Volvo က ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ကားတွေ ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဒီရည်မှန်းချက်သာ အောင်မြင်ရင် Volvo ဟာ လောင်စာဆီ ကားတွေကို မထုတ်လုပ်တော့တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာမှာပါ။ Volvo က ၂၀၂၅ ခုနှစ်မှာ ကမ္ဘာအဝန်း ရောင်းချမယ့် ကားတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်မယ်လို့ ပြောပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက လောင်စာဆီနဲ့ လျှပ်စစ် ၂ မျိုးသုံး ကားတွေ ဖြစ်မှာပါ။ ၂၀၃၀ ခုနှစ်အရောက်မှာ Volvo က လျှပ်စစ်ကားတွေကိုပဲ ထုတ်လုပ်တော့မှာပါ။

Volvo

လက်ရှိမှာ လျှပ်စစ်ကားတွေရဲ့ ဈေးနှုန်းဟာ ကြီးမြင့်နေပါသေးတယ်။ ကပ်ရောဂါနဲ့ Chip တွေ ရှားပါးမှုကြောင့် အခုလို ဈေးတက်နေတာပါ။ ဒါ့အပြင် လစ်သီယမ် ဘက်ထရီတွေရဲ့ ကုန်ကျစားရိတ်များပြားမှုနဲ့ လောင်စာဆီ ဈေးနှုန်း မြင့်တက်နေတဲ့အတွက် လျှပ်စစ်ကား ဝယ်လိုအား များလာပါတယ်။ ဒီလို အခြေအနေတွေကြောင့် လျှပ်စစ်ကား ဈေးနှုန်းတွေကို လျှော့ချဖို့ ခက်ခဲနေပါတယ်။

Volvo Cars

ဒါပေမယ့် Volvo CEO Jim Rowan က ကုမ္ပဏီရဲ့ စီမံကိန်းတချို့ကို ပြောပြလာပါတယ်။ သူက “၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားတွေဟာ လောင်စာဆီ ကားတွေလောက် ဈေးသက်သာသွားမှာပါ။ ဘက်ထရီ ကုန်ကျစားရိတ်ကို လျှော့ချနိုင်မယ့် နည်းပညာတွေ ရလာမှာဖြစ်ပြီး နည်းပညာ အသစ်တွေကြောင့် အကွာအဝေး ပိုမို မောင်းနှင်နိုင်မှာပါ။ ဘက်ထရီတွေရဲ့ ကုန်ကျစားရိတ် နည်းပါးလာသလို အရွယ်အစား သေးငယ်လာမှာပါ။ ကားထုတ်လုပ်သူတွေဟာ အစိုးရရဲ့ အခွန်လျှော့ချတာကို အားကိုး မနေဘဲ လူတိုင်း တတ်နိုင်တဲ့ လျှပ်စစ်ကားတွေကို ရောင်းချဖို့ နည်းလမ်း ၁ ခု ရှာရမှာပါ။ “ လို့ ပြောပါတယ်။

Ref : gizchina