Elon Musk ရဲ့ Starlink ဟာ ဂြိုလ်တုတွေကို အသုံးပြုပြီး အာကာသကနေ ကမ္ဘာမြေကို အင်တာနက် ပေးတဲ့ ဝန်ဆောင်မှုကို ဒေသအချို့မှာ ပြုလုပ်ပေးနေပါတယ်။ တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှုပေးဖို့လည်း ကြိုးစားနေပါတယ်။ အာကာသ အခြေပြု အင်တာနက် ဝန်ဆောင်မှုရဲ့ အားနည်းချက် တစ်ခုက အမြန်နှုန်း ဖြစ်ပါတယ်။ အခုတော့ Elon Musk က Starlink ဟာ အလင်းအမြန်နှုန်းနီးပါးလောက်နဲ့ အင်တာနက်မြန်နှုန်းပေးမယ်လို့ အသိပေးလိုက်ပါတယ်။ ဒီလိုလုပ်ဖို့ SpaceX ဟာ Laser တပ်ဆင်ထားတဲ့ ဂြိုလ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းကို ပို့ဆောင်ပေးမှာ ဖြစ်ပြီး မြေပြင်အခြေစိုက် Station တွေကို အသုံးပြုစရာ မလိုတော့ပါဘူး။

လက်ရှိမှာ Starlink ဟာ ဂြိုလ်တုနဲ့ မြေပြင် အခြေစိုက် Station တွေကို အသုံးပြုပြီး အင်တာနက် ထုတ်လွှင့်ပေးနေတာပါ။ အခုတော့ ကုမ္ပဏီက မြန်နှုန်းပိုကောင်းဖို့ မြေပြင် Station  တွေ အစား Laser နည်းပညာ အသစ်ကို အသုံးပြုဖို့ ကြိုးစားနေပါတယ်။ Musk က Laser ဟာ မြေပြင် Station တွေထက် ၄၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ပြောပါတယ်။

starlink-image

Musk ရဲ့ ပြောဆိုမှုအရ Starlink ဟာ တစ်စက္ကန့်လျှင် ၁၈၀,၈၃၂ မိုင်နှုန်းနဲ့ ဒေတာတွေကို ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပြီး အလင်း အမြန်နှုန်းရဲ့ ၉၇ ရာခိုင်နှုန်း ဖြစ်သွားမှာပါ။

Musk ဟာ အာတိတ်က မြေပြင် Station တွေကို မကြာခင် ဖယ်ရှားပေးမှာ ဖြစ်ပြီး လုံလောက်တဲ့ အမြန်နှုန်းကို ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ SpaceX ဟာ ဒေတာ ပမာဏကို ၃ ဆ ပိုများအောင်နဲ့ Latency ကို 50ms အထိလျော့နည်းသွားအောင် ပြုလုပ်ပေးဖို့ စီစဉ်နေပြီး လာမယ့်လအနည်းငယ်အတွင်း Starlink ဂြိုလ်တုပေါင်း ၁,၂၀၀ ကို အာကာသသို့ လွှတ်တင်ဖို့ ကြိုးစားနေပါတယ်။

Ref : gizmochina