Zawgyi

လက္ရွိစမတ္ဖုန္းေတြရဲ႕ Camera စြမ္းေဆာင္ရည္ေကာင္း မေကာင္း ဘယ္လုိဆံုးျဖတ္မလဲလုိ႔ ေျပာလုိက္တာနဲ႔ DxOMark ကို ေျပးျပီးျမင္မိၾကမွာပါ။ DxOMark ဟာ လက္ရွိအခ်ိန္မွာ အၾကီးဆံုး စမတ္ဖုန္း Camera ေတြရဲ႕ စြမ္းေဆာင္ရည္ကို စစ္ေဆးတဲ့ Website တစ္ခုျဖစ္သလုိ တျခားေသာ Professional Camera ေတြ၊ Lenses ေတြကိုလည္း စမ္းသပ္တဲ့ Website တစ္ခုျဖစ္ပါတယ္။

အခုလက္ရွိမွာ စမတ္ဖုန္းေတြရဲ႕ DxOMark Mobile Benchmark ေနရာမွာ အမ်ားဆံုးအေနနဲ႔ Huawei P30 Pro နဲ႔ Samsung Galaxy S10 5G ဖုန္းေတြက ေနရာယူထားတာျဖစ္ပါတယ္။ ဒါေပမယ့္ DxOMark ကေန သူတို႔ရဲ႕ Twitter Account မွာ ထူးဆန္းတဲ့ ေၾကညာခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။

ဒါကေတာ့ “A new mobile review is coming soon” ဆုိျပီး တင္ထားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအျပင္ DxOMark ကေန တစ္ခါမွစမ္းသပ္ဖူးျခင္းမရွိေသးတဲ့ Mobile Brand လည္းျဖစ္တယ္လုိ႔ ေျပာထားေတာ့ ဒါက ထူးဆန္းေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ အျဖစ္ႏုိင္ဆံုးေသာ စမတ္ဖုန္းကေတာ့ OPPO ကေန Flagship ဖုန္းတစ္ခုအေနနဲ႔ ထုတ္ထားတဲ့ OPPO Reno 10x Zoom ဖုန္းျဖစ္ႏုိင္ျပီး DxOMark ကေျပာထားသလုိပဲ OPPO ဖုန္းေတြကို တစ္ခါမွ DxOMark ကေန Review ျပဳလုပ္ဖူးျခင္းမရွိေသးတာလည္းတူညီေနပါတယ္။

OPPO Reno 10x Zoom စမတ္ဖုန္းဟာ Primary Camera အေနနဲ႔ Aperture f1.7 ရွိတဲ့ Sony IMX586 48MP Sensor ကို အသံုးျပဳထားသလုိ 6x Optical Zoom နဲ႔ 60x Digital Zoom ၂ မ်ိဳးပါတဲ့ 13MP Periscope Sensor ၊ ေနာက္ျပီး 8MP Ultrawide Sensor ေတြပါဝင္တဲ့အျပင္ Camera ပိုင္းမွာလည္း ခ်ီးက်ဴးမႈေတြခံေနရေသးတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ တကယ္လုိ႔သာ DxOMark က OPPO Reno 10x Zoom ကို Review ျပဳလုပ္ခဲ့မယ္ဆုိရင္ Camera ပိုင္း Benchmark ေတြအရေရာ OPPO အေနနဲ႔ Huawei နဲ႔ Samsung ဖုန္းေတြကို ယွဥ္ႏုိင္မလားဆုိတာ စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

Ref – Gizmo China

Unicode

လက်ရှိစမတ်ဖုန်းတွေရဲ့ Camera စွမ်းဆောင်ရည်ကောင်း မကောင်း ဘယ်လိုဆုံးဖြတ်မလဲလို့ ပြောလိုက်တာနဲ့ DxOMark ကို ပြေးပြီးမြင်မိကြမှာပါ။ DxOMark ဟာ လက်ရှိအချိန်မှာ အကြီးဆုံး စမတ်ဖုန်း Camera တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးတဲ့ Website တစ်ခုဖြစ်သလို တခြားသော Professional Camera တွေ၊ Lenses တွေကိုလည်း စမ်းသပ်တဲ့ Website တစ်ခုဖြစ်ပါတယ်။

အခုလက်ရှိမှာ စမတ်ဖုန်းတွေရဲ့ DxOMark Mobile Benchmark နေရာမှာ အများဆုံးအနေနဲ့ Huawei P30 Pro နဲ့ Samsung Galaxy S10 5G ဖုန်းတွေက နေရာယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် DxOMark ကနေ သူတို့ရဲ့ Twitter Account မှာ ထူးဆန်းတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါကတော့ “A new mobile review is coming soon” ဆိုပြီး တင်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပြင် DxOMark ကနေ တစ်ခါမှစမ်းသပ်ဖူးခြင်းမရှိသေးတဲ့ Mobile Brand လည်းဖြစ်တယ်လို့ ပြောထားတော့ ဒါက ထူးဆန်းနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဖြစ်နိုင်ဆုံးသော စမတ်ဖုန်းကတော့ OPPO ကနေ Flagship ဖုန်းတစ်ခုအနေနဲ့ ထုတ်ထားတဲ့ OPPO Reno 10x Zoom ဖုန်းဖြစ်နိုင်ပြီး DxOMark ကပြောထားသလိုပဲ OPPO ဖုန်းတွေကို တစ်ခါမှ DxOMark ကနေ Review ပြုလုပ်ဖူးခြင်းမရှိသေးတာလည်းတူညီနေပါတယ်။

OPPO Reno 10x Zoom စမတ်ဖုန်းဟာ Primary Camera အနေနဲ့ Aperture f1.7 ရှိတဲ့ Sony IMX586 48MP Sensor ကို အသုံးပြုထားသလို 6x Optical Zoom နဲ့ 60x Digital Zoom ၂ မျိုးပါတဲ့ 13MP Periscope Sensor ၊ နောက်ပြီး 8MP Ultrawide Sensor တွေပါဝင်တဲ့အပြင် Camera ပိုင်းမှာလည်း ချီးကျူးမှုတွေခံနေရသေးတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့သာ DxOMark က OPPO Reno 10x Zoom ကို Review ပြုလုပ်ခဲ့မယ်ဆိုရင် Camera ပိုင်း Benchmark တွေအရရော OPPO အနေနဲ့ Huawei နဲ့ Samsung ဖုန်းတွေကို ယှဉ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China

Unicode