စမတ်ဖုန်းကင်မရာတွေကို Benchmark တိုင်းတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Galaxy S20 Ultra စမတ်ဖုန်းကို Review ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Galaxy S20 Ultra ဟာ လက်ရှိကင်မရာအကောင်းဆုံးဖုန်းတွေထဲမှာ နံပါတ် (၆) နေရာကိုပဲရရှိခဲ့ပြီးတော့ ထိပ်ဆုံးက စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။

အခုလည်း DxOMark ကနေ Samsung ရဲ့ Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Z Flip ဖုန်းအတွက် DxOMark ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ DxOMark ရဲ့ ရလဒ်အရ Galaxy Z Flip ဖုန်းဟာ စုစုပေါင်းရမှတ် ၁၀၅ မှတ်ပဲရရှိခဲ့ပြီးတော့ လက်ရှိ Flagship ဖုန်းတွေနဲ့ယှဥ်ရင် တော်တော်လေးကို အားနည်းနေတယ်လို့ ပြောရမှာပါ။

ဘယ်လောက်အထိတောင် အားနည်းနေသလဲဆိုရင် အဆိုပါ စုစုပေါင်း ၁၀၅ မှတ်ပဲရရှိတာက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့ XS Max လိုမျိုး စမတ်ဖုန်းတွေထက်တောင် အားနည်းနေတာဖြစ်ပါတယ်။ အသေးစိတ်အနေနဲ့ကတော့ Photo ပိုင်းမှာ ၁၀၅ မှတ်နဲ့ Video ပိုင်းမှာ ၉၆ မှတ်ရရှိခဲ့တယ်လို့ သိရပါတယ်။

DxOMark ကတော့ Camera ပိုင်းမှာ မဆိုးဘူးလို့ပြောနိုင်ပေမယ့် လက်ရှိ Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ခြင်းမရှိဘူးဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ Samsung အနေနဲ့ အခုလိုမျိုး Galaxy Z Flip ဖုန်းရဲ့ စျေးနှုန်းကို သက်သာအောင်နဲ့ Design ပိုင်းပြောင်းလဲမှုတွေကြောင့် Galaxy S20 Series လိုမျိုး Camera ပိုင်းကို အာရုံစိုက်နိုင်စွမ်းမရှိခဲ့ဘူးလို့ပဲ ယူဆရမှာပါ။

Ref – GSM Arena