[Zawgyi]

“ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလမွာ Mary Chapman ေက်ာင္းက အၾကားအာ႐ုံခ်ိဳ႕တဲ့တဲ့ ကေလးငယ္ ၈ ေယာက္နဲ႔အတူ ရန္ကုန္ၿမိဳ႕ရဲ႕ အထင္ကရေနရာေတြမွာ အခ်ိန္တစ္ပတ္ေလာက္ စမတ္ဖုန္းေတြကို အသုံးျပဳၿပီးေတာ့ ဓာတ္ပုံေပါင္း ၁၈,၀၀၀ ေက်ာ္ ႐ိုက္ခဲ့ပါတယ္။ အာရွရဲ႕ သက္ဝင္လႈပ္ရွားမႈအရွိဆုံးႏွင့္ စိတ္လႈပ္ရွားဖြယ္ရာအကာင္းဆုံးျဖစ္တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ အႏွစ္သာရကို ေဖာ္ၫႊန္းႏိုင္မယ့္ ကေလးငယ္ေတြကိုယ္တိုင္႐ိုက္ကူးခဲ့တဲ့ အေကာင္းဆုံးဓာတ္ပုံေတြကို ဒီ စာမ်က္ႏွာ ၁၆၀ ပါတဲ့ စာအုပ္ထဲမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။”ဟု Link for Aid ၏ တည္ေထာင္သူ ႏွင့္ Silent Yangon စာအုပ္ထုတ္ေဝသူ Pamela McCourt Francescone မွေျပာၾကားခဲ့သည္။

Silent Yangon Project ၏ ေနာက္ဆုံး ထုတ္ကုန္ျဖစ္ေသာ Silent Yangon ပုံႏွိပ္စာအုပ္အား ယေန႔တြင္ ျပည္သူမ်ားႏွင့္ သတင္းမီဒီယာမ်ားထံသို႔ Sule Shangri-La ရန္ကုန္၌ မိတ္ဆက္ခဲ့သည္။ အဆိုပါ ပေရာဂ်က္သည္ အသက္ ၁၂ႏွစ္မွ ၁၅ႏွစ္ အ႐ြယ္ရွိေသာ ေယာက်ာ္းေလး(၄)ေယာက္ ႏွင့္ မိန္းကေလး(၄)ေယာက္ တို႔၏ ကိုယ္ပိုင္အရည္အခ်င္း၊ အႏိုင္မခံအရႈံးမေပးသည့္ စိတ္ဓါတ္မ်ားအား သက္ေသျပႏိုင္ေသာ အခြင့္အေရးႏွင့္ စိန္ေခၚမႈမ်ားအေပၚတက္ႂကြစြာ လက္ခံျခင္း၊ နည္းပညာမ်ားႏွင့္ ဓါတ္ပုံပညာတြင္ ရင္းႏွီးမႈရွိျခင္းမ်ားအား ထုတ္ျပႏိုင္ရန္ ရည္႐ြယ္သည္။ ဤသို႔ျဖင့္ ကေလးငယ္မ်ားသည္ ၎တို႔၏ စိတ္ႀကံ့ခိုင္မႈမ်ား၊ ဖန္တီးႏိုင္စြမ္းမ်ားႏွင့္ အၾကားအာ႐ုံခ်ိဳ႕တဲ့ျခင္းသည္ လွပေသာအႏုပညာ၏ အတားအဆီးတစ္ခု မဟုတ္ေၾကာင္း သက္ေသျပ ႏိုင္ျခင္းမ်ားအား ျပသကာ ယခုကဲ့သို႔ စိတ္လႈပ္ရွားဖြယ္ေကာင္းေသာ အႏုပညာေျမာက္သည့္ စြန႔္စားခန္း၏ ဇာတ္ေဆာင္မ်ားျဖစ္လာၾကသည္။

