[Zawgyi]

OG အသင္းအေနနဲ႔ The International 2019 (Dota 2) ၿပိဳင္ပြဲႀကီးရဲ႕ သရဖူကို ဒုတိယအႀကိမ္အျဖစ္ သိမ္းပိုက္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ The International 2018 တုန္းကလည္း OG အသင္းကပဲ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ဒီႏွစ္ ရရွိလိုက္တဲ့ OG အသင္းရဲ႕ ဆုေၾကးေငြက ကန္ေဒၚလာ ၁၅မီလီယံေက်ာ္ ျဖစ္တဲ့အတြက္ ကစားသမားတစ္ဦးခ်င္းစီဟာ ကန္ေဒၚလာ ၃မီလီယံေက်ာ္ ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

ျမန္မာေငြနဲ႔ ျပန္တြက္ၾကည့္မယ္ဆိုရင္ေတာ့ သိန္းေပါင္း ၄ေသာင္းခြဲ ေက်ာ္မွာပါ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ ဒီ စာေရးတဲ့ အလုပ္ကို မလုပ္ေတာ့ဘဲ သူတို႔လိုမ်ိဴး ပေရာ္ဖက္ရွင္နယ္ ဂိမ္မာျဖစ္ေအာင္ Dota 2 ကို အခ်ိန္ျပည့္ေဆာ့ေတာ့မယ္လို႔ စိတ္ကူးမိပါတယ္။ ဒါေပမယ့္ ကိုယ့္အဆင့္အတန္း၊ ကိုယ့္အေနအထားကို သိတာေၾကာင့္ ဒီစာေတြကိုပဲ ဆက္ေရးဖို႔ ျပန္ၿပီး ဆုံးျဖတ္ခ်က္ခ်လိုက္ပါတယ္။

ဒီေတာ့ ဆုေၾကးေငြေတြအေၾကာင္း ျပန္ေျပာရမယ္ဆိုရင္ ေဂါက္ဆရာႀကီး တိုက္ဂါးဝုဒ္ေတာင္မွ ၿပီးခဲ့တဲ့ ဧၿပီလတုန္းက က်င္းပခဲ့တဲ့ 2019 Masters ေဂါက္သီး႐ိုက္ၿပိဳင္ပြဲႀကီးမွာ ခ်န္ပီယံ ဆုေၾကးေငြ ၂.၀၇မီလီယံသာ ရရွိခဲ့တာပါ။ အလားတူပဲ ဆုေၾကးေငြ မ်ားလွပါၿပီဆိုတဲ့ 2019 Wimbledon တင္းနစ္ၿပိဳင္ပြဲႀကီးရဲ႕ အျမင့္ဆုံး ဆုေၾကးေငြကလည္း ၂.၉မီလီယံသာ ရွိတဲ့အတြက္ Dota 2 ကစားသမားေတြရဲ႕ ဆုေၾကးေငြကို မမွီေသးဘူးလို႔ ေျပာရမွာပါ။ ဒါေပမယ့္ မၾကာေသးခင္တုန္းက က်င္းပသြားတဲ့ Fornite World Cup (2019) မွာေတာ့ ခ်န္ပီယံ ဆုေၾကးေငြကို ကန္ေဒၚလာ ၃မီလီယံ ေပးအပ္တာမ်ိဴး ရွိခဲ့ဖူးပါတယ္။

တကယ္ေတာ့ The International 2019 မွာ ေပးတဲ့ ဆုေၾကးေငြ စုစုေပါင္းက ကန္ေဒၚလာ ၃၄ မီလီယံပါ။ အဲ့ဒီ ဆုေၾကးေငြရဲ႕ ၄၅.၅% ကိုမွ OG အသင္းက ပိုင္ဆိုင္သြားတာျဖစ္ပါတယ္။ ဒုတိယဆုရရွိတဲ့ Team Liquid အသင္းကေတာ့ စုစုေပါင္း ဆုေၾကးေငြရဲ႕ ၁၃% (ကန္ေဒၚလာ ၄.၅မီလီယံ) ကို ပိုင္ဆိုင္သြားပါတယ္။

Ref : Engadget

[Unicode]

Dota 2 ပြိုင်ပွဲကနေ ဆုကြေးငွေ ၁၅မီလီယံရရှိသွားတဲ့ OG အသင်း

OG အသင်းအနေနဲ့ The International 2019 (Dota 2) ပြိုင်ပွဲကြီးရဲ့ သရဖူကို ဒုတိယအကြိမ်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ The International 2018 တုန်းကလည်း OG အသင်းကပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ် ရရှိလိုက်တဲ့ OG အသင်းရဲ့ ဆုကြေးငွေက ကန်ဒေါ်လာ ၁၅မီလီယံကျော် ဖြစ်တဲ့အတွက် ကစားသမားတစ်ဦးချင်းစီဟာ ကန်ဒေါ်လာ ၃မီလီယံကျော် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာငွေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင်တော့ သိန်းပေါင်း ၄သောင်းခွဲ ကျော်မှာပါ။ ဒါ့ကြောင့် ကျွန်တော် ဒီ စာရေးတဲ့ အလုပ်ကို မလုပ်တော့ဘဲ သူတို့လိုမျိူး ပရော်ဖက်ရှင်နယ် ဂိမ်မာဖြစ်အောင် Dota 2 ကို အချိန်ပြည့်ဆော့တော့မယ်လို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် ကိုယ့်အဆင့်အတန်း၊ ကိုယ့်အနေအထားကို သိတာကြောင့် ဒီစာတွေကိုပဲ ဆက်ရေးဖို့ ပြန်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒီတော့ ဆုကြေးငွေတွေအကြောင်း ပြန်ပြောရမယ်ဆိုရင် ဂေါက်ဆရာကြီး တိုက်ဂါးဝုဒ်တောင်မှ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျင်းပခဲ့တဲ့ 2019 Masters ဂေါက်သီးရိုက်ပြိုင်ပွဲကြီးမှာ ချန်ပီယံ ဆုကြေးငွေ ၂.၀၇မီလီယံသာ ရရှိခဲ့တာပါ။ အလားတူပဲ ဆုကြေးငွေ များလှပါပြီဆိုတဲ့ 2019 Wimbledon တင်းနစ်ပြိုင်ပွဲကြီးရဲ့ အမြင့်ဆုံး ဆုကြေးငွေကလည်း ၂.၉မီလီယံသာ ရှိတဲ့အတွက် Dota 2 ကစားသမားတွေရဲ့ ဆုကြေးငွေကို မမှီသေးဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် မကြာသေးခင်တုန်းက ကျင်းပသွားတဲ့ Fornite World Cup (2019) မှာတော့ ချန်ပီယံ ဆုကြေးငွေကို ကန်ဒေါ်လာ ၃မီလီယံ ပေးအပ်တာမျိူး ရှိခဲ့ဖူးပါတယ်။

တကယ်တော့ The International 2019 မှာ ပေးတဲ့ ဆုကြေးငွေ စုစုပေါင်းက ကန်ဒေါ်လာ ၃၄ မီလီယံပါ။ အဲ့ဒီ ဆုကြေးငွေရဲ့ ၄၅.၅% ကိုမှ OG အသင်းက ပိုင်ဆိုင်သွားတာဖြစ်ပါတယ်။ ဒုတိယဆုရရှိတဲ့ Team Liquid အသင်းကတော့ စုစုပေါင်း ဆုကြေးငွေရဲ့ ၁၃% (ကန်ဒေါ်လာ ၄.၅မီလီယံ) ကို ပိုင်ဆိုင်သွားပါတယ်။

Ref : Engadget