[Zawgyi]

ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ZTE ရဲ႕ Axon စမတ္ဖုန္းစီးရီး တဖန္ျပန္အသက္ဝင္လာခဲ့ၿပီးေနာက္ ဒီႏွစ္မွာလဲ ေနာက္ဆက္တြဲထုတ္ကုန္ကို ျမင္ရဖို႔ရွိေနပါတယ္။ Axon 10 Pro စမတ္ဖုန္းဟာ လြန္ခဲ့တဲ့ရက္အနည္းငယ္က Geekbench ေပၚမွာ စြမ္းေဆာင္ရည္စမ္းသပ္ေနတာကို ျမင္ခဲ့ရၿပီး ယခုအခါ EEC အသိအမွတ္ျပဳျခင္းကိုပါ ရရွိခဲ့ပါၿပီ။

EEC မွာေတြ႕ခဲ့ရတဲ့ မွတ္တမ္းမ်ားအရ ZTE A2020 Pro ဟန္းဆက္ဟာ Axon 10 Pro လို႔ေခၚဆုိမယ္ ဆုိတာ သိခဲ့ရပါၿပီ။ ဒါ့အျပင္ ဒီဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ 6GB RAM မန္မုိရီတုိ႔ ပါဝင္ကာ Android 9 Pie OS ကိုဘာနဲ႔မွ မေရာေႏွာပဲ အသုံးျပဳရမွာျဖစ္ပါတယ္။

ZTE Axon 10 Pro စမတ္ဖုန္းမွာ 6.4” 1080p+ Display တစ္ခုပါဝင္မွာပါ။ ေနာက္ဘက္ကင္မရာက 16+20MP Dual ကင္မရာအစုံျဖစ္ၿပီး 25MP ဆယ္ဖီကင္မရာ တပ္ဆင္ထားတယ္။ ဘကၳရီကေတာ့ 4,300mAh ျဖစ္ၿပီး Fast Charging စနစ္တစ္ခုခုပါဝင္မွာပါ။

ၿပီးခဲ့တဲ့ Axon 9 Pro နဲ႔ယွဥ္ၾကည့္မယ္ဆုိရင္ သိသာတာကေတာ့ Axon 10 Pro မွာ အသုံးျပဳလာတဲ့ အသစ္စက္စက္ ခ်စ္ပ္ဆက္၊ ကင္မရာနဲ႔ ဘကၳရီအပုိင္းေတြ ျဖစ္မွာပါ။ ဒါေပမယ့္ တကယ္မိတ္ဆက္လာတဲ့ အခ်ိန္မွာ ဘယ္လို Feature အသစ္ေတြ ပါလာဦးမလဲ ဆုိတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ZTE ရဲ့ Axon စမတ်ဖုန်းစီးရီး တဖန်ပြန်အသက်ဝင်လာခဲ့ပြီးနောက် ဒီနှစ်မှာလဲ နောက်ဆက်တွဲထုတ်ကုန်ကို မြင်ရဖို့ရှိနေပါတယ်။ Axon 10 Pro စမတ်ဖုန်းဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က Geekbench ပေါ်မှာ စွမ်းဆောင်ရည်စမ်းသပ်နေတာကို မြင်ခဲ့ရပြီး ယခုအခါ EEC အသိအမှတ်ပြုခြင်းကိုပါ ရရှိခဲ့ပါပြီ။

EEC မှာတွေ့ခဲ့ရတဲ့ မှတ်တမ်းများအရ ZTE A2020 Pro ဟန်းဆက်ဟာ Axon 10 Pro လို့ခေါ်ဆိုမယ် ဆိုတာ သိခဲ့ရပါပြီ။ ဒါ့အပြင် ဒီဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်နဲ့ 6GB RAM မန်မိုရီတို့ ပါဝင်ကာ Android 9 Pie OS ကိုဘာနဲ့မှ မရောနှောပဲ အသုံးပြုရမှာဖြစ်ပါတယ်။

ZTE Axon 10 Pro စမတ်ဖုန်းမှာ 6.4” 1080p+ Display တစ်ခုပါဝင်မှာပါ။ နောက်ဘက်ကင်မရာက 16+20MP Dual ကင်မရာအစုံဖြစ်ပြီး 25MP ဆယ်ဖီကင်မရာ တပ်ဆင်ထားတယ်။ ဘက္ထရီကတော့ 4,300mAh ဖြစ်ပြီး Fast Charging စနစ်တစ်ခုခုပါဝင်မှာပါ။

ပြီးခဲ့တဲ့ Axon 9 Pro နဲ့ယှဉ်ကြည့်မယ်ဆိုရင် သိသာတာကတော့ Axon 10 Pro မှာ အသုံးပြုလာတဲ့ အသစ်စက်စက် ချစ်ပ်ဆက်၊ ကင်မရာနဲ့ ဘက္ထရီအပိုင်းတွေ ဖြစ်မှာပါ။ ဒါပေမယ့် တကယ်မိတ်ဆက်လာတဲ့ အချိန်မှာ ဘယ်လို Feature အသစ်တွေ ပါလာဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref – GSM Arena