Twitter ဟာ Feature အသစ်တွေနဲ့အတူ အသွင်အပြင်အသစ်လည်း ရရှိလာမယ်လို့ Elon Musk က သူ့ရဲ့ Twitter account ကတစ်ဆင့် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Recommend နဲ့ Follow နှစ်ခုကြား Swiping လုပ်နိုင်တာအပါအဝင်၊ Bookmark button, Long form tweets စတာတွေပါဝင်ကြောင်းကိုလည်း အမြည်းပေးသွားပါသေးတယ်။

Twitter ဟာ Musk ရဲ့ ပိုင်ဆိုင်မှုအောက်ရောက်ပြီးတဲ့နောက် ပြောင်းလဲမှုအတော်များများကို စတင်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ Musk ဟာ Twitter ရဲ့ CEO အဖြစ်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပြီး ပလက်ဖောင်းကို ဦးဆောင်မဲ့ လူသစ်တစ်ယောက် ရှာဖွေနေတာ ဖြစ်ပါတယ်။

Musk ရဲ့ ကြေညာချက်အရ Recommend နဲ့ Follow နှစ်ခုကြား Swiping လုပ်နိုင်တဲ့ လုပ်ဆောင်ချက်ဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ထွက်ရှိလာမယ်လို့ ယုံကြည်ရပါတယ်။ ဒီလုပ်ဆောင်ချက်အကြောင်း Preview လည်း မရှိတာကြောင့် အတိအကျမသိနိုင်သေးပေမဲ့လည်း လက်ရှိ Mobile device တွေမှာ အသုံးပြုနေတဲ့ Timelines ကို Pinned လုပ်ထားသလိုမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဒီ Feature သစ်ဟာ Twitter mobile app တွေအတွက်ပဲ သီးသန့်ဖြစ်မလား၊ ဒါမှမဟုတ် Web အတွက်လည်း ပါဝင်ဦးမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ပိုကြီးတဲ့ UI ပြုပြင်မွမ်းမံမှုရှိကြောင်းလည်း Musk က ပြောခဲ့ပါသေးတယ်။ နောက်တစ်ခုကတော့ Bookmark ခလုတ်တစ်ခုထပ်တိုးဖြင်းဖြစ်ပြီး Musk ရဲ့ အပြောအရ Defacto “silent like” အဖြစ် လုပ်ဆောင်မယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ Long tweet feature ကတော့ ထုတ်ပေးမယ်လို့ ပြောထားတာ ကြာလှပါပြီ။ အခုတော့ တကယ်ထွက်လာတော့မှာပါ။ လာမဲ့ ဖော်ဖော်ဝါရီလ အစောပိုင်းမှာ ရရှိလာမှာဖြစ်ပြီး ဒီ Feature နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း Musk က ထုတ်ဖော်ပြောဆိုထားခြင်းတော့ မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena