Donald Trump ကို တွစ်တာ ပြန်အသုံးပြုခွင့်ပေးမယ်လို့ Elon Musk က ကြေညာလိုက်ပါတယ်။ Musk က တွစ်တာမှာ လူထုစစ်တမ်းကောက်ယူပြီး အခုလို ဆုံးဖြတ်လိုက်တာပါ။ Trump ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်မယ်လို့ အတည်ပြုလိုက်ပြီး ရက်အနည်းငယ်အတွင်းမှာ @realDonaldTrump အကောင့်နဲ့ Tweet တွေကို ပြန်လည် မြင်လာရပါပြီ။

51.8 percent of respondents responded “yes,” according to Musk’s Twitter. 48.2 percent responded “no.”

တွစ်တာကို ဝယ်ယူလိုက်ပြီးနောက်မှာ Musk က Content Moderation ကောင်စီကို မတည်ထောင်ရသေးခင် ပိတ်ပင်ထားတဲ့ အကောင့်တွေကို ပြန်အသုံးပြုခွင့် မပေးဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့မှာ Musk က ယခင် သမ္မတဟောင်း Trump ကို တွစ်တာ ပြန်အသုံးပြုခွင့်ပေးမလားဆိုတဲ့ လူထုစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။

သမ္မတဟောင်း Trump ကို တွစ်တာ ပြန်အသုံးပြုခွင့်ပေးချင်သူဟာ ၅၂ ရာခိုင်နှုန်းနဲ့ အသုံးပြုခွင့် မပေးချင်သူဟာ ၄၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီ မဲပေးသူတွေထဲမှာ Bot တွေ ဘယ်လောက်ပါသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Musk က အဲဒီ လူထုစစ်တမ်းကို Bot တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

Musk ဟာ တွစ်တာ အကောင့်တွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အတုတွေဖြစ်တယ်လို့ စွပ်စွဲပြီး တွစ်တာကို ဝယ်ယူဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါသေးတယ်။ Musk က ရုရှားနဲ့ ယူကရိန်းနဲ့ ပတ်သက်တဲ့ လူထုစစ်တမ်းရလဒ်တွေအတွက် Bot တွေနဲ့ သက်ဆိုင်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့မှာ လွှတ်တော်ကို Trump ထောက်ခံသူတွေက စီးနင်းတိုက်ခိုက်ခဲ့မှုဟာ Trump ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်လို့ဆိုကာ တွစ်တာက ဇန်နဝါရီလ ၈ ရက်နေ့မှာ Trump ကို ပိတ်ပင်ခဲ့တာပါ။ အခုတော့ Musk တွစ်တာကို ဝယ်ယူပြီးနောက် Trump ဟာ တွစ်တာကို ပြန်ရောက်လာပါပြီ။

Ref : theverge