Samsung Myanmar ၏ Public Relations and Citizenship Manager ျဖစ္သူ ကိုစိုးသူရမွလည္း လူငယ္ ဓာတ္ပုံဝါသနာရွင္မ်ားအေပၚ သူ၏ ခံစားခ်က္အား ယခုကဲ့သို႔ေျပာၾကားခဲ့သည္။ “ကြၽန္ေတာ္တို႔အေနနဲ႔ ကေလးေတြရဲ႕ ေအာင္ျမင္မႈနဲ႔ ဒီေအာင္ျမင္မႈအေပၚ ပံ့ပိုးေပးရတဲ့အေပၚ အရမ္းကို ဂုဏ္ယူရပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ကေလးတစ္ေယာက္ခ်င္းစီရဲ႕ အရည္အခ်င္းေတြကို ကြၽန္ေတာ္တို႔ရဲ႕ စမတ္ဖုန္း နည္းပညာေတြ ကတစ္ဆင့္ သိျမင္ၾကားနာခြင့္ရႏိုင္တဲ့ ဒီအဓိပၸါယ္ရွိတဲ့ ပေရာဂ်က္ရဲ႕ က႑တစ္ခု ျဖစ္ခြင့္ရတဲ့အတြင္လည္း အရမ္း ဝမ္းသာဂုဏ္ယူမိပါတယ္။ Samsung အေနနဲ႔ လူအမ်ား မျဖစ္လာႏိုင္ဘူးလို႔ ထင္ျမင္ယူဆထားတဲ့ ေကာင္းမြန္တဲ့အရာေတြ အမ်ားအျပားကို လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီပူးေပါင္းေဆာင္႐ြက္မႈ ဟာလည္း ဥပမာေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။” ဟုေျပာၾကားခဲ့ပါသည္။

ထို႔အတူ Asian Trails ၏ မန္ေနဂ်င္း ဒါ႐ိုက္တာျဖစ္သူ Thomas Carnevale မွ “ဒီကေလးေတြက သူတို႔လုပ္ေဆာင္ခဲ့တာေတြဟာ ဘယ္ေလာက္အတိုင္းအတာအထိ အက်ိဳးသက္ေရာက္မႈ ရွိလိမ့္မယ္ဆိုတာကို မသိၾကပါဘူး။ သူတို႔ဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ေနတဲ့ ကေလးငယ္ေတြသာမဟုတ္ဘဲ သူတို႔နဲ႔ ႐ြယ္တူကေလးငယ္ေတြ အပါအဝင္ လူငယ္အားလုံးကို ဘယ္လိုအေျခအေနဘဲ ေရာက္ေနေရာက္ေန ဘဝကို ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔ ရွင္သန္ေနလို႔ ရတယ္ဆိုတာကို ခ်ျပလိုက္သလိုပါဘဲ။ ေနာက္ၿပီးေတာ့ ဒီသက္ဝင္လႈပ္ရွားေနတဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ ပုံရိပ္ေတြကို ႐ိုက္ကူးရင္း ျမန္မာႏိုင္ငံကို ကမာၻကသိေအာင္ ျပဳလုပ္ေပးၿပီးေတာ့ ႏိုင္ငံဂုဏ္ေဆာင္ေပးလိုက္တာ လည္း ျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ ဒီအံအားသင့္စရာေကာင္းတဲ့ ပေရာဂ်က္မွာ အစကေနအဆုံး ပါဝင္ကူညီခြင့္ရတဲ့အတြက္ အရမ္းဂုဏ္ယူမိပါတယ္။” ဟု Sule Shangri-La ၏ ရန္ကုန္အေထြေထြ မန္ေနဂ်ာျဖစ္သူ Phillip Couvaras မွေျပာသည္။ “ဒီထူးခြၽန္တဲ့ကေလးေတြ ႐ိုက္ထားတဲ့ ပုံေတြဆီက ရသမ်ိဳးစုံကိုေပးသြားႏိုင္ၿပီး ကြၽန္ေတာ္ရဲ႕ လွပတဲ့ၿမိဳ႕ႀကီးနဲ႔ တစ္ထပ္ထဲ က်ေနေၾကာင္း ထင္ဟပ္ေနပါတယ္။” ဟု ဆက္လက္ေျပာၾကားသြားပါသည္။

