ဒူဘိုင်းဟာ နည်းပညာ နယ်ပယ်မှာ ရှေ့တန်းက ပြေးနေတဲ့ နိုင်ငံဖြစ်ပြီး အခုလည်း NFT, Crypto နဲ့ ပတ်သက်တဲ့ Virtual Assets Law ကို မိတ်ဆက်လိုက်ပါတယ်။ Autonomous Public Organization VARA ကနေ Metaverse အထိ UAE ဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေအတွက် ဥပဒေတွေ ပြဌာန်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။

All you need to know about Dubai Virtual Asset Regulation Law - Shuraa

Virtual Asset Law ဟာ ဒီနှစ်ထဲမှာ ဒူဘိုင်း ဝန်ကြီးချုပ်  Sheikh Mohammed bin Rashid Al Maktoum ထုတ်ပြန်ထားတဲ့ Law No.4 ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ UAE ဟာ Metaverse နယ်ပယ်ထဲ ဝင်ရောက်ဖို့ အခု ဥပဒေ အသစ်ကို ပြဌာန်းတာ ဖြစ်ပါတယ်။ ဒူဘိုင်းဟာ Crypto နဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို တည်ထောင်ဖို့ အလိုရှိနေပါတယ်။

Dubai introduces new virtual asset regulations and creates regulatory authority for oversight | Invezz

ဖြစ်စဉ်ရဲ့ နောက်ထပ် အပိုင်းက Autonomous Public Organization VARA ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းဟာ Dubai World Trade Center Authority ,  UAE Central Bank , Securities Authority တို့နဲ့ ပူးပေါင်း အလုပ်လုပ်နေပါတယ်။ အခြေခံအားဖြင့် VARA ဟာ ဒစ်ဂျစ်တယ် ပစ္စည်းနဲ့ Crypto အခြေပြု စီးပွားရေး လုပ်ငန်းတွေကို ကူညီထောက်ပံ့တာ၊ ဥပဒေ ပြဌာန်းတာ၊ အရောင်းမြှင့်တင်တာတွေ ပြုလုပ်မှာပါ။

ဒူဘိုင်း ပြည်သူတွေဟာ အောက်ပါ အလုပ်တွေအတွက် VARA ပါမစ် လိုအပ်ပါတယ်။

  • Cryptocurrency နဲ့ တခြား ဒစ်ဂျစ်တယ် ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်ခြင်း။
  • ဒစ်ဂျစ်တယ် Wallet ဝန်ဆောင်မှုများ။
  • Blockchain မှာ သိမ်းထားတဲ့ တိုကင်တွေကို အရောင်းအဝယ်ပြုလုပ်ခြင်း။
  • NFT/Crypto ပလက်ဖောင်း အလုပ်များ။
  • ဒစ်ဂျစ်တယ် ပစ္စည်း ထိန်းသိမ်းတဲ့ ဝန်ဆောင်မှုများ။

Virtual Asset Law ဟာ ဒူဘိုင်းမှာ အတည်ဖြစ်သွားပါပြီ။ Sheikh Hamdan bin Mohammed bin Rashid Al Maktoum က “ ဒူဘိုင်းဟာ နည်းပညာ အသွင်ကူးပြောင်းရေးမှာ ထိပ်တန်းက ဦးဆောင်သူ ဖြစ်ပါတယ်။ ဒီနည်းပညာရဲ့ အနာဂတ်ကို ပုံဖော်ဖို့နဲ့ တီထွင်ဆန်းသစ်ဖို့အတွက် အခုလို ဥပဒေတွေကို စောစောစီးစီး ပြဌာန်းတာပါ။ “ လို့ ပြောပါတယ်။

Ref : nftevening