Samsung Galaxy Watch Active2 ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ရောင်းချခဲ့ပြီး နှလုံးခုန်နှုန်း တိုင်းတာပေးဖို့ လိုအပ်တဲ့ ဆန်ဆာတွေ ပါလာပါတယ်။ ဒါပေမယ့် အဲဒီ ECG Feature ကို ၂၀၂၀ ခုနှစ် ပထမ ကွာတားဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ ထည့်သွင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

အခုတော့ အဲဒီအချိန်ကျော်သွားပြီလို့ ပြောနိုင်ပြီး Galaxy Watch Active2 ရဲ့  ECG Feature အတွက် တာဝန်ရှိသူက “ အဲဒီ Feature ကို ဖန်တီးနေဆဲ ဖြစ်ပြီး နောက်ပိုင်းကျမှ ထည့်သွင်းပေးပါမယ်။ တိကျမှန်ကန်တဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးဖို့အတွက် အချိန်လိုအပ်ပြီး ဝန်ဆောင်မှု စတင် ထည့်သွင်းပေးရင် စားသုံးသူတွေကို အသိပေးမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ECG ဟာ နှလုံးခုန်နှုန်းရဲ့ လျှပ်စစ်စီးကြောင်းကို တိုင်းတာပေးပြီး နှလုံးခုန်တာ ပုံမမှန်တာ ၊ မြန်နေတာကို ဆရာဝန်အား အသိပေးနိုင်ပါတယ်။ ဝတ်ဆင်သူရဲ့ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပြီး အထူးသဖြင့် နှလုံးရောဂါရှိသူတွေအတွက် အရမ်း သင့်တော်ပါတယ်။

Apple Watch Series 4 နဲ့ 5 ဟာ ECG ပါတဲ့ ပထမဆုံး စမတ်နာရီတွေ ဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီနည်းပညာကို Samsung Galaxy Watch Active2 , Xiaomi Smart Watch 2 ECG Edition , OPPO Watch နဲ့ Withings ScanWatch နဲ့ တခြား စမတ်နာရီတွေမှာ ထည့်သွင်းလာကြပါတယ်။

Ref : gsmarena