အၾကားအာ႐ုံခ်ိဳ႕တဲ့ေသာ ကေလးငယ္မ်ားအတြက္ Mary Chapman ေက်ာင္း၏ ေက်ာင္းအုပ္ဆရာမႀကီးျဖစ္သူ ေဒၚၫြန႔္ၫြန႔္သိန္းမွ Link for Aid ႏွင့္ ယခုပေရာဂ်က္၏ ေအာင္ျမင္မႈအေပၚ ပူးေပါင္းေဆာင္႐ြက္ၾကသူမ်ား အားလုံးအား ေက်းဇူးတင္ေၾကာင္း ေျပာၾကားသြား ေက်ာင္းအုပ္ဆရာမႀကီးမွ “ကြၽန္မတို႔အေနနဲ႔ Silent Yangon ပေရာဂ်က္မွာ ပါဝင္အားျဖည့္ ေထာက္ပံ့ေပးတဲ့သူ အားလုံးကို အထူးပဲေက်းဇူးတင္ပါတယ္။ ဒါဟာ workshop ေတြမွာပါဝင္ၿပီး လက္ေတြ႕ဓာတ္ပုံသင္တန္းကို ပါဝင္တက္ေရာက္ခြင့္ရၾကတဲ့ ကေလးငယ္ေတြ အတြက္ အင္မတန္ အဓိပၸါယ္ရွိပါတယ္။ ဒီပေရာဂ်က္ေလးဟာ သူတို႔ကိုယ္သူတို႔ ျမင္တဲ့အေပၚနဲ႔ သူတို႔ရဲ႕ အနာဂတ္ေတြကိုျမင္တဲ့အေပၚမွာ အမ်ားႀကီး အက်ိဳးသင္ေရာက္မႈေတြ ရွိလာမွာ ျဖစ္ပါတယ္” ဟုေျပာၾကားခဲ့သည္။

အဆိုပါကေလးငယ္ ၈ ဦးအား Slient Yangon အား ဒီဇိုင္းဆြဲေပးသည့္ မီလန္ရွိ ZeroZero Studio ပိုင္ရွင္ အီတလီလူမ်ိဳး ဓာတ္ပုံဆရာ Francesca Moscheni, Silvia Grazioli ႏွင့္ 1010design မွ Gaia Guiduzzi တို႔မွ ဓာတ္ပုံ႐ိုက္ကူးျခင္းႏွင့္ ပတ္သက္၍ အနီးကပ္ သင္ၾကားေပးခဲ့သည္။ အီတလီလူမ်ိဳး ႐ုပ္ရွင္ထုတ္လုပ္သူ Marco Armando Piccinini မွလည္း သင္ၾကားေပးခဲ့သည့္ ေနရာတြင္ ကေလးမ်ားႏွင့္အတူ တစ္ပတ္ခန႔္ အခ်ိန္ကုန္ဆုံးခဲ့ၿပီး မသန္စြမ္းကေလးငယ္မ်ားမွ ေခတ္မွီနည္းပညာမ်ားအသုံးျပဳ၍ အခက္အခဲ အတားအဆီးမ်ားကိုေက်ာ္လႊားကာ ပင္ကိုယ္ အႏုပညာစြမ္းရည္မ်ား မည္ကဲ့သို႔ ျပသခဲ့သည္ကို ပုံျပင္ဆန္ဆန္ ဗီဒီယို တစ္ခု ႐ိုက္ကူးေပးခဲ့သည္။ အဆိုပါ ဗီဒီယိုအား ၂၀၁၉ခုႏွစ္ ဒုတိယ ၃လပတ္တြင္ ထုတ္လႊင့္ျပသေပးသြားမည္ျဖစ္သည္။

