Ducati လို့ ဆိုလိုက်တာနဲ့ မော်တော်ဆိုင်ကယ်စျေးကွက်မှာ နာမည်ကြီး ကုမ္ပဏီတစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ Ducati ဟာ အဓိကအနေနဲ့ Racing Type (ပြိုင်ဘီး) မော်တော်ဆိုင်ကယ်တွေကိုပဲ ထုတ်လုပ်နေတာဖြစ်ပြီး MotoGP လိုမျိုး အားကစားပွဲတွေမှာလည်း Ducati မော်တော်ဆိုင်ကယ်တွေကို အသုံးပြုနေကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Ducati ကနေ လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပသွားတော့မယ့် MotoE E-motorcycle Racing အတွက် လျှပ်စစ်ဆိုင်ကယ်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်ဆိုင်ကယ်ဟာဆိုရင် နာမည်ကို V21L Prototype လို့ နာမည်ပေးထားပြီး Ducati ကုမ္ပဏီအတွက် ပထမဆုံးသော လျှပ်စစ်ဆိုင်ကယ်ဖြစ်လာမှာပါ။

 

Ducati V21L Prototype ဟာ 18kWh Battery နဲ့မောင်းနှင်တဲ့ မြင်းကောင်ရေ ၁၅၀ အားရှိတဲ့ လျှပ်စစ်မော်တာကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ကတော့ 225Kg ရှိမှာဖြစ်ပြီး အလေးချိန်ရဲ့ ထက်ဝက်ကိုတော့ Battery ကနေ နေရာယူထားတာဖြစ်ပါတယ်။ ဒါက ပုံမှန် လောင်စာဆီနဲ့ မောင်းနှင်တဲ့ဆိုင်ကယ်တွေနဲ့ ယှဥ်ရင် အလေးချိန်ပိုင်းမှာ တော်တော်လေးကို များပြားနေတာဖြစ်ပါတယ်။

အားသွင်းတဲ့အချိန်မှာတော့ Ducati V21L Prototype ဟာ ၄၅ မိနစ်အတွင်း 80% အထိ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပြီး တစ်ကြိမ်အားသွင်းထားရင် GP Track ကို ၇ ပါတ်အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ အမြင့်ဆုံးအမြန်နှုန်းအနေနဲ့ကတော့ 171MPH (275KM/H) အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ မော်တော်ကားစျေးကွက်မှာ လျှပ်စစ်ကားတွေက နေရာယူလာသလိုမျိုးပဲ နောက်ပိုင်းမှာလည်း မော်တော်ဆိုင်ကယ်စျေးကွက်မှာပါ လျှပ်စစ်ဆိုင်ကယ်တွေက နေရာယူသွားဖွယ်ရှိနေပါပြီ။

Ref – Engadget