DuckDuckGo လို့ ဆိုလိုက်တာနဲ့ Privacy ကို အဓိထားထားတဲ့ Search Engine တစ်ခုဆိုတာကို လူတော်တော်များများ သိပြီးဖြစ်မှာပါ။ အခုအချိန်မှာ DuckDuckGo ကနေ Search Engine အနေနဲ့တင်မဟုတ်ဘဲ Web Browser အနေနဲ့ပါ မကြာခင်မှာ ကူးပြောင်းထုတ်သွားတော့မယ်လို့ သိရပါတယ်။

DuckDuckGo ရဲ့ CEO ဖြစ်တဲ့ Gabriel Weinberg ရဲ့ ပြောကြားချက်အရတော့ လက်ရှိ DuckDuckGo ရဲ့ အောင်မြင်နေပြီးသားဖြစ်တဲ့ လုံခြုံမှုကို အဓိကထားပြီး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းနဲ့ Mobile App လိုမျိုးပဲ သုံးရတာလည်း ရိုးရှင်းနေစေမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Search ကို အသုံးပြုတာနဲ့ “Robust Privacy Protection” ကို Enable ပြုလုပ်ထားတာဖြစ်ပြီး Web Browsing ပြုလုပ်မှုတွေ၊ Email တွေနဲ့ တခြားသော ပြုလုပ်မှုတွေကို လုံခြုံစေမှာဖြစ်ပါတယ်။ ဒါပေမယ့် Website တွေကတော့ လုံးဝ Privacy ပိုင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ပေမယ့် အတတ်နိုင်ဆုံးကာကွယ်ပေးမှာဖြစ်ပါတယ်။

DuckDuckGo ဟာ ထူးခြားချက်အနေနဲ့ကတော့ Chromium လိုမျိုး Google Chrome ၊ Microsoft Edge အပါအဝင် Browser အများအပြား အသုံးပြုနေတဲ့ Engine အစား ကိုယ်ပိုင် OS-Provided Rendering Engine တွေကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် Google Chrome ထက် သိသိသာသာမြန်ဆန်မယ်ဆိုပြီး ပြောကြားထားပါသေးတယ်။

ဒါပေမယ့်လည်း အခု Desktop Browser App ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိသလို ဘယ်အခြေအနေမှာရှိနေပြီဆိုတာကိုလည်း မသိရတာကြောင့် အချိန်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Engadget