တရုတ် ကားထုတ်လုပ်သူ Li Auto က ၁၀ မိနစ်ထဲနဲ့ အားသွင်းပေးနိုင်တဲ့ လျှပ်စစ်ကား မော်ဒယ် အသစ် အပါအဝင် အနာဂတ်အတွက် အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။ ဒီလို အားသွင်းနိုင်တာဟာ တရုတ် ကုမ္ပဏီ CATL က ထုတ်လုပ်တဲ့ Qilin CTP 3.0 Battery ကြောင့် ဖြစ်ပြီး ၁,၀၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ Li Auto က Battery ပမာဏကို ပြောကြားခြင်းတော့ မရှိသေးပါဘူး။

EV charging explained: Here's all the different charger types | Tom's Guide

Li Auto ရဲ့ လျှပ်စစ်ကား အသစ်မှာ 800-volt Architecture နဲ့ 480 kW Terminal ပါလာမယ်လို့ ထင်ပါတယ်။ Li Auto ဟာ Xpeng ရဲ့ Terminal ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် Terminal ကို တီထွင်နေပါတယ်။ မေလကုန်မှာ အဲဒီ Terminal တွေ တပ်ဆင်ထားတဲ့ Station ၂၅ ခုကို စမ်းသပ်ဖို့အတွက် ဖွင့်လှစ်မှာပါ။ ဒီနှစ်ကုန်မှာ ကုမ္ပဏီက Station ပေါင်း ၃၀၀ ကို တည်ဆောက်ဖို့ စီစဉ်ထားပြီး အဓိကအားဖြင့် အဝေးပြေးလမ်းတွေမှာ တည်ဆောက်မှာပါ။

fuel vehicles vs electric vehicles

Li Auto ရဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ်မတိုင်ခင် ရောင်းချမှာပါ။ ကုမ္ပဏီက ကား မော်ဒယ်ကို ပြောကြားခြင်း မရှိသေးပေမယ့် စီမံကိန်း အသစ်များစွာကို ပြုလုပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ Li Auto ရဲ့ ပထမဆုံး ကားမော်ဒယ် ၂ ခုမှာ Hybrid Engine တပ်ဆင်ထားပြီး ၁,၂၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

တရုတ်မှာ ကားနယ်ပယ်ထဲ ဝင်ရောက်လာတဲ့ ကုမ္ပဏီ အသစ်တွေ များပြားလာပါတယ်။ Li Auto ကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး တရုတ် ပြင်ပမှာ လူမသိကြပေမယ့် တရုတ်မှာ တိုးတက်ဖွံ့ဖြိုးလာတဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပါတယ်။ တရုတ်မှာ နာမည်ကြီးတဲ့ ကားထုတ်လုပ်သူတွေထဲမှာ Nio , Xpeng, BYD နဲ့ MG တို့ ပါဝင်ပါတယ်။

Ref : gizchina