၂၀၃၀ ခုနှစ်မှာ ကားဈေးကွက်ဟာ အကြီးအကျယ် ပြောင်းလဲတော့မှာပါ။ အဲဒီ အချိန်ရောက်ရင် ဗြိတိန်၊ ဂျာမနီ၊ ဟိုင်နန်၊ တရုတ် အပါအဝင် နိုင်ငံကြီးအားလုံးနီးပါးဟာ လောင်စာဆီ သုံးကားတွေ ရောင်းချတာ ရပ်နားပြီး လျှပ်စစ်ကားတွေပဲ ရောင်းတော့မှာပါ။ ဒါ့အပြင် Volkswagen, Audi, Bentley, Rolls Royce, Volvo အပါအဝင် နာမည်ကြီး ကားကုမ္ပဏီတွေက ၂၀၃၀ ခုနှစ်မှာ လောင်စာဆီ သုံးကားတွေ မထုတ်လုပ်တော့ဘူးလို့ ကြေညာထားပါတယ်။

Tesla India Elon Musk Narendra Modi

Elon Musk ဟာ လျှပ်စစ်ကား လောကမှာ ဩဇာကြီးမားသူ ဖြစ်ပြီး သူပြောတဲ့ စကားတွေကို အလေးအနက်ထားစောင့်ကြည့်ရပါတယ်။ နော်ဝေးမှာ ပြုလုပ်တဲ့ ONS Conference မှာ သူက ၂၀၃၀ ခုနှစ်မှာ ကားအားလုံးရဲ့ ထက်ဝက်ဟာ လျှပ်စစ်ကားတွေ ဖြစ်မယ်လို့ ပြောပါတယ်။

Tesla to remain public, says Elon Musk | News | DW | 25.08.2018

IAE ရဲ့ စစ်တမ်းအရ အရင်နှစ်မှာ လျှပ်စစ်ကား ရောင်းအားဟာ ၆.၆ သန်း ရှိပြီး ၂ ဆ မြင့်မားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ လျှပ်စစ်ကား ၁၂၀,၀၀၀ ပဲ ရောင်းချနိုင်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံး ကားရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကထက် လျှပ်စစ်ကား ရောင်းအား ၄ ဆ ပိုများလာတာပါ။

၂၀၂၂ ခုနှစ်ရဲ့ ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း လျှပ်စစ်ကား ၂ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ကွာတား ၁ ထက် ၇၅ ရာခိုင်နှုန်း မြင့်မားလာတာပါ။ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း လျှပ်စစ်ကား ၂.၁၈ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ကွာတား ၂ ထက် ၆၁ ရာခိုင်နှုန်း ပိုများလာပါတယ်။

Ref : gizchina