[Zawgyi]

Electrolux ၏ တစ္ကမာၻလုံးဆိုင္ရာမူဝါဒျဖစ္ေသာ “Swedish Thinking. Better Living” ေဆာင္ပုဒ္ႏွင့္အညီ မိသားစုတိုင္း၏ လူေနမႈအဆင့္အတန္းအတြက္ ဂ႐ုစိုက္မႈမ်ားႏွင့္အတူ ျမန္မာႏိုင္ငံသားမ်ားအတြက္ ကမာၻ႔အဆင့္မီ ဥေရာပအရည္အေသြးျဖင့္ထုတ္ကုန္မ်ား သုံးစြဲႏိုင္ေစရန္ လုပ္ေဆာင္ေပးသြားမည္ျဖစ္သည္။

ႏိုင္ငံတကာအိမ္သုံးလွ်ပ္စစ္ပစၥည္းေဈးကြက္တြင္ ဦးေဆာင္လ်က္ရွိေသာ ဒီဇိုင္းပိုင္းေခတ္မီတင့္တယ္ၿပီး Premium Quality ရွိ ဆြီဒင္ႏိုင္ငံထုတ္ Electrolux အမွတ္တံဆိပ္ထုတ္ကုန္မ်ားကို ျမန္မာ ႏိုင္ငံရွိ သုံးစြဲသူမ်ားအေနျဖင့္ ခ်ိဳသာသည့္ေဈးႏႈန္း၊ ဥေရာပအရည္အေသြးျဖင့္ ေဈးကြက္အတြင္း ယုံၾကည္စြာေ႐ြးခ်ယ္ဝယ္ ယူႏိုင္ၿပီျဖစ္ေၾကာင္း ယေန႔ထုတ္ျပန္ေၾကညာလိုက္သည္။ ဥေရာပအမွတ္တံဆိပ္ျဖစ္ေသာ Electrolux ထုတ္ကုန္မ်ားကို ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္မွ သန္း ၆၀ ေက်ာ္ေသာ အိမ္ရွင္မမ်ားက ေ႐ြးခ်ယ္သုံးစြဲလ်က္ရွိၿပီး လူေနမႈအဆင့္အတန္းကို ပိုမို ေကာင္းမြန္ေစရန္ အထူးျပဳလုပ္ဖန္တီးထားေသာဒီဇိုင္းမ်ားျဖင့္ အဆိုပါ အရည္အေသြးျမင့္ အိမ္သုံးလွ်ပ္စစ္ထုတ္ကုန္မ်ား ကို ျမန္မာႏိုင္ငံသို႔ သယ္ေဆာင္လာခဲ့ၿပီးျဖစ္ေၾကာင္း ထပ္မံေၾကညာလိုက္သည္။

၁၉၁၉ ခုႏွစ္မွစတင္ထုတ္လုပ္ခဲ့ေသာ Electrolux အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ားမွာ ဥေရာပႏိုင္ငံမ်ားတြင္ ႏွစ္ေပါင္း ၁၀၀ တိုင္ ရပ္တည္လာခဲ့ၿပီး ဆန္းသစ္တီထြင္မႈမ်ားအား စဥ္ဆက္မျပတ္ျပဳလုပ္ႏိုင္ခဲ့ကာ အေရွ႕ေတာင္အာရွေဈးကြက္မ်ားအတြင္းသို႔ ေအာင္ျမင္စြာထိုးေဖာက္ႏိုင္ခဲ့ၿပီးျဖစ္သည့္အျပင္ လက္ရွိတြင္လည္း ျမန္မာႏိုင္ငံေဈးကြက္အတြင္းသို႔ အရည္အေသြးႏွင့္ ဝန္ေဆာင္မႈအပိုင္းတြင္ အာမခံခ်က္အျပည့္အဝရွိသည့္ Professional Distribution Company ျဖစ္ေသာ MEDG Groups Co., Ltd မွတဆင့္ ခ်ဲ႕ထြင္ဝင္ေရာက္လာခဲ့ၿပီျဖစ္သည္။

Electrolux Thailand Company Limited ၏ International Market Business Manager ျဖစ္သူ Mr. Wijitchai Tangtheerajaroonwong က “ ကြၽန္ေတာ္တို႔ Electrolux ထုတ္ကုန္ေတြက ကမာၻ႔အႏွံ႔အျပားမွာရွိတဲ့ သုံးစြဲသူေတြရဲ႕ လူေန မႈ အဆင့္အတန္းေတြကို ပိုမိုၿပီး အဆင့္ျမႇင့္တင္ေပးႏိုင္မယ့္ အေကာင္းဆုံးေသာနည္းပညာနဲ႔ တီထြင္ဆန္းသစ္မႈ ေတြ၊ ေခတ္မီတဲ့ အသြင္အျပင္ ဒီဇိုင္းေတြ၊ အရည္အေသြးျမင့္ လုပ္ေဆာင္ခ်က္ေတြအျပင္ ေရရွည္အသုံးျပဳႏိုင္ဖို႔ ဥေရာပရဲ႕ နည္းပညာေတြအသုံးျပဳၿပီး ကြၽန္ေတာ္တို႔ရဲ႕ ကတိကဝတ္ေတြကို အေကာင္အထည္ေဖာ္ ျပသေနတာျဖစ္ပါတယ္။” ဟု ေျပာ ၾကားသည္။ လာမည့္ ၃ ႏွစ္မွ ၅ႏွစ္အတြင္း အေရွ႕ေတာင္အာရွေဈးကြက္တြင္ Electrolux ထုတ္ကုန္မ်ားမွာ ေဈးကြက္ အေျခအေနပိုမိုတိုးတက္လာႏိုင္ၿပီး ျမန္မာႏိုင္ငံမွာလည္း အဓိကအားထားရေသာ မဟာဗ်ဴဟာေျမာက္ ေဈးကြက္တစ္ခု ျဖစ္သည့္အေလ်ာက္ သုံးစြဲသူမ်ားအတြက္ စစ္မွန္သည့္ခ်က္ျပဳတ္မႈ အေတြ႕အႀကဳံမ်ားေပးစြမ္းႏိုင္မည့္ မီးဖိုေခ်ာင္သုံး လွ်ပ္စစ္ ပစၥည္းမ်ား၊ အဝတ္အထည္တိုင္း၏ အရည္အေသြးအား ထိန္းသိမ္းေပးႏိုင္မည့္ Laundry Solutions မ်ားအျပင္ သုံးစြဲသူမ်ား ၏ လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိသည့္ အျခားေသာ အိမ္သုံးလွ်ပ္စစ္ပစၥည္းအမ်ိဳးအစားမ်ားစြာကို ထုတ္လုပ္ ျဖန႔္ခ်ိသြား မည္ ျဖစ္သည္။ “တီထြင္ဖန္တီးမႈတိုင္းက ဖန္တီးဖို႔ရာသက္သက္အတြက္ဆိုတာမ်ိဳးမဟုတ္ဘဲ ဒီလိုဖန္တီးလိုက္ျခင္းအားျဖင့္ လူေနမႈအဆင့္အတန္းေတြကို ျမႇင့္တင္ေပးႏိုင္႐ုံသာမက သဘာဝပတ္ဝန္းက်င္ဆိုင္ရာေရရွည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔နဲ႔ သုံးစြဲသူ ေတြရဲ႕ စိတ္ထဲ ထုတ္ကုန္ေတြရဲ႕ အရည္အေသြး တာရွည္ခံေစဖို႔ စတာေတြအျပင္ စီးပြားေရးအဝန္းအဝိုင္းကိုလည္း တိုးတက္ ေအာင္ ေထာက္ပံ့လုပ္ေဆာင္ေပးႏိုင္ဖို႔လည္း လိုအပ္ပါတယ္”ဟု Mr. Wijitchai က ဆက္ေျပာသည္။

အိမ္သုံးလွ်ပ္စစ္ပစၥည္းေဈးကြက္၏ ဦးေဆာင္အမွတ္တံဆိပ္ Electrolux အေနျဖင့္ ၎ထုတ္ကုန္မ်ားအား ျဖန႔္ခ်ိရာ၌ သုံးစြဲ သူမ်ား၏ ခ်က္ျပဳတ္ျခင္းလုပ္ငန္းမ်ားတြင္ အရသာပိုမိုေကာင္းမြန္ေစေရးအတြက္ “Taste Care” ၊ အဝတ္အထည္မ်ား ပိုမို တာရွည္ခံေစေရးအတြက္ “Fabric Care” ႏွင့္ ေကာင္းမြန္ျမင့္မားသည့္ လူေနမႈအရည္အေသြးမ်ားရရွိေစေရးအတြက္ “Well-being” အစရွိေသာ အဓိက စံသတ္မွတ္ခ်က္ျဖင့္ သတ္မွတ္ထုတ္လုပ္ ျဖန႔္ခ်ိလ်က္ရွိသည္။ ၎တို႔အျပင္ ဆန္းသစ္ တီထြင္မႈမ်ား၊ ေခတ္ႏွင့္အၿမဲတမ္းေလ်ာ္ညီတင့္တယ္ေနမည့္ ဒီဇိုင္းအသြင္အျပင္ႏွင့္ သဘာဝပတ္ဝန္းက်င္အတြက္ သင့္ ေလ်ာ္သည့္ ထုတ္ကုန္ပစၥည္းမ်ားလည္းျဖစ္သည္။ ေဈးကြက္ျဖန႔္ျဖဴးေရးအပိုင္းတြင္လည္း အဓိကက်သည့္ ေနရာမ်ားျဖစ္ ေသာ အီလက္ထေရာနစ္ပစၥည္းတင္သြင္းေရာင္းခ်သူမ်ား၊ hypermarket မ်ား၊ ႏိုင္ငံတကာတန္းဝင္ အိမ္ၿခံေျမ ပေရာဂ်က္မ်ားႏွင့္ e-commerce မ်ား အစရွိေသာ ျဖန႔္ခ်ိေရာင္းခ်သည့္ ေနရာတိုင္းတြင္လည္း Electrolux အမွတ္တံဆိပ္ မ်ားကို ျမင္ေတြ႕ႏိုင္မည္ျဖစ္သည္။

“Taste Care” က႑ေအာက္တြင္ မီးဖို၊ အေညႇာ္စုပ္စက္၊ Ovens ၊ မိုက္ခ႐ိုေဝ့ဗ္ႏွင့္ ေရခဲေသတၱာ အစရွိသည့္ ထုတ္ကုန္မ်ား ပါဝင္ၿပီး ေနအိမ္တြင္း အစားအေသာက္မ်ားခ်က္ျပဳတ္ရာ၌ က်န္းမာေရးႏွင့္သင့္ေလ်ာ္ေသာ ဟင္းလ်ာမ်ားရရွိေစရန္ ေထာက္ပံ့ေပးႏိုင္႐ုံသာမက ႏိုင္ငံတကာဟိုတယ္မ်ား၏ ခ်က္ျပဳတ္မႈ အဆင့္အတန္း အရသာအတိုင္းရရွိေစရန္ Electrolux ၏ မီးဖိုေခ်ာင္သုံး လွ်ပ္စစ္ပစၥည္းမ်ားမွ ကူညီေပးသြားမည္ျဖစ္သည္။ “Fabric Care” အတြက္မူ ၿပိဳင္ဖက္ကင္းသည့္ ဥေရာပ နည္းပညာမ်ားျဖင့္ ျဖည့္တင္းထားသည့္ ထုတ္ကုန္မ်ားက သုံးစြဲသူမ်ားအတြက္ အဖိုးတန္အခ်ိန္မ်ားကို ကုန္ဆုံးမႈ သက္သာေစၿပီး ေလွ်ာ္ဖြတ္ရန္မလြယ္ကူသည့္ ဂုဏ္ျဒပ္ရွိေသာ ခ်ည္မွ်င္သုံးအဝတ္အထည္မ်ားႏွင့္ ႏူးညံ့ၿပီး ထိခိုက္ရန္ လြယ္ကူသည့္ လက္လုပ္ခ်ည္မွ်င္အက်ႌမ်ားကိုပင္ ပိုမိုေတာက္ပၿပီး ၾကာရွည္ခံေစမည္ျဖစ္သည္။

Electrolux အေနျဖင့္ ထုတ္ကုန္မ်ားအတြက္ ကုန္ၾကမ္းပစၥည္းမ်ား၊ ဒီဇိုင္းပိုင္းဆိုင္ရာမ်ားကိုသာ အဓိကထား လုပ္ေဆာင္ ေနသည္မဟုတ္ဘဲ စြမ္းအင္အသုံးျပဳမႈႏွင့္ သဘာဝပတ္ဝန္းက်င္လိုက္ေလ်ာညီေထြရွိမႈမ်ားကိုပါ ဦးစားေပး စဥ္းစား လုပ္ေဆာင္ေနသည္လည္းျဖစ္သည္။ Davos တြင္ က်င္းပခဲ့ေသာ ကမာၻ႔စီးပြားေရးဖိုရမ္တြင္ ကုမၸဏီေပါင္း ၁၀၀ ကသာ သဘာဝပတ္ဝန္းက်င္ေရရွည္ဖြံ႕ၿဖိဳးေရးေဆာင္႐ြက္မႈမ်ားကို ကိုယ္စားျပဳေဆာင္႐ြက္ေနသည့္ ကုမၸဏီ ၁.၃ရာခိုင္ႏႈန္းတြင္ ပါဝင္ခဲ့သည္။ ကုမၸဏီေပါင္း ၇,၅၀၀ ေက်ာ္မွာ Corporate Knight ၏ စံသတ္မွတ္ႏႈန္းမ်ားျဖင့္ စကာတင္အဆင့္တြင္ ပါဝင္ ခဲ့သည္။ Electrolux အမွတ္တံဆိပ္မွာမူ ရာသီဥတုေျပာင္းလဲျခင္း၊ ထိခိုက္မႈ ျဖစ္ပြားေစျခင္းတို႔ကို အနည္း ဆုံးေလ်ာ့ခ်ေပးထားၿပီး ကာဗြန္ထုတ္လုပ္မႈနည္းပါးသည့္ ထုတ္ကုန္အမွတ္တံဆိပ္တစ္ခုအျဖစ္ ၂၀၁၉ ခုႏွစ္အတြက္ အျပည္ျပည္ဆိုင္ရာ non-profit CDP မွ ေပးအပ္သည့္ ရာသီဥတုဆိုင္ရာေျပာင္းလဲျခင္းကိုထိန္းသိမ္းကာကြယ္ေပးေသာ ဆုကို ရရွိထားခဲ့သည္။ ထို႔အျပင္ ႏွစ္အလိုက္ေပးအပ္သည့္ RobecvcoSAM’s Sustainability Yearbook အတြက္ ေ႐ႊ အဆင့္ဆုတံဆိပ္ကိုလည္း ရရွိပိုင္ဆိုင္ထားသည္။ Electrolux မွာ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိန္းသိမ္းကူညီသည့္ ေဈး ကြက္ဦးေဆာင္ အိမ္သုံးလွ်ပ္စစ္ထုတ္ကုန္အမွတ္တံဆိပ္တစ္ခုျဖစ္ၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လုပ္မႈကို ၆၆ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ကာ ရာသီဥတုထိန္းသိမ္းျခင္းကို အဓိကဦးတည္ခ်က္ထား ဒီဇိုင္းေရးဆြဲထုတ္လုပ္ထားသည့္ ထုတ္ကုန္မ်ားလည္း ျဖစ္သည္။

ယခုႏွစ္တြင္ ႏွစ္ေပါင္း ၁၀၀ တိုင္ခဲ့ၿပီျဖစ္သည့္ အထိမ္းအမွတ္အေနျဖင့္ “100 years of bonding through sustainable innovation” အမည္ရွိ ကံစမ္းမဲအစီအစဥ္ကို Electrolux မွ ၎ကိုအားေပးသုံးစြဲသူမ်ားအား ေက်းဇူးတုန႔္ျပန္ေသာအားျဖင့္ ျမန္မာေငြ က်ပ္တစ္သိန္းဝယ္ယူသူတိုင္းအတြက္ ဆုႀကီး ၁၀၀ ႏွင့္ အျခားဆုမဲေပါင္းမ်ားစြာ ကံစမ္းႏိုင္မည့္ ကံစမ္းမဲကူပြန္ မ်ားကို ေမတၱာလက္ေဆာင္ျပန္လည္ေပးအပ္သြားမည္ျဖစ္သည္။ အဆိုပါကံစမ္းမဲအစီအစဥ္ကို ယခုလ စက္တင္ဘာ ၁၇ ရက္ေန႔မွ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၂၅ ရက္ေန႔အထိ ေပးအပ္သြားမည္လည္း ျဖစ္သည္။

Electrolux ထုတ္ကုန္မ်ားကို အၿမိဳ႕ ၿမိဳ႕ အနယ္နယ္ရွိ Wai Yan Electronics၊ Living Square ၊ မ်ိဳးသိန္းအီလက္ထေရာနစ္၊ Pro 1 Global Home Center Myanmar ၊ Ocean Super Center ၊ Marketplace by city mart ႏွင့္ ျမန္မာႏိုင္ငံအႏွံ႔အျပား ရွိ အီလက္ထေရာနစ္ ပစၥည္းအေရာင္းဆိုင္မ်ား အားလုံးတြင္ ဝယ္ယူ ရရွိႏိုင္ၿပီျဖစ္သည္။ Electrolux ပတ္သက္၍ထပ္မံ သိရွိလိုပါက Electrolux Myanmar ၏ တရားဝင္ Facebook စာမ်က္ႏွာ https://www.facebook.com/ElectroluxMM/ (သို႔) www.electrolux.co.th (သို႔) ဆားဗစ္စင္တာဖုန္းနံပါတ္ – ၀၉ ၉ ၇၄၀၀၅၀၈၅၀ (သို႔) သုံးစြဲသူဝန္ေဆာင္မႈ စင္တာ ဖုန္းနံပါတ္ – ၀၁-၅၅၆၉၉၇၊ ၀၁-၅၄၄၆၆၄ Ext: ၃၂၃၊ ၃၂၄ သို႔ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

[Unicode]

ဥရောပအမှတ်တံဆိပ် အိမ်သုံးလျှပ်စစ်ပစ္စည်း Electrolux ကို ချိုသာသည့်ဈေးနှုန်းဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ

Electrolux ၏ တစ်ကမ္ဘာလုံးဆိုင်ရာမူဝါဒဖြစ်သော “Swedish Thinking. Better Living” ဆောင်ပုဒ်နှင့်အညီ မိသားစုတိုင်း၏ လူနေမှုအဆင့်အတန်းအတွက် ဂရုစိုက်မှုများနှင့်အတူ မြန်မာနိုင်ငံသားများအတွက် ကမ္ဘာ့အဆင့်မီ ဥရောပအရည်အသွေးဖြင့်ထုတ်ကုန်များ သုံးစွဲနိုင်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

နိုင်ငံတကာအိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက်တွင် ဦးဆောင်လျက်ရှိသော ဒီဇိုင်းပိုင်းခေတ်မီတင့်တယ်ပြီး Premium Quality ရှိ ဆွီဒင်နိုင်ငံထုတ် Electrolux အမှတ်တံဆိပ်ထုတ်ကုန်များကို မြန်မာ နိုင်ငံရှိ သုံးစွဲသူများအနေဖြင့် ချိုသာသည့်ဈေးနှုန်း၊ ဥရောပအရည်အသွေးဖြင့် ဈေးကွက်အတွင်း ယုံကြည်စွာရွေးချယ်ဝယ် ယူနိုင်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ ဥရောပအမှတ်တံဆိပ်ဖြစ်သော Electrolux ထုတ်ကုန်များကို နိုင်ငံပေါင်း ၁၅၀ ကျော်မှ သန်း ၆၀ ကျော်သော အိမ်ရှင်မများက ရွေးချယ်သုံးစွဲလျက်ရှိပြီး လူနေမှုအဆင့်အတန်းကို ပိုမို ကောင်းမွန်စေရန် အထူးပြုလုပ်ဖန်တီးထားသောဒီဇိုင်းများဖြင့် အဆိုပါ အရည်အသွေးမြင့် အိမ်သုံးလျှပ်စစ်ထုတ်ကုန်များ ကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီးဖြစ်ကြောင်း ထပ်မံကြေညာလိုက်သည်။

