ASUS ကနေ ROG Phone 3 Gaming Phone ကို တရားဝင်မိတ်ဆက်ပြီးပြီဖြစ်ပါတယ်။ အဆိုပါ ROG Phone 3 မှာ Qualcomm Snapdragon 865+ Chipset ၊ RAM 16GB ၊ 144Hz Full HD Display ၊ 6000mAh Battery တွေပါဝင်တဲ့အတွက် လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်းလို့တောင် ပြောလို့ရနေပါတယ်။

အခုလည်း စမတ်ဖုန်းတွေရဲ့ Camera နဲ့ Audio ပိုင်းစွမ်းဆောင်ရည်ကို တိုင်းတာတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ ROG Phone 3 ရဲ့ Audio ပိုင်းကိုတိုင်းတာခဲ့ပါတယ်။ ROG Phone 3 ဟာ Audio ပိုင်းမှာ ရမှတ် ၇၅ မှတ်ရရှိခဲ့ပြီးတော့ လက်ရှိ ဒုတိယ Audio အကောင်းဆုံးဖုန်းအနေနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ ပထမနေရာမှာတော့ Xiaomi Mi 10 Pro က ရမှတ် ၇၆ မှတ်နဲ့ရပ်တည်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone 3 ရဲ့ Audio Quality ဟာ Huawei Mate 20X နဲ့ ဆင်တူနေမှာဖြစ်ပြီး Apple iPhone 11 Pro ထက်တောင် ပိုကောင်းနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်းလည်း ROG Phone 3 မှာ Dirac Research Immersive Audio Technology ပါဝင်တဲ့ Front Facing Stereo Speaker Setup ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Recording ပိုင်းမှာလည်း Microphone ၄ လုံးထည့်သွင်းပေးထားပြီး 3D Recording ကိုပါ Support ပေးနိုင်မှာပါ။ 3.5mm Audio Jack ပါဝင်ခြင်းမရှိပေမယ့်လည်း ActiveAero Cooler ကနေတစ်ဆင့်အသုံးပြုနိုင်မှာဖြစ်သလို USB-C to 3.5mm Audio Adapter ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

အသေးစိတ်အနေနဲ့ကတော့ ROG Phone 3 ဟာ Audio Playback ပိုင်းမှာ ၇၅ မှတ်ရရှိခဲ့ပြီး Recording ပိုင်းမှာတော့ ၇၄ မှတ်ရရှီခဲ့တာဖြစ်ပါတယ်။ Bass ပိုင်းမှာတော်တော်လေးကို ကောင်းမွန်သလို Frequency Balance ပိုင်းနဲ့ Dynamic Range ပိုင်းမှာလည်း အားရဖို့ကောင်းတယ်လို့ သိရပါတယ်။ Recording ပိုင်းမှာလည်း DxOMark က စမ်းသပ်ဖူးသမျှစမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone 3 ဟာ Performance ပိုင်းတင်မဟုတ်ဘဲ Audio Quality ပိုင်းမှာလည်း လုံးဝစိတ်ပျက်စေမှာမဟုတ်ပါဘူး။

Ref – Gizmo China