Camera ပိုင်း အရည်အသွေးကို တိုင်းတာတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ အခုအချိန်မှာ Apple iPhone 12 Series ဖုန်းတစ်လုံးဖြစ်တဲ့ iPhone 12 Pro ရဲ့ ရမှတ်တွေကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အခု DxOMark မှာ Apple iPhone 12 Pro ဟာ Overall Score အနေနဲ့ ၁၂၈ မှတ်ရရှိခဲ့ပြီး စတုတ္ထနေရာကို ရရှိထားသလို Xiaomi Mi 10 Pro လိုမျိုး ဖုန်းတွေနဲ့ ရမှတ်တူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Huawei Mate 40 Pro ၊ Mi 10 Ultra နဲ့ Huawei P40 Pro လိုမျိုး ဖုန်းတွေကိုတော့ ယှဥ်လို့မရသေးပါဘူး။

ထူးခြားချက်အနေနဲ့ကတော့ Apple iPhone 12 Pro မှာ Primary Wide Lens အပြင် Ultrawide ၊ Telephoto Lens တွေပါဝင်တယ်ဆိုပေမယ့် အကုန်လုံးကို 12MP Sensor တွေပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီ Huawei နဲ့ Xiaomi ဖုန်းတွေလိုမျိုး များပြားတဲ့ Megapixels ပါဝင်တဲ့ Primary Sensor တွေအစား အခုလို 12MP Sensor တွေ ဒီလိုမျိုးအဆင့်သတ်မှတ်ခံရတာက တော်တော်လေးကို အားရဖို့ကောင်းနေပါတယ်။

DxOMark ရဲ့ ပြောကြားချက်အရတော့ iPhone 12 Pro ဟာ Autofocus ၊ Color Accuracy နဲ့ Details တွေမှာ အထင်ကြီးဖို့ကောင်းပြီးတော့ Indoor နဲ့ Exposure ကွာခြားမှုမြင့်မားတဲ့အပိုင်းတွေမှာတောင်မှ Details မကျသွားဘူးလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Video Recording ပိုင်းမှာလည်း အကောင်းဆုံးလို့ ပြောနိုင်တဲ့ Autofocus ၊ Color Accuracy ၊ Wide Dynamic Range တွေရှိနေတာဖြစ်ပါတယ်။

မနှစ်တုန်းက iPhone 11 Pro Max စမတ်ဖုန်းဟာ Overall Score အနေနဲ့ ၁၂၄ မှတ်ပဲရရှိခဲ့တဲ့အတွက် အခု iPhone 12 Pro က Camera ပိုင်းမှာ ပိုကောင်းလာတယ်ဆိုတာကတော့ သေချာသွားပြီဖြစ်ပါတယ်။

Ref – GSM Arena