အဆိုပါ စာအုပ္အား သန္းထိုက္ရတနာ ပုံႏွိပ္တိုက္မွ ဦးဝင္းေအာင္မွ ထုတ္လုပ္ေပးၿပီး Myanmar Book Center စာအုပ္တိုက္မွ ေဒါက္တာသန႔္ေသာ္ေကာင္းမွ တာဝန္ယူ၍ စာအုပ္ဆိုင္မ်ားႏွင့္ ေ႐ြးခ်ယ္သတ္မွတ္ထားသည့္ ေနရာမ်ားတြင္ ေရာင္းခ်ေပးသြားမည္ ျဖစ္သည္။ အဆိုပါ Silent yangon စာအုပ္ေရာင္းခ်ျခင္းမွရရွိသည့္ အက်ိဳးအျမတ္အား ရန္ကုန္ၿမိဳ႕၏ ဆင္းရဲေသာၿမိဳ႕နယ္မ်ားရွိ ခ်ိဳ႕တဲ့ႏြမ္းပါးေသာကေလး ရာေပါင္းမ်ားစြာကို သင္တန္းမ်ားေပးျခင္း၊ က်န္းမာေရးႏွင့္ ပညာေရးနယ္ပယ္တြင္ေထာက္ပံ့ေပးျခင္း တို႔တြင္ အသုံးျပဳသြားမည္ ျဖစ္သည္။

“ကြၽန္မေနနဲ႔ ကြၽန္မတို႔ကို ပံ့ပိုးကူညီေပးခဲ့ၾကတဲ့ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ စာအုပ္ထဲက ဓာတ္ပုံေတြကေန တစ္ဆင့္ စိတ္ကူးစိတ္သန္းေကာင္းေတြ၊ အလွတရားေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို မွ်ေဝေပးခဲ့ၾကတဲ့ ဒီပါရမီရွင္ကေလးငယ္ေလးေတြ ကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္လို႔ ေျပာၾကားလိုပါတယ္” ဟု Francescone မွ ေျပာၾကားခဲ့သည္။

[Uniocode]

အကြားအာရုံချို့တဲ့သည့် ကလေးငယ် (၈) ဦးမှ သက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ပုံရိပ်အား စမတ်ဖုန်းများဖြင့် ရိုက်ကူး

“ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ Mary Chapman ကျောင်းက အကြားအာရုံချို့တဲ့တဲ့ ကလေးငယ် ၈ ယောက်နဲ့အတူ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ အချိန်တစ်ပတ်လောက် စမတ်ဖုန်းတွေကို အသုံးပြုပြီးတော့ ဓာတ်ပုံပေါင်း ၁၈,၀၀၀ ကျော် ရိုက်ခဲ့ပါတယ်။ အာရှရဲ့ သက်ဝင်လှုပ်ရှားမှုအရှိဆုံးနှင့် စိတ်လှုပ်ရှားဖွယ်ရာအကာင်းဆုံးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အနှစ်သာရကို ဖော်ညွှန်းနိုင်မယ့် ကလေးငယ်တွေကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ အကောင်းဆုံးဓာတ်ပုံတွေကို ဒီ စာမျက်နှာ ၁၆၀ ပါတဲ့ စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။”ဟု Link for Aid ၏ တည်ထောင်သူ နှင့် Silent Yangon စာအုပ်ထုတ်ဝေသူ Pamela McCourt Francescone မှပြောကြားခဲ့သည်။

Silent Yangon Project ၏ နောက်ဆုံး ထုတ်ကုန်ဖြစ်သော Silent Yangon ပုံနှိပ်စာအုပ်အား ယနေ့တွင် ပြည်သူများနှင့် သတင်းမီဒီယာများထံသို့ Sule Shangri-La ရန်ကုန်၌ မိတ်ဆက်ခဲ့သည်။ အဆိုပါ ပရောဂျက်သည် အသက် ၁၂နှစ်မှ ၁၅နှစ် အရွယ်ရှိသော ယောကျာ်းလေး(၄)ယောက် နှင့် မိန်းကလေး(၄)ယောက် တို့၏ ကိုယ်ပိုင်အရည်အချင်း၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓါတ်များအား သက်သေပြနိုင်သော အခွင့်အရေးနှင့် စိန်ခေါ်မှုများအပေါ်တက်ကြွစွာ လက်ခံခြင်း၊ နည်းပညာများနှင့် ဓါတ်ပုံပညာတွင် ရင်းနှီးမှုရှိခြင်းများအား ထုတ်ပြနိုင်ရန် ရည်ရွယ်သည်။ ဤသို့ဖြင့် ကလေးငယ်များသည် ၎င်းတို့၏ စိတ်ကြံ့ခိုင်မှုများ၊ ဖန်တီးနိုင်စွမ်းများနှင့် အကြားအာရုံချို့တဲ့ခြင်းသည် လှပသောအနုပညာ၏ အတားအဆီးတစ်ခု မဟုတ်ကြောင်း သက်သေပြ နိုင်ခြင်းများအား ပြသကာ ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းသော အနုပညာမြောက်သည့် စွန့်စားခန်း၏ ဇာတ်ဆောင်များဖြစ်လာကြသည်။

