လက်ရှိအချိန်မှာ စမတ်ဖုန်းတွေတော်တော်များများက Screen Display ကို ဖုန်းရဲ့ အရှေ့ဘက်မှာ နေရာယူနိုင်သမျှ ယူနိုင်အောင် ထုတ်လုပ်နေကြတာဖြစ်ပေမယ့် အခုအချိန်မှာတော့ စမတ်ဖုန်းတော်တော်များများက ဘေးဘောင်တွေ၊ Selfie Camera တွေကို အနည်းနဲ့အများတော့ ထည့်ထားနေရတုန်းပါပဲ။

Selfie Camera အတွက်ကတော့ အဓိကနေရာပေးနေရပြီးတော့ Xiaomi က Mi Mix စမတ်ဖုန်းတွေမှာ Selfie Camera ကို ဖုန်းရဲ့ အောက်ခြေမှာထားရတာ၊ ဒါမှမဟုတ် Apple iPhone X ဖုန်းလိုမျိုး Notch Bar ထည့်သွင်းတာ စသဖြင့်ဖြေရှင်းလာကြပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Doogee Mix 4 စမတ်ဖုန်းက အဆိုပါ ပြဿနာတွေကို ဖြေရှင်းလိုက်ပြီပဲဖြစ်ပါတယ်။ Doogee Mix 4 စမတ်ဖုန်းက 6″ Display ပါဝင်မှာဖြစ်သလို Screen-to-Body Ratio အနေနဲ့ လည်း မဖြစ်နိုင်လောက်တဲ 97% အထိရှိလာခဲ့တာပဲဖြစ်ပါတယ်။ အခုလိုမျိုး မြင့်မားတဲ့ Screen-to-body Ratio ကို ရရှိဖို့အတွက် Doogee ကနေ Mix 4 စမတ်ဖုန်းရဲ့ Selfie Camera ၊ Earpiece နဲ့ Sensor တွေကို Silde လုပ်ပြီးဖုန်းအတွင်းထဲကို ထည့်သွင်းခဲ့ရပါတယ်။

အဲ့ဒီအတွက်ဖုန်းပြောချင်တာပဲဖြစ်ဖြစ်၊ Selfie ရိုက်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို Slide လုပ်ပြီး အပေါ်ကို တွန်းတင်ရတဲ့အလုပ်တစ်ခုတော့ပိုလာမှာဖြစ်ပါတယ်။ Doogee Mix 4 စမတ်ဖုန်းဟာ အခုအချိန်မှာ စမ်းသပ် Prototype အဆင့်သာရှိနေသေးပြီးတော့ တကယ်တမ်းထွက်လာတဲ့အချိန်ကြရင် Qualcomm Processor နဲ့အတူ Under-Display Fingerprint Sensor ပါ ပါဝင်လာဦးမှာဖြစ်ပါတယ်။

တစ်ခုသဘောကျဖို့ကောင်းတာကတော့ ဈေးနှုန်းပဲဖြစ်ပြီး Doogee ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး အကောင်းဆုံး Screen-to-Body Ratio နဲ့ Under-Display Fingerprint ပါ ပါဝင်တဲ့ဖုန်းတစ်ခုကို ဒေါ်လာ ၃၀၀ အောက်နဲ့ ရောင်းချသွားမှာပဲဖြစ်ပါတယ်။