Twitter က သူ့ရဲ့ Subscription ဝန်ဆောင်မှု ဖြစ်တဲ့ Twitter Blue ကနေ iOS User တွေဟာ NFT တွေကို သူတို့ရဲ့ Avatar အဖြစ် သတ်မှတ်နိုင်တယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ထွက်လာပြီး ချက်ချင်း ဆိုသလိုပဲ Tesla CEO Elon Musk က အရင်းအမြစ်တွေကို ဖြုန်းတီးရာရောက်တယ်လို့ ပြောပြီး စိတ်ဘဝင်မကျတာကို ထုတ်ဖော်ပြသလိုက်ပါတယ်။ သူ့ရဲ့ Tweet မှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး Twitter ဟာ Engineering အရင်းအမြစ်တွေကို ဖြန်းတီးနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

Elon Musk

Cryptcurreny လိမ်လည်သူတွေက Twitter မှာ Musk အယောင်ဆောင်တဲ့ ပြဿနာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက် ၂၀၁၈ ခုနှစ်မှာ Twitter က User တွေ Display နာမည်ကို Elon Musk အဖြစ် သတ်မှတ်တာကို ပိတ်ပင်ခဲ့သလို ၂၀၂၁ ခုနှစ် မေလတုန်းကလည်း Musk ပါဝင်မယ့် Saturday Night Live အစီအစဉ် မစတင်ခင် Spam အကောင့်တွေက Musk ရဲ့ Follower တွေကို ပစ်မှတ်ထားခဲ့ဖူးပါတယ်။

Musk ဟာ Cryptocurrency ကို ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် မတ်လမှာ Tesla ဟာ Bitcoin နဲ့ ငွေပေးချေတာကိုလက်ခံမယ်လို့ ကြေညာခဲ့ပေမယ့် မေလမှာတော့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးစေတယ်ဆိုကာ အဲဒီ အစီအစဉ်ကို ရပ်နားခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာ Tesla ဟာ ကား အစိတ်အပိုင်း ဝယ်ယူမှုတချို့အတွက် Dogecoin Cryptocurrency ကို လက်ခံခဲ့ပါတယ်။

တခြား နည်းပညာ ကုမ္ပဏီတွေလိုပဲ Twitter ဟာ NFT လို နည်းပညာ Trend အသစ်တွေမှာ ရင်းနှီးမြှပ်နှံလာပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Twitter က Bitcoin တွေ ပေးပို့၊ လက်ခံ နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးခဲ့ပြီး Cryptocurrency , Blockchain , Decentralized Applications နဲ့ NFT ကို အဓိက ထားမယ့် ဌာန အသစ် ၁ ခုကိုတောင် ကြေညာခဲ့ပါတယ်။

Ref : gizchina