အခုလအစောပိုင်းက ပြောခဲ့သလို Dota 2 ရဲ့ Major Update အသစ်ဖြစ်တဲ့ Patch 7.27 ကတော့ ထွက်လာခဲ့ပါပြီ။ IceFrog ကြေညာခဲ့သလို အခု Update မှာ Hero တွေအတွက် ပြောင်းလဲမှုတွေမပါဘဲ Item နဲ့ Gameplay ပိုင်းကို အဓိက ပြောင်းလဲလာခဲ့ပါတယ်။

ဒီထဲမှာ ပြိုင်ပွဲအများစုကျင့်သုံးနေတဲ့ Format ဖြစ်တဲ့ Captain’s Mode (CM/ CM Mode) ဟာ သိသာတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပြီး လက်ရှိမှာ စစချင်း Hero လေးယောက် Ban ရတဲ့ 4/1/1 ပုံစံကနေ 2/3/2 ပုံစံကို ပြောင်းလဲလိုက်ပါတယ်။ ဒါ့အပြင် All Pick မှာလည်း တစ်ယောက်တစ်လှည့်စီ Pick ရတဲ့ 1/1/1/1/1 ပုံစံကနေ အရင်လို 2/2/1 ပုံစံ ပြန်ပြောင်းသွားမှာပါ။

ဒါ့ကြောင့် ပွဲစတည်းက ကိုယ့်အသင်း အသုံးပြုမယ့် Hero နဲ့ Strategy အတွက် အနှောင့်အယှက်ဖြစ်မယ့် Hero လေးယောက်ထိ Ban နိုင်တဲ့ အားသာချက်တစ်ခု ပျောက်ကွယ်သွားဦးမှာပါ။ စုစုပေါင်း Ban ရတဲ့ ဟီးရိုးကတော့ ခြောက်ယောက်ကနေ ခုနစ်ယောက်ကို တက်သွားမှာဖြစ်ပါတယ်။

Pro ကစားသမားတွေနဲ့ ထင်ရှားသူတွေ ဝေဖန်ထောက်ပြထားတဲ့ Hero Kill ကနေ ရရှိတဲ့ Gold/Exp ပိုင်းကိုလည်း ပြင်ဆင်လာပြီး ပမာဏမြှင့်တင်ပေးထားတာကြောင့် Farming ကိုပဲ ဦးတည်နေစရာ မလိုတော့ဘဲ အရင်လို သွက်လက်တဲ့ Teamfight တွေ၊ Ganking တွေကို ပြန်မြင်လာရနိုင်ပါတယ်။

ကြီးမားတဲ့နောက်ထပ်အပြောင်းအလဲတစ်ခုကတော့ Outpost စနစ်ပါ။ အခုချိန်ကစပြီး Outpost တွေကို ပြိုင်ဘက် အသင်းရဲ့ Tier 2 Tower (ဒုတိယ တာဝါ) တစ်ခု မဖျက်ဆီးရသေးသရွေ့ ခိုးလို့ရတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အစောပိုင်း ၁၀ မိနစ်မှာ Exp မရဖို့ စိတ်ပူစရာမလိုဘဲ Lane ကို ပိုအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

Item ပိုင်းမှာတော့ Basic Item နှစ်ခု အသစ်မိတ်ဆက်လာပြီး +35 Attack Speed ပေးမယ့် Blitz Knuckles (1000g) နဲ့ 12% Spell Lifesteal ပေးမယ့် Voodoo Mask (900g) တို့ပါ။ ပေးရတဲ့ ဈေးနဲ့ ယှဉ်ကြည့်ရင် သူတို့ရဲ့ အသုံးဝင်မှုက အတော်လေး သိသာနေတဲ့အပြင် Item Recipe တွေကိုပါ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲထားလို့ နောက် Update မှာ အနည်းငယ် Nerf လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ Patch မှာ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တဲ့ Necronomicon ကိုလည်း အနည်းငယ် Nerf လာခဲ့ပါတယ်။ တကြော့ပြန်ခေတ်စားလာတဲ့ Helm of Dominator လည်း ကြာကြာမခံလိုက်ဘဲ Aura Regen ပြန်အနှုတ်ခံလိုက်ရပြီး သူနဲ့ တွဲဖက်လိုဖြစ်နေတဲ့ Necronomicon နဲ့ပေါင်းလိုက်ရင် အသုံးဝင်မှု အတော်လေးလျော့ကျသွားမှာပါ။

Early Game မှာ မဖြစ်မနေအားထားနေရတဲ့ Bracer, Null Talisman, Wraith Band တို့ကိုလည်း Nerf လိုက်ပြီး အားလုံးထဲမှာ Magic Resist အနှုတ်ခံလိုက်ရတဲ့ Bracer က အနာဆုံးပါပဲ။ သုံးခုလုံးရဲ့ Attribute တွေကို 6/3/3 ကနေ 5/2/2 ကို ပြောင်းလဲလိုက်လို့ သုံးလေးခုထည့်ပြီး Early မှာ လိုက်ချတဲ့ပုံစံတွေ ပျောက်သွားနိုင်ပါတယ်။

Bracer မှာ +3 Damage, +0.75 HP Regen ပါဝင်လာပြီး Wraith Band မှာ +1.5 Armor, +5 Attack Speed နဲ့ Null Talisman မှာ +0.6 Mana Regen, +3% Spell Amp တို့ ထည့်သွင်းပေးလာပါတယ်။

ကျန်တဲ့ Item တွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ မင်းမူလာမယ့် Item ကတော့ Blade Mail ဖြစ်ပြီး ဟိုးအရင် Dota 1 တုန်းကလို Passive Damage Return ပြန်ပါလာပါပြီ။ Blade Mail ဟာ တိုက်ခိုက်သူကို 20 + 20% Damage Return ပြန်ထိတော့မှာပါ။ Active နှိပ်သုံးရင်တော့ Return Damage 100% မဟုတ်ဘဲ 80% သာ ရှိတော့ပေမယ့် Passive Return နဲ့ တွဲလိုက်ရင် ပိုပြီး အသုံးပြုချင်စရာ ဖြစ်နေပါပြီ။

Ultimate Orb ရဲ့ဈေးနှုန်းကို 2150 ကနေ 2050 ကို လျော့ချလိုက်ပြီး Eye of Skadi ရဲ့ Heal Reduction/Slow တို့ကို အနည်းငယ် Boost ပေးလိုက်တာကလည်း အခု Meta ရဲ့ အရေးပါတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျန်တဲ့ ပြောင်းလဲမှုတွေကိုတော့ ဒီမှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။

Ref – Dota2 Blog, Dotesports