Samsung Myanmar ၏ Public Relations and Citizenship Manager ဖြစ်သူ ကိုစိုးသူရမှလည်း လူငယ် ဓာတ်ပုံဝါသနာရှင်များအပေါ် သူ၏ ခံစားချက်အား ယခုကဲ့သို့ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ကလေးတွေရဲ့ အောင်မြင်မှုနဲ့ ဒီအောင်မြင်မှုအပေါ် ပံ့ပိုးပေးရတဲ့အပေါ် အရမ်းကို ဂုဏ်ယူရပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို ကျွန်တော်တို့ရဲ့ စမတ်ဖုန်း နည်းပညာတွေ ကတစ်ဆင့် သိမြင်ကြားနာခွင့်ရနိုင်တဲ့ ဒီအဓိပ္ပါယ်ရှိတဲ့ ပရောဂျက်ရဲ့ ကဏ္ဍတစ်ခု ဖြစ်ခွင့်ရတဲ့အတွင်လည်း အရမ်း ဝမ်းသာဂုဏ်ယူမိပါတယ်။ Samsung အနေနဲ့ လူအများ မဖြစ်လာနိုင်ဘူးလို့ ထင်မြင်ယူဆထားတဲ့ ကောင်းမွန်တဲ့အရာတွေ အများအပြားကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှု ဟာလည်း ဥပမာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

ထို့အတူ Asian Trails ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Thomas Carnevale မှ “ဒီကလေးတွေက သူတို့လုပ်ဆောင်ခဲ့တာတွေဟာ ဘယ်လောက်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်ဆိုတာကို မသိကြပါဘူး။ သူတို့ဟာ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်တွေသာမဟုတ်ဘဲ သူတို့နဲ့ ရွယ်တူကလေးငယ်တွေ အပါအဝင် လူငယ်အားလုံးကို ဘယ်လိုအခြေအနေဘဲ ရောက်နေရောက်နေ ဘဝကို မျှော်လင့်ချက်များစွာနဲ့ ရှင်သန်နေလို့ ရတယ်ဆိုတာကို ချပြလိုက်သလိုပါဘဲ။ နောက်ပြီးတော့ ဒီသက်ဝင်လှုပ်ရှားနေတဲ့ ရန်ကုန်မြို့ရဲ့ ပုံရိပ်တွေကို ရိုက်ကူးရင်း မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် ပြုလုပ်ပေးပြီးတော့ နိုင်ငံဂုဏ်ဆောင်ပေးလိုက်တာ လည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီအံအားသင့်စရာကောင်းတဲ့ ပရောဂျက်မှာ အစကနေအဆုံး ပါဝင်ကူညီခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။” ဟု Sule Shangri-La ၏ ရန်ကုန်အထွေထွေ မန်နေဂျာဖြစ်သူ Phillip Couvaras မှပြောသည်။ “ဒီထူးချွန်တဲ့ကလေးတွေ ရိုက်ထားတဲ့ ပုံတွေဆီက ရသမျိုးစုံကိုပေးသွားနိုင်ပြီး ကျွန်တော်ရဲ့ လှပတဲ့မြို့ကြီးနဲ့ တစ်ထပ်ထဲ ကျနေကြောင်း ထင်ဟပ်နေပါတယ်။” ဟု ဆက်လက်ပြောကြားသွားပါသည်။

