ပြီးတော့ “U.S. companies can sell their equipment to Huawei” ဆိုပြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံလုံခြုံရေးကို မထိခိုက်စေတဲ့ Equipment တွေအကုန်လုံး ပါဝင်တယ်လို့လည်း သိရပါတယ်။

Trump ရဲ့ ပြောစကားအရတော့ US Company တွေက ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေက ကောင်းမွန်သလို ပြုလုပ်ရတာလည်း အလွန်ရှုပ်ထွေးတဲ့အတွက် ဒီလိုမျိုး Huawei ကို ဆက်လက်ရောင်းချခွင့်ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ အဲ့ဒါကြောင့် ယခင်တုန်းက Huawei အပေါ်မှာ နိုင်ငံလုံခြုံရေးပတ်သတ်ပြီး အန္တရာယ်တစ်ခုလို မြင်နေတဲ့ Trump တစ်ယောက် စစ်ဆေးမှုတွေအပြီးမှာ Huawei ဘက်က မဟုတ်မမှန်တာမလုပ်ထားတဲ့အတွက် နေ့ချင်းညချင်း စိတ်ကူးပြောင်းသွားပုံပါပဲ။

အစောပိုင်းတုန်းက US ကနေ Huawei ကို 5G Communication Network ကနေ Ban ဖို့ အထိတောင် စီစဉ်နေတာဖြစ်ပြီးတော့ အခု Trump ရဲ့ ပြောကြားချက်ကြောင့် လုံးဝပြောင်းပြန်ပြောင်းလဲသွားပြီလို့ ပြောရမှာပါ။

အခုသတင်းအပေါ်ကိုတော့ လက်ရှိ Huawei ကို Ban ထားတဲ့ Google နဲ့ Android ၊ ARM နဲ့ တခြားသော ကုမ္ပဏီတွေကတော့ ပြန်လည်သတင်းထုတ်ပြန်ချင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ Intel နဲ့ Microsoft တို့က Huawei ကို ဆက်လက် Support ပေးသွားမယ်လို့ ပြောကြားခဲ့တဲ့အတွက် Huawei အနေနဲ့ Android OS က အစအကုန်လုံးပြန်ပြီး အဆင်ပြေသွားတော့မှာပါ။

Ref – Bloomberg