Google Chrome Browser ဟာ လက်ရှိအချိန်မှာ PC အပြင် Mobile ပေါ်မှာလည်း အသုံးပြုသူအများဆုံး Web Browser တစ်ခုဖြစ်ပါတယ်။ အခုလည်း Android OS အသုံးပြုသူတွေအတွက် အသုံးဝင်မယ့် Feature အသစ်ကို Update ပြုလုပ်ပေးတော့မယ်လို့ သိရပါတယ်။

ဒါကတော့ Download ပြုလုပ်တဲ့အချိန်မှာ ချက်ချင်း Download ပြုလုပ်စရာမလိုအပ်တော့ဘဲ ကိုယ်ကြိုက်တဲ့အချိန်မှ Download ပြုလုပ်နိုင်တဲ့ Download Scheduler ကို ထည့်သွင်းပေးတော့မှာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Wi-Fi Network နဲ့ ချိတ်ဆက်လိုက်မှ Download ပြုလုပ်ဖို့ကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

ယခုသတင်းကိုတော့ XDA Developers က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ Chrome Canary 86 မှာလည်း “Enable Download Later” ဆိုတဲ့ Flag Option တစ်ခုပါဝင်ပြီဖြစ်ပေမယ့် ကောင်းစွာအလုပ်မလုပ်သေးဘူးလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Download Scheduler Feature နဲ့ Wi-FI Network နဲ့ချိတ်ဆက်မှ Download ပြုလုပ်နိုင်မယ့် Feature ကိုရရှိလာမယ်ဆိုတာက စမတ်ဖုန်းနဲ့ File တွေ Download ပြုလုပ်တတ်တဲ့သူတွေအတွက် တော်တော်လေးကိုအသုံးဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှ Stable Update ရရှိလာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China