Samsung ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Galaxy Note 20 Series စမတ်ဖုန်းတွေဖြစ်တဲ့ Note 20 Ultra နဲ့ Note 20 စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ Note 20 Series ထဲက Note 20 Ultra ဟာဆိုရင် 108MP Primary Sensor ကိုမှ Autofous ပိုကောင်းဖို့အတွက် Laser Autofocus နဲ့ပါအဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Camera ပိုင်းကို စမ်းသပ်တဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ Galaxy Note 20 Ultra စမတ်ဖုန်းကို Total Score အနေနဲ့ ၁၂၀ မှတ်ပဲ ပေးခဲ့ပြိးတော့ Galaxy S20 Ultra ဖုန်းထက်တောင် အားနည်းနေခဲ့တာဖြစ်ပါတယ်။ အခုလည်း DxOMark ကနေ Galaxy Note 20 (Exynos Version) အတွက် Camera ပိုင်းရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

Galaxy Note 20 စမတ်ဖုန်းဟာ Camera ပိုင်းအနေနဲ့ 12MP Primary Sensor ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း DxOMark ကနေ Galaxy Note 20 ဖုန်းကိုလည်း Total Score အနေနဲ့ ၁၂၀ မှတ်ပေးခဲ့ပြီးတော့ Galaxy Note 20 Ultra ဖုန်းနဲ့ ရမှတ်အတူတူ သတ်မှတ်ခံခဲ့ရပါတယ်။

Galaxy Note 20 ဟာ Photo Score ပိုင်းမှာ Galaxy Note 20 Ultra ဖုန်းထက် ရမှတ် ၁ မှတ်ပိုများတဲ့ ၁၂၃ မှတ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ Video Score မှာတော့ Galaxy Note 20 Ultra ထက် ရမှတ် ၁ မှတ်ပိုနည်းခဲ့ပြီး ၁၀၅ မှတ်ပဲရရှိခဲ့တယ်လို့ သိရပါတယ်။

DxOMark ကတော့ Galaxy Note 20 စမတ်ဖုန်းရဲ့ Camera ဟာ နေရာအကုန်လုံးနီးပါးမှာ ကောင်းမွန်တယ်လို့ သိရပြီး အထူးသဖြင့် Ultrawide Sensor က တခြားသောစမတ်ဖုန်းတွေထက်တောင် ပိုကောင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy Note 20 Ultra ဖုန်းနဲ့ယှဥ်ရင်တောင်မှ စျေးပိုသက်သာပြီး Camera ပိုင်းဆင်တူတဲ့စွမ်းဆောင်ရည်ကို ရရှိမယ်လို့ သိရပါတယ်။

Ref – Gizmo China