၁၉၁၉ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့သော Electrolux အိမ်သုံးလျှပ်စစ်ပစ္စည်းများမှာ ဥရောပနိုင်ငံများတွင် နှစ်ပေါင်း ၁၀၀ တိုင် ရပ်တည်လာခဲ့ပြီး ဆန်းသစ်တီထွင်မှုများအား စဉ်ဆက်မပြတ်ပြုလုပ်နိုင်ခဲ့ကာ အရှေ့တောင်အာရှဈေးကွက်များအတွင်းသို့ အောင်မြင်စွာထိုးဖောက်နိုင်ခဲ့ပြီးဖြစ်သည့်အပြင် လက်ရှိတွင်လည်း မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ အရည်အသွေးနှင့် ဝန်ဆောင်မှုအပိုင်းတွင် အာမခံချက်အပြည့်အဝရှိသည့် Professional Distribution Company ဖြစ်သော MEDG Groups Co., Ltd မှတဆင့် ချဲ့ထွင်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

Electrolux Thailand Company Limited ၏ International Market Business Manager ဖြစ်သူ Mr. Wijitchai Tangtheerajaroonwong က “ ကျွန်တော်တို့ Electrolux ထုတ်ကုန်တွေက ကမ္ဘာ့အနှံ့အပြားမှာရှိတဲ့ သုံးစွဲသူတွေရဲ့ လူနေ မှု အဆင့်အတန်းတွေကို ပိုမိုပြီး အဆင့်မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံးသောနည်းပညာနဲ့ တီထွင်ဆန်းသစ်မှု တွေ၊ ခေတ်မီတဲ့ အသွင်အပြင် ဒီဇိုင်းတွေ၊ အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေအပြင် ရေရှည်အသုံးပြုနိုင်ဖို့ ဥရောပရဲ့ နည်းပညာတွေအသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော် ပြသနေတာဖြစ်ပါတယ်။” ဟု ပြော ကြားသည်။ လာမည့် ၃ နှစ်မှ ၅နှစ်အတွင်း အရှေ့တောင်အာရှဈေးကွက်တွင် Electrolux ထုတ်ကုန်များမှာ ဈေးကွက် အခြေအနေပိုမိုတိုးတက်လာနိုင်ပြီး မြန်မာနိုင်ငံမှာလည်း အဓိကအားထားရသော မဟာဗျူဟာမြောက် ဈေးကွက်တစ်ခု ဖြစ်သည့်အလျောက် သုံးစွဲသူများအတွက် စစ်မှန်သည့်ချက်ပြုတ်မှု အတွေ့အကြုံများပေးစွမ်းနိုင်မည့် မီးဖိုချောင်သုံး လျှပ်စစ် ပစ္စည်းများ၊ အဝတ်အထည်တိုင်း၏ အရည်အသွေးအား ထိန်းသိမ်းပေးနိုင်မည့် Laundry Solutions များအပြင် သုံးစွဲသူများ ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် အခြားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးအစားများစွာကို ထုတ်လုပ် ဖြန့်ချိသွား မည် ဖြစ်သည်။ “တီထွင်ဖန်တီးမှုတိုင်းက ဖန်တီးဖို့ရာသက်သက်အတွက်ဆိုတာမျိုးမဟုတ်ဘဲ ဒီလိုဖန်တီးလိုက်ခြင်းအားဖြင့် လူနေမှုအဆင့်အတန်းတွေကို မြှင့်တင်ပေးနိုင်ရုံသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သုံးစွဲသူ တွေရဲ့ စိတ်ထဲ ထုတ်ကုန်တွေရဲ့ အရည်အသွေး တာရှည်ခံစေဖို့ စတာတွေအပြင် စီးပွားရေးအဝန်းအဝိုင်းကိုလည်း တိုးတက် အောင် ထောက်ပံ့လုပ်ဆောင်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်”ဟု Mr. Wijitchai က ဆက်ပြောသည်။

အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက်၏ ဦးဆောင်အမှတ်တံဆိပ် Electrolux အနေဖြင့် ၎င်းထုတ်ကုန်များအား ဖြန့်ချိရာ၌ သုံးစွဲ သူများ၏ ချက်ပြုတ်ခြင်းလုပ်ငန်းများတွင် အရသာပိုမိုကောင်းမွန်စေရေးအတွက် “Taste Care” ၊ အဝတ်အထည်များ ပိုမို တာရှည်ခံစေရေးအတွက် “Fabric Care” နှင့် ကောင်းမွန်မြင့်မားသည့် လူနေမှုအရည်အသွေးများရရှိစေရေးအတွက် “Well-being” အစရှိသော အဓိက စံသတ်မှတ်ချက်ဖြင့် သတ်မှတ်ထုတ်လုပ် ဖြန့်ချိလျက်ရှိသည်။ ၎င်းတို့အပြင် ဆန်းသစ် တီထွင်မှုများ၊ ခေတ်နှင့်အမြဲတမ်းလျော်ညီတင့်တယ်နေမည့် ဒီဇိုင်းအသွင်အပြင်နှင့် သဘာဝပတ်ဝန်းကျင်အတွက် သင့် လျော်သည့် ထုတ်ကုန်ပစ္စည်းများလည်းဖြစ်သည်။ ဈေးကွက်ဖြန့်ဖြူးရေးအပိုင်းတွင်လည်း အဓိကကျသည့် နေရာများဖြစ် သော အီလက်ထရောနစ်ပစ္စည်းတင်သွင်းရောင်းချသူများ၊ hypermarket များ၊ နိုင်ငံတကာတန်းဝင် အိမ်ခြံမြေ ပရောဂျက်များနှင့် e-commerce များ အစရှိသော ဖြန့်ချိရောင်းချသည့် နေရာတိုင်းတွင်လည်း Electrolux အမှတ်တံဆိပ် များကို မြင်တွေ့နိုင်မည်ဖြစ်သည်။

“Taste Care” ကဏ္ဍအောက်တွင် မီးဖို၊ အညှော်စုပ်စက်၊ Ovens ၊ မိုက်ခရိုဝေ့ဗ်နှင့် ရေခဲသေတ္တာ အစရှိသည့် ထုတ်ကုန်များ ပါဝင်ပြီး နေအိမ်တွင်း အစားအသောက်များချက်ပြုတ်ရာ၌ ကျန်းမာရေးနှင့်သင့်လျော်သော ဟင်းလျာများရရှိစေရန် ထောက်ပံ့ပေးနိုင်ရုံသာမက နိုင်ငံတကာဟိုတယ်များ၏ ချက်ပြုတ်မှု အဆင့်အတန်း အရသာအတိုင်းရရှိစေရန် Electrolux ၏ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများမှ ကူညီပေးသွားမည်ဖြစ်သည်။ “Fabric Care” အတွက်မူ ပြိုင်ဖက်ကင်းသည့် ဥရောပ နည်းပညာများဖြင့် ဖြည့်တင်းထားသည့် ထုတ်ကုန်များက သုံးစွဲသူများအတွက် အဖိုးတန်အချိန်များကို ကုန်ဆုံးမှု သက်သာစေပြီး လျှော်ဖွတ်ရန်မလွယ်ကူသည့် ဂုဏ်ဒြပ်ရှိသော ချည်မျှင်သုံးအဝတ်အထည်များနှင့် နူးညံ့ပြီး ထိခိုက်ရန် လွယ်ကူသည့် လက်လုပ်ချည်မျှင်အင်္ကျီများကိုပင် ပိုမိုတောက်ပပြီး ကြာရှည်ခံစေမည်ဖြစ်သည်။

