OnePlus Nord စမတ်ဖုန်းဟာ ယခုနှစ်လယ်ပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ OnePlus ရဲ့ ပထမဆုံးသော Mid Range ဖုန်းတစ်လုံးဖြစ်ပါတယ်။ အခုဆိုရင် OnePlus ကနေ Nord N10 5G ၊ Nord N100 နာမည်နဲ့ Mid Range ဖုန်းအသစ်တွေကိုပါ ထပ်မံမိတ်ဆက်ထားပြီးပါပြီ။

အခုအချိန်မှာတော့ Camera ပိုင်းကို စစ်ဆေးတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ OnePlus Nord စမတ်ဖုန်းရဲ့ Camera ပိုင်းရလဒ်ကို ထုတ်ပြန်လိုက်ပါပြီ။ အဆိုပါ ရလဒ်အရတော့ OnePlus Nord ဟာ စုစုပေါင်းရမှတ် ၁၀၈ မှတ်ပဲရရှိခဲ့တာဖြစ်ပြီး စျေးနှုန်းတူဖုန်းတွေလောက်တောင် အားရဖို့မကောင်းခဲ့ပါဘူး။

OnePlus Nord စမတ်ဖုန်းဟာ 48MP Primary Sensor ပါတဲ့ Quad Camera Setup ကို အသုံးပြုထားတာဖြစ်ပေမယ့် Ultrawide Sensor ပြီးရင် 2MP Sensor တွေကိုပဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Camera Sensor တွေများပြားနေပေမယ့်လည်း စျေးပိုသက်သာပြီး Single Camera ပဲပါဝင်တဲ့ Google Pixel 4a လိုမျိုးဖုန်းကတော့ စုစုပေါင်းရမှတ် ၁၁၁ မှတ်နဲ့ ပိုပြီးအားသာနေတာဖြစ်ပါတယ်။

DxOMark ကတော့ အခုလိုမျိုး OnePlus Nord က Camera ပိုင်းအားနည်းနေရတာက 48MP Primary Sensor က အဆင်ပြေတယ်ဆိုပေမယ့် Telephoto Sensor ပါဝင်ခြင်းမရှိတဲ့အတွက် Zoom ပိုင်းမှာအားနည်းသလို Video Autofocus ပိုင်းမှာလည်း အခြေအနေအများအပြားမှာ ကောင်းစွာစွမ်းဆောင်နိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ OnePlus Nord ဟာ Photo Score အနေနဲ့ ၁၁၇ မှတ်နဲ့ Video ပိုင်းမှာ ၉၂ မှတ်ပဲ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus ဟာ အခုအချိန်အထိ Flagship စမတ်ဖုန်းတွေမှာရော Mid Range ဖုန်းတွေမှာပါ Camera ပိုင်းအားနည်းနေတုန်းပဲလို့ ပြောရမှာပါ။

Ref – Gizmo China