[Zawgyi]

ဥေရာပ သမဂၢ (EU)က အီလက္ထရစ္ကားမ်ားမွာ အသံ သတိေပးစနစ္ထည့္သြင္းရမယ့္ ဥပေဒတစ္ခုကို ၿပီးခဲ့တဲ့ တနလၤာေန႔က ျပဌာန္းလိုက္ပါတယ္။ ဓါတ္ေငြ႕ထုတ္လုပ္မႈ နည္းပါးတဲ့ အီလက္ထရစ္ကားမ်ားဟာ အသံဆူညံမႈလည္း အရမ္းကို နည္းပါးပါတယ္။ လမ္းသြားလမ္းလာမ်ားက ကားဟာ သူတို႔ အနားေရာက္လာတာကို မသိႏိုင္တဲ့ အတြက္ အႏၱရာယ္မ်ား ပါတယ္။

အဲဒီအတြက္ ေလးဘီးတပ္ အီလက္ထရစ္ ကားအသစ္အားလံုးမွာ ေလာင္စာဆီ ကားအင္ဂ်င္က ထြက္တဲ့ အသံလိုမ်ိဳးထုတ္လႊင့္ေပးတဲ့ ကိရိယာကို တပ္ဆင္ရမွာ ျဖစ္ပါတယ္။ အဲဒီ စနစ္ကို Acoustic Vehicle Alert System (Avas) လို႔ အမည္ေပးထားၿပီး ကားေနာက္ဆုတ္တဲ့ အခ်ိန္ သို႔မဟုတ္ တစ္နာရီလွ်င္ ၁၂ မိုင္ႏႈန္း ( တစ္နာရီလွ်င္ ၁၉ ကီလိုမီတာ)နဲ႔ ေမာင္းႏွင္ခ်ိန္မ်ားမွာ Avas က အသံထုတ္လႊင့္ေပးရမွာ ျဖစ္ပါတယ္။

EU က “ ကား ေနာက္ဆုတ္တဲ့ အခါ၊ ကား ျဖည္းျဖည္း ေမာင္းတဲ့ အခါမ်ားမွာ လမ္းသြားလမ္းလာမ်ား အနားကို ကားေတြ ေရာက္လာတတ္ၾကပါတယ္။ အဲဒီလို အေျခအေနမ်ားမွာ Avas က အသံနဲ႔ သတိေပးမွာပါ။ ယာဥ္ေမာင္းက အဲဒီ အသံ မလိုအပ္ဘူးလို႔ ထင္တဲ့ အခ်ိန္မ်ားမွာ ပိတ္ပစ္ႏုိင္ပါတယ္။ “ လို႔ ေျပာပါတယ္။ ေမာ္ဒယ္ အသစ္မ်ား သာမက ၂၀၂၁ ခုႏွစ္ကစၿပီး အီလက္ထရစ္ ကားအားလံုးမွာ Avas ကို ထည့္သြင္းရမွာပါ။

လမ္းပန္းဆက္သြယ္ေရး ၀န္ႀကီး Michael Ellis က “ သဘာ၀ ပတ္၀န္းက်င္ကို ထိခိုက္ျခင္း မရွိတဲ့ သယ္ယူပို႔ေဆာင္ေရး စနစ္ရဲ႕ အက်ိဳးေက်းဇူးမ်ားကို လူသားအားလံုးကို ခံစားေစခ်င္ပါတယ္။ ဒါေပမယ့္ အျမင္အာရံု မေကာင္းသူမ်ား စိတ္ပူေနရတာကို နားလည္ပါတယ္။ ယခု ဥပေဒ အသစ္က လမ္းသြားလမ္းလာမ်ား ကားလမ္း ျဖတ္ကူးတဲ့ အခါမွာ ယံုၾကည္မႈ ပိုမို ရွိလာေစမွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

Ref : bbc

[Unicode]

လမ်းသွားလမ်းလာများ ဘေးကင်းစေဖို့ အီလက်ထရစ်ကားများမှာ အသံ သတိပေးစနစ်ထည့်မည်

ဥရောပ သမဂ္ဂ (EU)က အီလက်ထရစ်ကားများမှာ အသံ သတိပေးစနစ်ထည့်သွင်းရမယ့် ဥပဒေတစ်ခုကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပြဌာန်းလိုက်ပါတယ်။ ဓါတ်ငွေ့ထုတ်လုပ်မှု နည်းပါးတဲ့ အီလက်ထရစ်ကားများဟာ အသံဆူညံမှုလည်း အရမ်းကို နည်းပါးပါတယ်။ လမ်းသွားလမ်းလာများက ကားဟာ သူတို့ အနားရောက်လာတာကို မသိနိုင်တဲ့ အတွက် အန္တရာယ်များ ပါတယ်။

အဲဒီအတွက် လေးဘီးတပ် အီလက်ထရစ် ကားအသစ်အားလုံးမှာ လောင်စာဆီ ကားအင်ဂျင်က ထွက်တဲ့ အသံလိုမျိုးထုတ်လွှင့်ပေးတဲ့ ကိရိယာကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီ စနစ်ကို Acoustic Vehicle Alert System (Avas) လို့ အမည်ပေးထားပြီး ကားနောက်ဆုတ်တဲ့ အချိန် သို့မဟုတ် တစ်နာရီလျှင် ၁၂ မိုင်နှုန်း ( တစ်နာရီလျှင် ၁၉ ကီလိုမီတာ)နဲ့ မောင်းနှင်ချိန်များမှာ Avas က အသံထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။

EU က “ ကား နောက်ဆုတ်တဲ့ အခါ၊ ကား ဖြည်းဖြည်း မောင်းတဲ့ အခါများမှာ လမ်းသွားလမ်းလာများ အနားကို ကားတွေ ရောက်လာတတ်ကြပါတယ်။ အဲဒီလို အခြေအနေများမှာ Avas က အသံနဲ့ သတိပေးမှာပါ။ ယာဉ်မောင်းက အဲဒီ အသံ မလိုအပ်ဘူးလို့ ထင်တဲ့ အချိန်များမှာ ပိတ်ပစ်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။ မော်ဒယ် အသစ်များ သာမက ၂၀၂၁ ခုနှစ်ကစပြီး အီလက်ထရစ် ကားအားလုံးမှာ Avas ကို ထည့်သွင်းရမှာပါ။

လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Michael Ellis က “ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း မရှိတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ရဲ့ အကျိုးကျေးဇူးများကို လူသားအားလုံးကို ခံစားစေချင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံ မကောင်းသူများ စိတ်ပူနေရတာကို နားလည်ပါတယ်။ ယခု ဥပဒေ အသစ်က လမ်းသွားလမ်းလာများ ကားလမ်း ဖြတ်ကူးတဲ့ အခါမှာ ယုံကြည်မှု ပိုမို ရှိလာစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : bbc