Electrolux အနေဖြင့် ထုတ်ကုန်များအတွက် ကုန်ကြမ်းပစ္စည်းများ၊ ဒီဇိုင်းပိုင်းဆိုင်ရာများကိုသာ အဓိကထား လုပ်ဆောင် နေသည်မဟုတ်ဘဲ စွမ်းအင်အသုံးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်လိုက်လျောညီထွေရှိမှုများကိုပါ ဦးစားပေး စဉ်းစား လုပ်ဆောင်နေသည်လည်းဖြစ်သည်။ Davos တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကုမ္ပဏီပေါင်း ၁၀၀ ကသာ သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို ကိုယ်စားပြုဆောင်ရွက်နေသည့် ကုမ္ပဏီ ၁.၃ရာခိုင်နှုန်းတွင် ပါဝင်ခဲ့သည်။ ကုမ္ပဏီပေါင်း ၇,၅၀၀ ကျော်မှာ Corporate Knight ၏ စံသတ်မှတ်နှုန်းများဖြင့် စကာတင်အဆင့်တွင် ပါဝင် ခဲ့သည်။ Electrolux အမှတ်တံဆိပ်မှာမူ ရာသီဥတုပြောင်းလဲခြင်း၊ ထိခိုက်မှု ဖြစ်ပွားစေခြင်းတို့ကို အနည်း ဆုံးလျော့ချပေးထားပြီး ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ၂၀၁၉ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ non-profit CDP မှ ပေးအပ်သည့် ရာသီဥတုဆိုင်ရာပြောင်းလဲခြင်းကိုထိန်းသိမ်းကာကွယ်ပေးသော ဆုကို ရရှိထားခဲ့သည်။ ထို့အပြင် နှစ်အလိုက်ပေးအပ်သည့် RobecvcoSAM’s Sustainability Yearbook အတွက် ရွှေ အဆင့်ဆုတံဆိပ်ကိုလည်း ရရှိပိုင်ဆိုင်ထားသည်။ Electrolux မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းကူညီသည့် ဈေး ကွက်ဦးဆောင် အိမ်သုံးလျှပ်စစ်ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို ၆၆ ရာခိုင်နှုန်းအထိ လျှော့ချကာ ရာသီဥတုထိန်းသိမ်းခြင်းကို အဓိကဦးတည်ချက်ထား ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ထုတ်ကုန်များလည်း ဖြစ်သည်။

ယခုနှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့ပြီဖြစ်သည့် အထိမ်းအမှတ်အနေဖြင့် “100 years of bonding through sustainable innovation” အမည်ရှိ ကံစမ်းမဲအစီအစဉ်ကို Electrolux မှ ၎င်းကိုအားပေးသုံးစွဲသူများအား ကျေးဇူးတုန့်ပြန်သောအားဖြင့် မြန်မာငွေ ကျပ်တစ်သိန်းဝယ်ယူသူတိုင်းအတွက် ဆုကြီး ၁၀၀ နှင့် အခြားဆုမဲပေါင်းများစွာ ကံစမ်းနိုင်မည့် ကံစမ်းမဲကူပွန် များကို မေတ္တာလက်ဆောင်ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါကံစမ်းမဲအစီအစဉ်ကို ယခုလ စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ပေးအပ်သွားမည်လည်း ဖြစ်သည်။

Electrolux ထုတ်ကုန်များကို အမြို့ မြို့ အနယ်နယ်ရှိ Wai Yan Electronics၊ Living Square ၊ မျိုးသိန်းအီလက်ထရောနစ်၊ Pro 1 Global Home Center Myanmar ၊ Ocean Super Center ၊ Marketplace by city mart နှင့် မြန်မာနိုင်ငံအနှံ့အပြား ရှိ အီလက်ထရောနစ် ပစ္စည်းအရောင်းဆိုင်များ အားလုံးတွင် ဝယ်ယူ ရရှိနိုင်ပြီဖြစ်သည်။ Electrolux ပတ်သက်၍ထပ်မံ သိရှိလိုပါက Electrolux Myanmar ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/ElectroluxMM/ (သို့) www.electrolux.co.th (သို့) ဆားဗစ်စင်တာဖုန်းနံပါတ် – ၀၉ ၉ ၇၄၀၀၅၀၈၅၀ (သို့) သုံးစွဲသူဝန်ဆောင်မှု စင်တာ ဖုန်းနံပါတ် – ၀၁-၅၅၆၉၉၇၊ ၀၁-၅၄၄၆၆၄ Ext: ၃၂၃၊ ၃၂၄ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။