အကြားအာရုံချို့တဲ့သော ကလေးငယ်များအတွက် Mary Chapman ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ညွန့်ညွန့်သိန်းမှ Link for Aid နှင့် ယခုပရောဂျက်၏ အောင်မြင်မှုအပေါ် ပူးပေါင်းဆောင်ရွက်ကြသူများ အားလုံးအား ကျေးဇူးတင်ကြောင်း ပြောကြားသွား ကျောင်းအုပ်ဆရာမကြီးမှ “ကျွန်မတို့အနေနဲ့ Silent Yangon ပရောဂျက်မှာ ပါဝင်အားဖြည့် ထောက်ပံ့ပေးတဲ့သူ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒါဟာ workshop တွေမှာပါဝင်ပြီး လက်တွေ့ဓာတ်ပုံသင်တန်းကို ပါဝင်တက်ရောက်ခွင့်ရကြတဲ့ ကလေးငယ်တွေ အတွက် အင်မတန် အဓိပ္ပါယ်ရှိပါတယ်။ ဒီပရောဂျက်လေးဟာ သူတို့ကိုယ်သူတို့ မြင်တဲ့အပေါ်နဲ့ သူတို့ရဲ့ အနာဂတ်တွေကိုမြင်တဲ့အပေါ်မှာ အများကြီး အကျိုးသင်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါကလေးငယ် ၈ ဦးအား Slient Yangon အား ဒီဇိုင်းဆွဲပေးသည့် မီလန်ရှိ ZeroZero Studio ပိုင်ရှင် အီတလီလူမျိုး ဓာတ်ပုံဆရာ Francesca Moscheni, Silvia Grazioli နှင့် 1010design မှ Gaia Guiduzzi တို့မှ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ပတ်သက်၍ အနီးကပ် သင်ကြားပေးခဲ့သည်။ အီတလီလူမျိုး ရုပ်ရှင်ထုတ်လုပ်သူ Marco Armando Piccinini မှလည်း သင်ကြားပေးခဲ့သည့် နေရာတွင် ကလေးများနှင့်အတူ တစ်ပတ်ခန့် အချိန်ကုန်ဆုံးခဲ့ပြီး မသန်စွမ်းကလေးငယ်များမှ ခေတ်မှီနည်းပညာများအသုံးပြု၍ အခက်အခဲ အတားအဆီးများကိုကျော်လွှားကာ ပင်ကိုယ် အနုပညာစွမ်းရည်များ မည်ကဲ့သို့ ပြသခဲ့သည်ကို ပုံပြင်ဆန်ဆန် ဗီဒီယို တစ်ခု ရိုက်ကူးပေးခဲ့သည်။ အဆိုပါ ဗီဒီယိုအား ၂၀၁၉ခုနှစ် ဒုတိယ ၃လပတ်တွင် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

အဆိုပါ စာအုပ်အား သန်းထိုက်ရတနာ ပုံနှိပ်တိုက်မှ ဦးဝင်းအောင်မှ ထုတ်လုပ်ပေးပြီး Myanmar Book Center စာအုပ်တိုက်မှ ဒေါက်တာသန့်သော်ကောင်းမှ တာဝန်ယူ၍ စာအုပ်ဆိုင်များနှင့် ရွေးချယ်သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။ အဆိုပါ Silent yangon စာအုပ်ရောင်းချခြင်းမှရရှိသည့် အကျိုးအမြတ်အား ရန်ကုန်မြို့၏ ဆင်းရဲသောမြို့နယ်များရှိ ချို့တဲ့နွမ်းပါးသောကလေး ရာပေါင်းများစွာကို သင်တန်းများပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်တွင်ထောက်ပံ့ပေးခြင်း တို့တွင် အသုံးပြုသွားမည် ဖြစ်သည်။

“ကျွန်မနေနဲ့ ကျွန်မတို့ကို ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ စာအုပ်ထဲက ဓာတ်ပုံတွေကနေ တစ်ဆင့် စိတ်ကူးစိတ်သန်းကောင်းတွေ၊ အလှတရားတွေနဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးခဲ့ကြတဲ့ ဒီပါရမီရှင်ကလေးငယ်လေးတွေ ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်” ဟု Francescone မှ ပြောကြားခဲ့သည်။